နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်ချက်စတာယူနိုက်တက်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားတဲ့ အိုနာနာ | ပရီးမီးယားလိဂ်

အန်ဒရီ အိုနာနာ ကတော့ မိုနာကိုရဲ့ စိတ်ဝင်စားခြင်း ခံနေရပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် မှာပဲ ဆက်ရှိနေဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း သိရပါတယ်။ ကင်မရွန်း လက်ရွေးစင် ဂိုးသမားဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်မှာ လက်စွမ်းမပြနိုင်ပဲ ရုန်းကန်ခဲ့ရပြီးနောက် အိုးထရက်ဖို့ဒ်မှာ အနာဂတ် မသေချာတော့ကြောင်း သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ထူးခြားတာက အချက်အလက်တွေ အရ ဆိုရင် အိုနာနာရဲ့ ကာကွယ်မှု ရာခိုင်နှုန်းဟာ ၆၉ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီးတော့ အက်စတွန်ဗီလာ ဂိုးသမား အမ်မီလီယာနို မာတီနက်ဇ်ထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိုနာနာဟာ မာတီနက်ဇ် လိုပဲ ဒီနွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ တခြားသော ကလပ်တွေနဲ့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ မိုနာကိုဟာ သူတို့ရဲ့ ဂိုးသမား ပစ်မှတ် အဖြစ် ကင်မရွန်း လက်ရွေးစင်ကို ချဲလ်ဆီးက ဂျော်ဂျီ ပီထရိုဗစ်နဲ့ အတူ စာရင်းထဲ ထည့်ထားကြောင်း The Guardian က ဖော်ပြထားပါတယ်။

အိုနာနာဟာ လက်ရှိမှာ ၂၀၂၈ ခုနှစ် အထိ ပရီးမီးယားလိဂ် ကလပ် စာချုပ်သက်တမ်း ကျန်ရှိနေပြီးတော့ ဈေးကွက် တန်ကြေး ပေါင်သန်း ၂၀ ကျော် ဝန်းကျင် ရှိနေပါသေးတယ်။
အိုနာနာကို အသင်းမှာ ဆက်ထိန်းထားချင်တဲ့ ရူဘင် အမော်ရင်

ပြင်သစ် သတင်းစာ L’Equipe မှာလည်း မိုနာကိုဟာ သူတို့အသင်းရဲ့ ဂိုးသမား နေရာကို အဆင့်မြှင့်တင်ဖို့ အတွက် အိုနာနာကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားတာ ဖြစ်ကြောင်း သိရပါတယ်။ လီဂူးဝမ်း ကလပ်ဟာ လက်ရှိ ဂိုးသမားတွေ ဖြစ်တဲ့ ရာဒို ဆလော့တ် မာဒက်စကီနဲ့ ဖီးလစ် ကိုဟန် တို့ထက် ပိုကောင်းတဲ့ ဂိုးသမားကို ရှာဖွေနေပြီးတော့ အိုနာနာကို ပစ်မှတ် အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ မိုနာကိုရဲ့ နောက်ထပ် ပစ်မှတ် ဖြစ်တဲ့ ပီထရိုဗစ် ကတော့ စထရက်ဘော့ဂ်မှာ အငှားနဲ့ သွားရောက် ကစားပြီး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နည်းပြ အန်ဇို မာရက်စ်ကာရဲ့ အနာဂတ် အစီအစဉ်ထဲမှာ မပါဝင်တော့ကြောင်း သိရပါတယ်။ သတင်းတွေအရ ဆိုရင် မိုနာကိုဟာ ယူနိုက်တက် ကစားသမားဟောင်း ဒါးဗစ် ဒက်ဟဲယားကို စဉ်းစားခဲ့သေးပေမယ့် စပိန်သားက ဖီအိုရင်တီးနားနဲ့ စာချုပ်သစ် ချုပ်ဆို သွားခဲ့တာကြောင့် တခြားသော ပစ်မှတ်တွေကို ကြိုးပမ်းနေခဲ့ရတာ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း သတင်းတွေအရ ဆိုရင်တော့ အိုနာနာက ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်မှာ ဆက်နေဖို့သာ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ESPN ကတော့ နည်းပြ ရူဘင် အမော်ရင် အနေနဲ့ အိုနာနာကို နံပါတ် ၁ ဂိုးသမား အဖြစ် အသုံးပြုဖို့ မသေချာသေးပေမယ့် အသင်းမှာ သေချာပေါက် ဆက်ထိန်းထားဖို့ ဆုံးဖြတ်ထားကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ ဂိုးသမား တစ်ဦး ခေါ်ယူဖို့ အလားအလာ ရှိတဲ့ နောက်ဆက်တွဲ ချိတ်ဆက်မှုတွေ ရှိနေပြီး အက်စတွန်ဗီလာက အမ်မီ မာတီနက်ဇ် ကလည်း ယူနိုက်တက်ဆီ ကိုယ်တိုင် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အိုနာနာဟာ လက်ရှိမှာ ၂၀၂၈ ခုနှစ် အထိ ပရီးမီးယားလိဂ် ကလပ် စာချုပ်သက်တမ်း ကျန်ရှိနေပြီးတော့ ဈေးကွက် တန်ကြေး ပေါင်သန်း ၂၀ ကျော် ဝန်းကျင် ရှိနေပါသေးတယ်။ အကယ်၍ မိုနာကိုသာ အန်ဒရေ အိုနာနာကို ခေါ်ယူချင်ရင်တော့ အနည်းဆုံး ပေါင်သန်း ၃၀ ဝန်းကျင် သုံးစွဲသွားရဖို့ ရှိနေပါတယ်။ မိုနာကိုဟာ ဒီနွေရာသီမှာ ငွေသုံးကြမ်းဖို့ ပြင်ဆင်နေပြီးတော့ ကစားသမား အများအပြား ခေါ်ယူသွားဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်