အာဂျင်တီးနား လူငယ် တောင်ပံ ကြယ်ပွင့် အလက်ဟန်ဒရို ဂါနာချို ကတော့ ပြည်ပ ကလပ်တွေထက် ပရီးမီးယားလိဂ် မှာပဲ ဆက်လက် ကစားလိုနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဂါနာချိုဟာ ယူနိုက်တက် ကနေ ထွက်ခွာဖို့တော့ သေချာနေပြီးတော့ ဒီနွေရာသီမှာပဲ တခြားသော ကလပ် တစ်ခုကို ပြောင်းရွှေ့ရဖို့ ရှိနေတာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ဂါနာချို အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ အထိ သတ်မှတ်ထားပေမယ့် အခု လက်ရှိမှာတော့ ပေါင် သန်း ၄၀ အထိ လျှော့ချပေးရဖို့ ရှိနေကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ ဂါနာချိုဟာ ပြည်ပ ကလပ်တွေထက် ပရီးမီးယားလိဂ်မှာပဲ ဆက်ကစားချင်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကို သက်သေပြချင်နေကြောင်း သိရပါတယ်။ ဂါနာချိုဟာ နည်းပြ ဖြစ်သူ ရူဘင် အမော်ရင် လက်ထက် မှာတော့ အဆင်မပြေမှုတွေ ရှိနေခဲ့ပြီးတော့ အမော်ရင် ကိုယ်တိုင် ကလည်း ဂါနာချိုကို အသင်းသစ် ရှာဖွေဖို့ အထိ ညွှန်ကြားထားခဲ့ပါတယ်။
အဓိက အကြောင်းအရင်းတွေကို ပြန်ကြည့်မယ် ဆိုရင်တော့ ဂါနာချိုဟာ ပြီးခဲ့တဲ့ လက စပါးကို ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ သူ့ကို လူစားဝင် ကစားသမား အဖြစ် နောက်ကျမှ ထည့်သွင်းခဲ့တဲ့ အမော်ရင်ကို လူသိရှင်ကြား ဝေဖန်ပြောဆိုခဲ့ပါတယ်။ အဲဒီမတိုင်ခင် ကတည်းက အမော်ရင်ဟာ ဂါနာချိုကို ပွဲစဉ် တချို့မှာ ပွဲထွက်လူစာရင်း ကနေ ချန်လှမ်ထားခဲ့ပြီး သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက အဖုအထစ်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူရိုပါလိဂ် ဗိုလ်လုပွဲ အပြီးမှာတော့ ဂါနာချို အနေနဲ့ အိုးထရက်ဖို့ဒ် ကို စွန့်ခွာတော့မယ် ဆိုတဲ့ သတင်းတွေက ပိုပြီး သေချာသွားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် ကတော့ အသက် ၂ဝ အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လက်ရွေးစင်ကို တတ်နိုင်သမျှ အမြန်ဆုံး ရောင်းထုတ်ပြီးတော့ သူ့ဆီက ရတဲ့ ပြောင်းရွှေ့ကြေးကို ကစားသမားသစ်တွေ ခေါ်ယူရာမှာ အသုံးချလိုနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ယူနိုက်တက်က ဂါနာချို အတွက် သူတို့ မူလက လိုချင်နေတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ ကနေ ပေါင် သန်း ၄၀ ဝန်းကျင် အထိ လျှော့ချသွားရဖို့ ရှိနေပါတယ်။ ဂါနာချို ကိုတော့ ပြည်ပ ကလပ်တွေ စီးရီးအေ ကလပ် နာပိုလီ၊ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ် တို့က စိတ်ဝင်စားနေတာပါ။ ပရီးမီးယားလိဂ် ကလပ်တွေထဲ မှာတော့ ချဲလ်ဆီးနဲ့ အက်စတွန်ဗီလာ တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါ့အပြင် ဂါနာချိုက သူ့ရဲ့ ဆရာဟောင်း ရှိရာ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ လေဗာကူဆင်နဲ့လည်း သတင်းတွေ ထွက်ပေါ်နေပါသေးတယ်။ ဒီလို အသင်း ကနေ ထွက်ခွာချင်နေတဲ့ ဂါနာချိုကို ယူနိုက်တက် ဘက်ကသာ ပြောင်းရွှေ့ကြေး အတိအကျနဲ့ အရောင်းစာရင်း တင်လိုက်မယ် ဆိုရင် အသင်း များစွာက တရားဝင် ကမ်းလှမ်းလာဖို့ ရှိနိုင်ပါတယ်။
ဂါနာချိုဟာ ဆယ်ကျော်သက် အရွယ်မှာ အက်တလက်တီကိုမက်ဒရစ် ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး စီနီယာ အသင်းကြီး အတွက် အချိန်တို အတွင်း နေရာရခဲ့သူ ဖြစ်ပါတယ်။ အသက် ၁၈ နှစ် အရွယ်မှာပဲ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ယူနိုက်တက် အတွက် အရေးပါတဲ့ သွင်းဂိုးတွေ ရယူပေးနိုင်ခဲ့တဲ့ ဂါနာချိုက ၂၀၂၃ ခုနှစ် မှာတော့ အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။လက်ရှိ မှာတော့ ကလပ်နဲ့ ကစားသမား နှစ်ဖက်စလုံးက အပြောင်းအရွှေ့ ကိစ္စတွေကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ဂါနာချို ကိုယ်တိုင် ကလည်း သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ လာမယ့်လ ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေ မစတင်ခင် ရှင်းရှင်းလင်းလင်း သိချင်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.