နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တစ်ချိန်က ဥရောပ ထိပ်တန်း ကလပ် လိုင်ယွန် ဘာကြောင့် တန်းဆင်း ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာလဲ | လီဂူးဝမ်း

ဒီကနေ့ ပြင်သစ် လီဂူးဝမ်း ထိပ်သီး ကလပ် တစ်သင်း ဖြစ်တဲ့ လိုင်ယွန် ကတော့ မနေ့ကပဲ တန်းဆင်း ပြစ်ဒဏ် ချမှတ်ခံလိုက်ရပါတယ်။ လိုင်ယွန်ဟာ ဥရောပရဲ့ အစဉ်အလာကြီးတဲ့ အသင်း တစ်သင်း ဖြစ်ပြီးတော့ ၂၀၀၂ ခုနှစ် ကနေ ၂၀၀၈ ခုနှစ် အထိ လီဂူးဝမ်းမှာ ၇ နှစ် ဆက်တိုက် ဗိုလ်စွဲခဲ့ဖူးပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် ကစားသမားကောင်း များစွာလည်း မွေးထုတ်ပေးခဲ့ဖူးပြီးတော့ ဥရောပ စင်မြင့်ထက်ကို ပို့ဆောင်ပေးခဲ့တဲ့ ကလပ် ဖြစ်ပါတယ်။ ဒါဆို ဒီလို ဥရောပရဲ့ နာမည်ကျော် ထိပ်တန်း ကလပ်က ဘာကြောင့် တန်းဆင်းခဲ့ရတာလဲ။

အကြောင်းရင်း ကတော့ လိုင်ယွန်ဟာ ဘဏ္ဍာရေးဆိုင်ရာ ပြဿနာတွေကြောင့် တန်းဆင်း ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပြီးတော့ ဒီပြစ်ဒဏ် အတွက်တော့ အယူခံဝင်ခွင့် ရှိနေသးတယ်လို့ သိရပါတယ်။ ပြင်သစ် ပရော်ဖက်ရှင်နယ် ဘောလုံးအဖွဲချုပ် (FFF) လက်အောက်က ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေကို စစ်ဆေးရတဲ့ အဖွဲအစည်း DNCG (Direction Nationale du Contrôle de Gestion) က လိုင်ယွန်ရဲ့ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ဘဏ္ဍာရေး အခြေအနေတွေကို စစ်ဆေးမှု ပြုလုပ်ခဲ့ပြီးနောက် အခုလိုပဲ တန်းဆင်း ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

တရားဝင် ဖော်ပြချက်တွေ အရတော့ လိုင်ယွန်ဟာ ယူရို ၁၇၅ သန်းလောက် ကြွေးမြီ ရှိနေတယ်လို့ သိရပါတယ်။ သတင်းတွေမှာတော့ လိုင်ယွန်က ယူရို သန်း ၅၀၀ ကျော် လောက် အထိကို ကြွေးမြီတွေ ရှိနေတယ် ဆိုပြီး ဖော်ပြထားပါတယ်။ ဒါကြောင့် DNCG က ဒီကြွေးမြီတွေကို ဖြေရှင်းဖို အချိန်အတိုင်းအတာ တစ်ခု သတ်မှတ်ပေးခဲ့ပေမယ့်လည်း လီဂူးဝမ်း ကလပ် ကတော့ ဖြေရှင်းနိုင်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။

ဒါကြောင့် DNCG က ဒီကြွေးမြီတွေကို ဖြေရှင်းဖို အချိန်အတိုင်းအတာ တစ်ခု သတ်မှတ်ပေးခဲ့ပေမယ့်လည်း လီဂူးဝမ်း ကလပ် ကတော့ ဖြေရှင်းနိုင်ခဲ့ခြင်း မရှိကြောင်း သိရပါတယ်။
တန်းဆင်း ပြစ်ဒဏ် အတွက် အယူခံဝင်ခွင့် ရှိနေသေးတဲ့ လိုင်ယွန်

လိုင်ယွန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အဆင့် ၆ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တာကြောင့် လာမယ့် ရာသီ ယူရိုပါလိဂ် ဝင်ခွင့် ရရှိထားပါတယ်။ အကယ်၍ လိုင်ယွန်သာ တန်းဆင်းသွားခဲ့ရရင်တော့ စထရက်ဘော့ဂ်က ယူရိုပါလိဂ် ကစားခွင့်ရသွားမှာ ဖြစ်ပြီး လန်းစ် ကတော့ ယူရိုပါကွန့်ဖရင့်လိဂ် ကစားခွင့် ရရှိမှာ ဖြစ်ပါတယ်။ လိုင်ယွန်ဟာ ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ် မှာလည်း ကွာတားဖိုင်နယ် အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီးတော့ ယူနိုက်တက်ကို ကျော်ဖြတ်နိုင်ဖို့ အထိပါ နီးစပ်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လိုင်ယွန်ရဲ့ အယူခံဝင်မယ့် အခြေအနေကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ပြင်သစ် ဘောလုံးလောကမှာ ထိပ်တန်း ကလပ် တစ်ခုက ဘဏ္ဍာရေး ပြဿနာတွေကြောင့် တန်းဆင်း ပြစ်ဒဏ်ချမှတ်ခံရတာ ပထမဦးဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ယခင် ကလည်း ပြင်သစ် ထိပ်တန်း ကလပ် တစ်ခု ဖြစ်တဲ့ ဘော့ဒိုး အသင်းဟာ အခုလို ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန် ကတည်းက ဘော့ဒိုးဟာ တောက်လျောက် နိမ့်ပါးသွားပြီးတော့ လက်ရှိမှာ ပြင်သစ်ရဲ့ Tier 4 အဆင့်သာ ရှိတဲ့ National 2 အထိ ရောက်ရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါတောင် ဘော့ဒိုးဟာ ပြင်သစ် လီဂူးဝမ်း ချန်ပီယံဆုကို ၆ ကြိမ် ရရှိထားပြီး တခြားသော ပြည်တွင်း ဖလားတွေလည်း ရရှိထားတဲ့ အသင်း ဖြစ်ပါတယ်။

ဒီတော့ လိုင်ယွန် အနေနဲ့ အယူခံဝင်ပြီးနောက် လီဂူးဝမ်းမှာ ဆက်လက် ကစားခွင့်ရမလား။ ဒါမှမဟုတ် လီဂူး တူးကို ဆင်းရမလား။ ဒါမှမဟုတ် ဘော့ဒိုး လိုမျိုးပဲ အဆိုးရွားဆုံး အခြေအနေတွေ အထိ ရောက်ရှိသွားမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်