ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြပြီးတော့ ဒေါ့မန်၊ အင်တာမီလန်၊ ဖလူမီးနန့်စ်တို့ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ပြီး ရေးဗားပလိတ်နဲ့ မွန်တာရေး တို့ကတော့ ဂိုးမရှိ သရေကျခဲ့ပါတယ်။ အခုပွဲ ရလဒ်တွေကြောင့် ဘယ်အသင်းတွေ ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်မလဲ ဆိုတာ အဖြေမထွက်ပေးပေမယ့် အာရှ ကလပ်တွေ ဖြစ်တဲ့ အူရာဝါရက်ဒ်ဒိုင်းမွန်းနဲ့ အူလ်ဆန် ဟွန်ဒိုင်း တို့ကတော့ အုပ်စု အဆင့် ကနေပဲ ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။
မာမယ်လိုဒီဆန်းဒေါင်းစ် ၃-၄ ဒေါ့မန်
အဖွင့်ပွဲမှာ အူလ်ဆန်ဟွန်ဒိုင်းကို ၁ ဂိုးတည်းနဲ့ ကပ်နိုင်ထားခဲ့တဲ့ တောင်အာဖရိက ကလပ် ကတော့ ဒီပွဲမှာ အသင်းကြီး ဒေါ့မန်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပါတယ်။ ဒေါ့မန် ကတော့ ပြီးခဲ့တဲ့ ပွဲမှာ ဖလူးမီးနန့်စ်နဲ့ သရေကျထားလို့ ဒီပွဲကို အားစိုက်လာတာ တွေ့ရပေမယ့်် ပြိုင်ဘက်ရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒေါ့မန်က ခပ်မြန်မြန် ပြန်လာနိုင်ခဲ့ပြီးတော့ ပထမပိုင်းမှာတင်ပဲ ၃ ဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပါတယ်။ အန်မီချာ၊ ဂူရက်ဆီ တို့ ဂိုးသွင်းနိုင်ခဲ့သလို ကစားသမားသစ် ဂျုပ်ဘ် ဘယ်လင်ဟမ် ကလည်း ဒေါ့မန် အတွက် သူ့ရဲ့ ပထမဦးဆုံး သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ဒေါ့မန်က မူဒါအူရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုနဲ့ တစ်ဂိုး ထပ်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ကျန် မိနစ်တွေမှာ မာမယ်လိုဒီဆန်းဒေါင်းစ်ရဲ့ ဖိအားပေး ကစားလာမှုနဲ့ အတူ ဂိုးတွေ ပြန်ပေးခဲ့ရပြီး ၃-၄ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီရလဒ်ကြောင့် အုပ်စု F မှာ ဖလူမီးနန့်စ်၊ ဒေါ့မန်နဲ့ မာမယ်လိုဒီဆန်းဒေါင်းစ်တို့ ၃ သင်းစလုံး ရှုံးထွက်တက်ဖို့ မျှော်လင့်ချက် ရှိသွားခဲ့ပါတယ်။
အင်တာမီလန် ၂-၁ အူရာဝါရက်ဒ်ဒိုင်းမွန်း
အဖွင့်ပွဲမှာ မွန်တာရေးနဲ့ မထင်မှတ်ပဲ သရေကျခဲ့တဲ့ ချီဗူးရဲ့ အင်တာမီလန်က ဒီပွဲမှာလည်း နောက်ကနေ လိုက်ကစားခဲ့ရတာပါ။ ဂျေလိဂ် ကလပ်ရဲ့ ကျစ်လျစ်တဲ့ ခံစစ်နဲ့ ကောင်းမွန်တဲ့ တန်ပြန် တိုက်စစ်တွေကြောင့် အင်တာမီလန်တို့ ခက်ခဲခဲ့ရပါတယ်။ အူရာဝါရက်ဒ်ဒိုင်းမွန်းဟာ ပွဲချိန် ၁၁ မိနစ်မှာ ဝါတာနာဘေးရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရက်ဒ်ဒိုင်းမွန်းဟာ ပွဲချိန် မိနစ် ၈၀ နီးပါး အထိ အနိုင်ရလဒ်ကို ထိန်းထားနိုင်ခဲ့တာပါ။ ဒီအခြေအနေမှာ အသင်းကြီး အသင်းငယ် ကွာဟချက်က သိသာခဲ့ပြီး အင်တာမီလန် အတွက် ချေပဂိုးတွေ ကိုတော့ လော်တာရို မာတီနက်ဇ်နဲ့ နာကျင် အချိန်ပို ၂ မိနစ်မှာ ကာဘိုနီ တို့က သွင်းယူခဲ့လို့ ၂-၁ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ပွဲစဉ် ၂ အပြီးမှာတော့ အင်တာမီလန်က ရေးဗားပလိတ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အုပ် E ရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ရက်ဒ်ဒိုင်းမွန်း တို့ကတော့ ပြိုင်ပွဲ ကနေ ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။
ရေးဗားပလိတ် ၀-၀ မွန်တာရေး

တောင်အမေရိက ကလပ်နဲ့ မြောက်အမေရိက ကလပ် တို့ရဲ့ အားပြိုင်မှု ကတော့ ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာပါတယ်။ ဒီပွဲမှာ ဖလူမီးနန့်စ်က ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် မွန်တာရေး ကတော့ သူ့ရဲ့ ခံစစ်ကောင်းမွန်မှုကို ဆက်လက် ပြသနိုင်ခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ရေးဗားပလိတ် အနေနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ရှုံးထွက်တက်ရေး အင်တာမီလန်နဲ့ ပွဲမှာ ရလဒ်ကောင်းဖို့ လိုအပ်သွားခဲ့ပါတယ်။ ဒါ့အပြင် နှစ်ပွဲဆက် သရေကျခဲ့တဲ့ မွန်တာရေး ကလည်း ကိုရီးယား ကလပ်ကို နောက်ဆုံး ပွဲမှာ အနိုင်ကစားနိုင်ခဲ့ရင်တော့ ရှုံးထွက် တက်ရေး မျှော်လင့်ချက် ရှိနေဦးမှာ ဖြစ်ပါတယ်။
ဖလူမီးနန့်စ် ၄-၂ အူလ်ဆန် ဟွန်ဒိုင်း ဖလူမီးနန့်စ်က ဦးဆောင်လိုက် အူလ်ဆန် ဟွန်ဒိုင်းက ဦးဆောင်လိုက်နဲ့ ပွဲက အကြိတ်အနယ် ရှိခဲ့ပါတယ်။ ပထမပိုင်း ပြီးတဲ့ အချိန်ထိ ကိုရီးယား ကလပ်က ၂-၁ ရလဒ်နဲ့ ဦးဆောင်ထားခဲ့ပေမယ့် ဖလူမီးနန့်စ်က ပွဲချိန် မိနစ် ၆၀ ကျော်မှာ ချေပဂိုး ပြန်သွင်းနိုင်ခဲ့သလို ၈၃ မိနစ်နဲ့ နာကျင်အချိန်ပို မှာတော့ အနိုင်ဂိုးတွေ ထပ်မံ သွင်းယူနိုင်ခဲ့တာကြောင့် ၄-၂ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီပွဲ ရလဒ်ကြောင့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ရှုံးထွက်တက်ရေး ၃ သင်းစလုံး မျှော်လင့်ချက် ရှိသွားခဲ့ပြီး အုပ်စု နောက်ဆုံး ပွဲက အဖြေထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.