နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချဲလ်ဆီးရဲ့ ကျောနံပါတ် ၉ ကျိန်စာ အပေါ် ယုံကြည်မှု မရှိတဲ့ လီယမ် ဒီလက်ပ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ နံပါတ် ၉ တိုက်စစ်မှူး ကျိန်စာမိနေတဲ့ အသင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ ကျောနံပါတ် ၉ ကို ရွေးချယ်ထားခဲ့တဲ့ တိုက်စစ်မှူးသစ် လီယမ် ဒီလက်ပ် ကတော့ ဒီကိစ္စကို လက်မခံပဲ နံပါတ် တစ်ခုသာ ဖြစ်ကြောင်း တခြား ဘာအဓိပ္ပာယ်မှ မရှိကြောင်း ပြောကြားလာခဲ့ပါတယ်။

ဒီလက်ပ် ကတော့ ပြီးခဲ့တဲ့ ရာသီက အစ်ပ်ဆွစ်ချ်တောင်းနဲ့ အတူ ကောင်းမွန်တဲ့ ပရီးမီးယားလိဂ် ရာသီကို ဖြတ်သန်းခဲ့ပြီးနောက် ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ရဲ့ အလိုရှိဆုံး တိုက်စစ်မှူးတွေ ထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။ အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ အစ်ပ်ဆွစ်ချ်တောင်း အတွက် ပရီးမီးယားလိဂ် ၃၇ ပွဲ ကစားပြီး ၁၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့် သူ့ရဲ့ အသင်း ကတော့ ရာသီကုန်မှာ တန်းဆင်းသွားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပတ္တမြားမှန်လို့ နွံမနစ်ခဲ့တဲ့ ဒီလက်ပ်ကို မန်ချက်စတာယူနိုက်တက်၊ အဲဗာတန်၊ နယူးကာဆယ် ယူနိုက်တက်နဲ့ နော့တင်ဟမ်ဖောရက်စ် တို့က စိတ်ဝင်စားခဲ့သလို ကလပ်ဟောင်း မန်ချက်စတာစီးတီး ကလည်း ပြန်လည် ခေါ်ယူဖို့ စဉ်းစားခဲ့ပါသေးတယ်။

ဒီအခြေအနေမှာ ချဲလ်ဆီးက ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင်မှာ ဒီလက်ပ်ကို စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၃၀ ပေးချေကာ လက်ဦးမှု ရယူကာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန် တိုက်စစ်မှူးဟာ အဲလ်အေအက်ဖ်စီကို ၂-၀ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပွဲစဉ်မှာ ချဲလ်ဆီဂ အတွက် ပထမဦးဆုံး ပွဲထွက် ကစားခွင့် ရရှိခဲ့ပြီး အင်ဇို ဖာနန်ဒက်ဇ်ရဲ့ သွင်းဂိုး အတွက် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီလက်ပ်က ဖလာမင်ဂိုနဲ့ ပွဲစဉ် မှာတော့ ရုန်းကန်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးမှာ ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်း ကျောနံပါတ် ၉ ဝတ်ဆင် ကစားခဲ့တဲ့ ဖာနန်ဒို တောရက်စ်၊ ရိုမယ်လူ လူကာကူ၊ အဲလ်ဗားရိုး မိုရာတာ တို့ဟာ ခြေစွမ်းမပြနိုင်ခဲ့ကြပါဘူး။
ချဲလ်ဆီး အတွက် ၂ ပွဲ ကစားပြီး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားတဲ့ လီယမ် ဒီလက်ပ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးမှာ ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်း ကျောနံပါတ် ၉ ဝတ်ဆင် ကစားခဲ့တဲ့ ဖာနန်ဒို တောရက်စ်၊ ရိုမယ်လူ လူကာကူ၊ အဲလ်ဗားရိုး မိုရာတာ တို့ဟာ ခြေစွမ်းမပြနိုင်ခဲ့ကြပါဘူး။ ဒါကြောင့် ပရိသတ်တွေေ ကျောနံပါတ် ၉ ကို ရွေးချယ်ခဲ့တဲ့ လီယမ် ဒီလက်ပ် တစ်ယောက် နောင်တော်ကြီးတွေရဲ့ လမ်းစဉ် အတိုင်း လိုက်မှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။ နည်းပြဟောင်း သောမက်စ် တူချယ် ကလည်း ချဲလ်ဆီးမှာ ကျောနံပါတ် ၉ ကစားသမားတွေဟာ ကျိန်စာမိနေတာ ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် ဩဂုတ်လတုန်းက အခိုင်အမာ ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဒီလက်ပ် ကတော့ အခုလိုမျိုး အယူသီးမှုတွေကို မယုံကြည်ပဲ လူတွေ ထင်မြင်ယူဆထားတာတွေက သူ့ အတွက် ဘာမှအဓိပ္ပာယ် မရှိကြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ဒီလက်ပ်က “ဒါဟာ တိုက်စစ်မှူးတွေနဲ့ သက်ဆိုင်တဲ့ အရာမို့ ကျွန်တော် ရွေးချယ်ခဲ့ပါတယ်။ နေ့ရက်တွေရဲ့ အဆုံး မှာတော့ ကျွန်တော့ရဲ့ ဂျာဆီ နောက်ကျောမှာ နံပါတ် တစ်ခု ရှိနေခဲ့ပါတယ်။ ကျွန်တော့် အတွက် ကတော့ အများကြီး အဓိပ္ပါယ်မရှိပါဘူး။ ဒါက နံပါတ် တစ်ခုပဲလေ။ နံပါတ် ၉ က တိုက်စစ်မှူးတွေနဲ့ အမြဲတမ်း ပတ်သက်နေတော့ ကျွန်တော် ကြိုက်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒီအတွက်လည်း ဖိအား မရှိပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာ လီယမ် ဒီလက်ပ်ရဲ့ ချဲလ်ဆီးက မနက်ဖြန်မှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု D ရဲ့ နောက်ဆုံး ပွဲစဉ် အဖြစ် တူနီးရှား ကလပ် အက်စ်ပီရန်စီ ကျူးနစ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ အကယ်၍ ချဲလ်ဆီး အနေနဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းချင်ရင်တော့ ကျူးနစ်ကို အနိမ့်ဆုံး သရေကစားဖို့ လိုအပ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်