ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူညက်ဇ် ကတော့ စီးရီးအေ ချန်ပီယံ နာပိုလီဆီ ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်ပြီလို့ သိရပါတယ်။ နောက်ဆုံးရ သတင်းတွေအရ ဆိုရင်တော့ နာပိုလီဟာ ဥရုဂွေးသားကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အတွက် မကြာခင်မှာ လစ်ဗာပူးလ်နဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားဖို့ ရှိနေကြောင်းလည်း သိရပါတယ်။
ဘင်ဖီကာမှာ ခြေစွမ်းပြခဲ့သလောက် ပရီးမီးယားလိဂ်မှာ ရုန်းကန်နေခဲ့ရတဲ့ နူညက်ဇ်ဟာ ဒီနွေရာသီမှာ အန်ဖီးလ်ကို သေချာပေါက် စွန့်ခွာဖို့ ရှိနေသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နူညက်ဇ်ဟာ လာလီဂါ၊ စီးရီးအေ ကလပ်တွေနဲ့ တောက်လျောက် သတင်းတွေ ထွက်နေခဲ့ပြီး ဘယ်အသင်းကို ပြောင်းရွှေ့မယ် ဆိုတာတော့ အတိအကျ မသိခဲ့ရပါဘူး။ လက်ရှိမှာတော့ ဖာဘရီဇီယို ရိုမာနိုက နူညက်ဇ်ဟာ နည်းပြ အန်တိုနီယို ကွန်တီရဲ့ ပရောဂျက်ကို သဘောကျပြီးနောက် နာပိုလီကို ပြောင်းရွှေ့ဖို့ အတွက် ကနဦး သဘောတူညီမှု ရခဲ့ကြောင်း အတည်ပြုထားပါတယ်။ ဆက်လက်ပြီး ရိုမာနိုက ဒီအပြောင်းအရွှေ့ အတွက် ကစားသမားနဲ့ ကလပ် နှစ်သင်း အကြား ငွေကြေးပိုင်းဆိုင်ရာ သဘောတူညီချက်တွေ အဆင်ပြေဖို့သာ ညှိနှိုင်းရတော့မှာ ဖြစ်ကြောင်းလည်း ပြောကြားထားပါတယ်။
နည်းပြ အာနေး ဆလော့တ် ကတော့ နူညက်ဇ်ကို သူ့ရဲ့ အနာဂတ် အစီအစဉ်မှာ အဓိက တိုက်စစ်မှူး အဖြစ် ထည့်သွင်းထားခြင်း မရှိတော့တာကြောင့် ဒီနွေရာသီမှာ မဖြစ်မနေ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပုံရပါတယ်။ နူညက်ဇ်ကို ဥရောပ ကလပ်တွေ အပြင် ဆော်ဒီပရိုလိဂ် ကလပ်တွေ ကလည်း စိတ်ဝင်စားနေပေမယ့် ကစားသမား ကတော့ ဥရောပမှာသာ ဆက်လက် ကျင်လည်လိုနေပါတယ်။ နည်းပြ အန်တိုနီယို ကွန်တီရဲ့ နာပိုလီ ကတော့ အဓိက တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားတာကြောင့် နူညက်ဇ်ကို အဓိက ကစားသမား အဖြစ် အစားထိုးဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

တစ်ဖက် မှာလည်း လစ်ဗာပူးလ်က နူညက်ဇ် အတွက် သူတို့ ခေါ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး အတိုင်း နီးပါး ပြန်လည် အလိုရှိနေပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ နူညက်ဇ်ကို ဘင်ဖီကာ ကနေ ပေါင် ၈၅ သန်း ပေးချေကာ ခေါ်ယူခဲ့ရပြီး မြင့်မားတဲ့ လုပ်ခလစာလည်း ပေးချေနေရတာ ဖြစ်ပါတယ်။ သေချာတာ ကတော့ သူတို့ အသင်းမှာ Flop သွားတဲ့ ကစားသမား အတွက် ပေါင် ၈၅ သန်းလုံး ပြန်ရဖို့ ဆိုတာ မဖြစ်နိုင်ပေမယ့် အရှုံး အနည်းဆုံး ဖြစ်အောင်တော့ ကြိုးစားသွားမယ့် သဘောရှိပါတယ်။ လက်ရှိမှာ နူညက်ဇ်ရဲ့ အပြောင်းအရွှေ့ဟာ အပေါင်း လက္ခဏာဆောင်နေပြီး ဥရုဂွေးသား တစ်ယောက် နေပဲလ်ကို ရောက်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်။ အဓိက ကတော့ ကလပ် နှစ်သင်း အကြား ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာ ပေးချေမှု ပုံစံ ညှိနှိုင်းရမှာ ဖြစ်ပြီး အဆင်ပြေနိုင်ဖွယ်လည်း ရှိနေပါတယ်။
ဒါဝင် နူညက်ဇ်ဟာ လာလီဂါ ကလပ် အဲလ်မီးရီးယားမှာ ကစားခဲ့ဖူးပေမယ့် ပေါ်တူဂီ ကလပ် ဘင်ဖီကာ အရောက်မှာတော့ စတင် ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။ နူညက်ဇ်က ဘင်ဖီကာမှာ ပြိုင်ပွဲစုံ ၈၅ ပွဲ ကစားပြီး ၄၈ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် လစ်ဗာပူးလ်က ကလော့ပ် လက်ထက်မှာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးပေးပြီး အရ ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း အန်ဖီးလ်ကို ရောက်ရှိချိန်မှာတော့ နူညက်ဇ်က သူ့ရဲ့ အံ့အားသင့်ဖွယ် လွဲချော်မှုတွေကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင် ဝေဖန်မှုတွေ ခံခဲ့ရပြီး အသင်းပြောင်းဖို့သာ စဉ်းစားနေခဲ့ရတာ ဖြစ်ပါတယ်။ နူညက်ဇ်က လစ်ဗာပူးလ် မှာတော့ ၃ ရာသီ အတွင်း ပြိုင်ပွဲစုံ ၁၄၃ ပွဲ ကစားပြီး ဂိုး ၄၀ သွင်းယူထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.