ဇွန်လ ၂၂ ရက်နေ့ အတွက် နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အာဆင်နယ် မန်ချက်စတာယူနိုက်တက် ကတော့ ဘရန့်ဖို့ဒ် တိုက်စစ်မှူး ဘရိုင်ယန် အမ်ဘူမိုကို ခေါ်ယူဖို့ အတွက် ပေါင် ၆၃ သန်း + အပိုဆုကြေးတွေနဲ့ ကမ်းလှမ်းသွားဖို့ ဆန္ဒရှိနေကြောင်း ရူဒီဂါလက်တီက ဖော်ပြခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဆဘက်ရှန် ဗီဒဲလ်ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ကလပ်ဟာ ပေါင် ၆၅ သန်း နဲ့ပဲ နောက်ဆုံး အကြိမ် ကမ်းလှမ်းသွားဖို့ ရှိနေကြောင်း သိရပါတယ်။
တစ်ဖက်မှာလည်း ယူနိုက်တက်ဟာ တခြားသော ဈေးကြီးတဲ့ ပစ်မှတ်တွေကြောင့် ကုန်ကျစရိတ်တွေကို လျှော့ချနိုင်ဖို့ ဖီအိုရင်တီးနား တိုက်စစ်မှူး မွိုက်စ် ကင်းန်ကို စိတ်ဝင်စားမှု မြင့်တက်လာခဲ့ကြောင်း La Gazzetta dello Sport က ဖော်ပြခဲ့ပါတယ်။ အီတလီသားဟာ ဇူလိုင်လရဲ့ ပထမနှစ်ဝက်မှာ စတင် အသက်ဝင်မယ့် ပြောင်းရွှေ့ကြေး အဖြစ် ယူရို ၅၂ သန်း (ပေါင် ၄၄.၅ သန်း) တန်ကြေးသာ ရှိနေတယ်လို့ သိရပါတယ်။
ချဲလ်ဆီး ကတော့ ပြင်သစ် တိုက်စစ်မှူး ရန်းဒဲလ် ကိုလို မူအာနီကို ခေါ်ယူဖို့ အတွက် ပီအက်စ်ဂျီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း L’Équipe က ဖော်ပြခဲ့ပါတယ်။ ဒီကစားသမားကို မန်ချက်စတာယူနိုက်တက် ကလည်း စိတ်ဝင်စားနေပေမယ့် ဆွေးနွေးမှုတွေ မပြုလုပ်ရသေးပါဘူး။
ကိုလို မူအာနီ ကတော့ ဂျူဗင်တပ်စ်ကို အငှားနဲ့ သွားရောက် ကစားနေပြီးနောက် စီးရီးအေ မှာပဲ ဆက်ရှိလိုနေပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီ ကတော့ သူတို့ရဲ့ ကစားသမားကို ပရီးမီးယားလိဂ် ကလပ်တွေဆီ အပြီးသတ် ရောင်းချဖို့ တံခါးဖွင့်ထားကြောင်း TBR Football က ဖော်ပြပါတယ်။

အာဆင်နယ် ကတော့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုနဲ့ ညှိနှိုင်းမှုတွေ ကနေ ဝေးကွာသွားနိုင်ဖွယ် ရှိနေကြောင်း သတင်းတွေက ဖော်ပြပါတယ်။ ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ က အာဆင်နယ် အတွက် ပြဿနာ မရှိပေမယ့်လည်း ကစားသမားရဲ့ လုပ်ခ လစာ တောင်းဆိုမှု ကတော့ ဂန်းနားတွေ မျှော်လင့်ထားတဲ့ ပမာဏထက် အလွန်အမင်း များပြားနေကြောင်း The Sun က ဖော်ပြထားပါတယ်။
Fichajes ရဲ့ ဖော်ပြချက်အရ တော့တင်ဟမ်ဟော့စပါး ကတော့ ဘိုကာ ဂျူနီယာ တိုက်စစ်မှူး မီဂွဲလ် မာရန်တီရယ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီကစားသမား ကတော့ ကလပ် ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေပြီး ဘိုကာဂျူနီယာ ဘက်ကတော့ သူတို့ရဲ့ ကစားသမား အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို တောင်းဆိုဖို့ အဆင်သင့် ဖြစ်နေပါတယ်။
နယူးကာဆယ် ကတော့ နော့တင်ဟမ်ဖောရက်စ်က အန်တိုနီ အီလန်ဂါကို ခေါ်ယူဖို့ အတွက် ဟာဗေး ဘန်းစ်ကို အလဲထပ် အဖြစ် ကမ်းလှမ်းသွားဖို့ ရှိနေကြောင်း TEAMtalk က ဖော်ပြခဲ့သည်။ ဒါ့အပြင် တစ်ဖက် မှာလည်း ငှက်ကြားတွေဟာ အီလန်ဂါရဲ့ အပြောင်းအရွှေ့ အတွက် ရန်ပုံငွေ ရှာဖွေဖို့ ဘန်းစ်ကို အက်စတွန်ဗီလာထံ ရောင်းချဖွယ် ရှိနေပါတယ်။
မန်ချက်စတာစီးတီး တောင်ပံကစားသမား ဂျက် ဂရီးလ်စ်ရှ်ကို ခေါ်ယူပေးဖို့ နာပိုလီ နည်းပြ အန်တိုနီယို ကွန်တီကို ကီဗင် ဒီဘရွန်းနားက တိုက်တွန်းခဲ့ကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ အင်္ဂလန်သားဟာ လာမယ့် နွေရာသီ ကမ္ဘာ့ဖလားမှာ နေရာ တစ်နေရာ ရရှိဖို့ မျှော်လင့်ချက်နဲ့ သိသိသာသာ လုပ်ခလစာ လျှော့ယူသွားဖို့ ရှိနေကြာင်း သိရပါတယ်။ မန်စီးတီးရဲ့ နောက်ထပ် ပစ်မှတ်က ပေါ်တို နောက်ခံလူ မာတင် ဖာနန်ဒက်စ် ဖြစ်နိုင်ကြောင်း TEAMtalk က ဖော်ပြခဲ့ပါတယ်။ ပပ် ဂွါဒီယိုလာရဲ့ အသင်း ကတော့ အသက် 19 နှစ် အရွယ် ကစားသမားကို ခေါ်ယူဖို့ အာဆင်နယ်၊ လေဗာကူဆင်နဲ့ နာပိုလီ တို့က စိတ်ဝင်စားနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.