နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရှုံးပွဲမရှိ ရလဒ်တွေနဲ့ ဗိုလ်လုပွဲကို နှစ်နှစ်ဆက် တက်ရောက်လာခဲ့ကြတဲ့ ရန်ကုန်နဲ့ ရှမ်း | MNL League Cup

၂၀၂၅ ခုနှစ်ရဲ့ MNL League Cup ဗိုလ်လုပွဲ မှာတော့ လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက် အသင်းဟာ ရန်ကုန်ယူနိုက်တက် အသင်းနဲ့ နှစ်နှစ် ဆက်တိုက် တွေ့ဆုံကြတော့မှာလည်း ဖြစ်ပါတယ်။ လက်ရှိ မြန်မာနေရှင်လိဂ်ရဲ့ အင်အားအတောင့်တင်းဆုံး အသင်း နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်တာကြောင့် ပရိသတ်တွေလည်း ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြပြီ ဖြစ်ပါတယ်။ 

MNL League Cup ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမနေ့မှာတော့ ရန်ကုန်ယူနိုက်တက်က ရတနာပုံအက်ဖ်စီကို ၁-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲမှာ စောင့်နေခဲ့တာ ဖြစ်ပါတယ်။ ရန်ကန်ယူနိုက်တက် အတွက် အဖွင့်ဂိုးကို သာယာဝင်းထက်က သွင်းယူပေးခဲ့ပြီးတော့ ဒုတိယ ဂိုးကိုတော့ ကောင်းစည်သူနဲ့ တတိယဂိုး တို့ကို အီစိုးက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ရတနာပုံ အက်ဖ်စီ အတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ ပြည့်မိုးက ပွဲချိန် ၃၄ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲ အတွက် အကောင်းဆုံး ကစားသမားဆု ကိုတော့ ရန်ကုန်ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဝါရင့် ကစားသမားကြီး ဒေးဗစ်ထန်းက ရရှိခဲ့ပြီး ဆုတံဆိပ်နဲ့ အတူ ကျပ် ၂ သိန်း ရရှိခဲ့ပါတယ်။ 

အဲဒီနောက် MNL League Cup ဒုတိယနေ့ကို ဇွန်လ ၂၄ ရက်နေ့က ဆက်လက် ကျင်းပခဲ့ရာမှာတော့ လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက် အသင်းက ဧရာ၀တီယူနိုက်တက် အသင်းကို ၂-၀ ရလဒ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ရှမ်းယူနိုက်တက်ဟာ ဧရာဝတီယူနိုက်တက်ကို အမှားအယွင်း မရှိ သက်တောင့်သက်သာ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရှမ်းယူနိုက်တက် အသင်းဟာ ဒုတိယပိုင်း အစမှာ သွင်းယူတဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်သလို ဂိုးတွေ ကိုတော့ ပွဲချိန် ၅၂ မိနစ်မှာ မတ်ခ်ဆာကီနဲ့ ၅၇ မိနစ်မှာ ဂျော်ဒန် ဟာမီလ်တန် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကိုတော့ ရှမ်းယူနိုက်တက်ရဲ့ လူစားဝင် ကွင်းလယ်လူ မာ့ခ် ဆာကီက ရရှိသွားခဲ့ပါတယ်။

MNL League Cup ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပထမနေ့မှာတော့ ရန်ကုန်ယူနိုက်တက်က ရတနာပုံအက်ဖ်စီကို ၁-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲမှာ စောင့်နေခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်လုပွဲကို ရှုံးပွဲ မရှိရလဒ်တွေနဲ့ တက်လှမ်းလာတဲ့ ရန်ကုန်နဲ့ ရှမ်း

ရှမ်းယူနိုက်တက်ရော ရန်ကုန်ယူနိုက်တက်ပါ MNL League Cup နာမည်နဲ့ ပြောင်းလဲ ကျင်းပခဲ့ပြီးနောက် ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက် တက်ရောက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အဖြစ် နောက်ဆုံး ကျင်းပခဲ့တဲ့ ၂၀၁၉ ခုနှစ် မှာလည်း ရန်ကုန်နဲ့ ရှမ်း တို့ပဲ တွေ့ဆုံခဲ့ကြကာ ရန်ကုန်ယူနိုက်တက်က ဗိုလ်စွဲခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ရန်ကုန်ယူနိုက်တက်ဟာ ၃ ကြိမ် အထိ ချန်ပီယံ ဖြစ်ထားပြီးတော့ ဧရာဝတီယူနိုက်တက်နဲ့ အတူ အအောင်မြင်ဆုံး အသင်း အဖြစ် ရပ်တည်နေပါတယ်။ ရှမ်းယူနိုက်တက် ကတော့ ကမ္ဘောဇ နာမည်နဲ့တုန်းက ၂၀၁၃ ခုနှစ်မှာ ချန်ပီယံ တစ်ကြိမ် ဖြစ်ထားပြီး ရှမ်းယူနိုက်တက် နာမည်နဲ့ ကစားချိန်မှာတော့ ၂၀၁၇ နဲ့ ၂၀၂၄ ခုနှစ်မှာ ချန်ပီယံ ၂ ကြိမ် ဖြစ်ထားပါတယ်။

ဒီပြိုင်ပွဲ ကိုတော့ ပြီးခဲ့တဲ့ နှစ်ကမှ MNL League Cup နာမည်နဲ့ ပြောင်းလဲ ကျင်းပခဲ့တာ ဖြစ်ပြီး ဗိုလ်လုပွဲမှာ ရှမ်းယူနိုက်တက်က ရန်ကုန်ယူနိုက်တက်ကို ၁-၀ ရလဒ်နဲ့ အနိုင်ရပြီး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ ဒီနှစ်သင်းဟာ အခုပြိုင်ပွဲကို ရှုံးပွဲ မရှိ ရလဒ် ကိုယ်စီနဲ့ ဗိုလ်လုပွဲ တက်ရောက်လာခဲ့ကြတာ ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်တို့ ပြီးခဲ့တဲ့နှစ်က ရှုံးကြွေးကို ပြန်ဆပ်နိုင်မလား။ ဒါမှမဟုတ် ရှမ်းယူနိုက်တက် ကပဲ စံချိန်သစ်တွေနဲ့ အတူ နှစ်နှစ်ဆက် ချန်ပီယံ ဖြစ်သွားမလား ဆိုတာ ကတော့ ဇူလိုင် ၆ ရက်နေ့မှာ အဖြေထွက်မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်