မန်ချက်စတာစီးတီး ကတော့ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ပွဲစတင်ချိန် နောက်ကျတဲ့ ပွဲ ၉ ပွဲ အထိ ရှိခဲ့တာကြောင့် ဒဏ်ကြေး ပေါင် ၁ သန်း ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။ သတင်းတွေအရ ဆိုရင် မန်စီးတီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အောက်တိုဘာလ ကနေ ဖေဖော်ဝါရီလ အတွင်း ပွဲစတင်ချိန် သို့မဟုတ် ပြန်လည် စတင်ချိန်မှာ နောက်ကျတဲ့ ပွဲက ၉ ပွဲ အထိ ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် အက်ဖ်အေက ဒဏ်ကြေး ပေါင် ၁.၀၈ သန်း ချမှတ်ခဲ့ပြီး မန်စီးတီး ကလည်း ပြစ်ဒဏ်ကို လက်ခံသလို သူတို့ရဲ့ လုပ်ရပ် အတွက် တောင်းပန်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ စည်းမျဉ်း အမှတ် L.33 အရ ဘယ်အသင်း မဆို ကောင်းမွန်တဲ့ အကြောင်းပြချက် မရှိဘဲ ပွဲစတင်ချိန် သို့မဟုတ် ဒုတိယပိုင်း ပြန်လည် စတင်ချိန် နောက်ကျရင် အရေးယူခံရမှာ ဖြစ်ပါတယ်။

စစ်ဆေးတွေ့ရှိချက်တွေအရ မန်စီးတီးဟာ အောက်တိုဘာ ၂၆ ရက်က ဆောက်သမ်တန်နဲ့ ကစားတဲ့ အိမ်ကွင်းပွဲမှာ ပြန်လည် စတင်ချိန် ၂ မိနစ် ၁၀ စက္ကန့်၊ နိုဝင်ဘာ ၂၃ ရက် စပါးနဲ့ ကစားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်မှာ ပွဲစတင်ချိန် ၁ မိနစ် ၃၈ စက္ကန့်၊ ဒီဇင်ဘာ ၄ ရက်နေ့က နော့တင်ဟမ်ဖောရက်စ်နဲ့ ကစားတဲ့ အိမ်ကွင်း ပွဲစဉ်မှာ ပြန်လည် စတင်ချိန် ၁ မိနစ် ၅၉ စက္ကန့်၊ ဒီဇင်ဘာ ၇ ရက်နေ့ ပဲလေ့စ်နဲ့ ကစားတဲ့ အဝေးကွင်း ပွဲစဉ်မှာ ပြန်လည် စတင်ချိန် ၁ မိနစ် ၂၉ စက္ကန့်၊ ဒီဇင်ဘာ ၁၅ ရက်က မန်ချက်စတာယူနိုက်တက်နဲ့ ကစားတဲ့ အိမ်ကွင်း ပွဲစဉ်မှာ ပွဲစတင်ချိန် ၂ မိနစ် ၂၄ စက္ကန့်၊ ဒီဇင်ဘာ ၂၁ ရက်က အက်စတွန်ဗီလာနဲ့ ကစားတဲ့ အဝေးကွင်း ပွဲစဉ်မှာ ပွဲပြန်လည် စတင်ချိန် ၂ မိနစ် ၉ စက္ကန့်၊ ဇန်နဝါရီလ ၄ ရက်နေ့က ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်မှာ ပွဲပြန်လည် စတင်ချိန် ၁ မိနစ် ၄၂ စက္ကန့်၊ ဇန်နဝါရီ ၁၉ ရက်က အစ်ပ်ဆွစ်ချ်တောင်းနဲ့ ကစားခဲ့တဲ့ အဝေးကွင်း ပွဲစဉ်မှာ ပွဲပြန်လည် စတင်ချိန် ၂ မိနစ် ၂၂ စက္ကန့်၊ ဖေဖော်ဝါရီ ၁၅ ရက်က နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်မှာ ပွဲပြန်လည် စတင်ချိန် ၁ မိနစ် ၄၂ စက္ကန့် နောက်ကျခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ယခင် ၂၀၂၂-၂၀၂၃ နဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ တွေမှာလည်း အလားတူ ပွဲစဉ် ၂၂ ပွဲမှာ ပွဲစတင်ချိန် သို့မဟုတ် ပြန်လည် စတင်ချိန် နောက်ကျလို ပေါင် ၂ သန်း ဒဏ်ကြေး ချမှတ်ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့်လည်း သတင်းတွေအရ အခုဖြစ်စဉ်ဟာ မန်စီးတီး ရင်ဆိုင်နေရတဲ့ ပရီးမီးယားလိဂ်ရဲ့ စွဲချက် ၁၁၅ ခုနဲ့ သက်ဆိုင်ခြင်း မရှိပဲ သီးခြား ဖြစ်ကြောင်း သိရပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် စွဲချက် ၁၁၅ ခု အတွက် အမှုရင်ဆိုင်နေရပြီး ကြားနာမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ အဲဒီ ၁၁၅ မှု အတွက် ကိုတော့ ရာသီသစ် မစတင်ခင် အမိန့်ချမှတ်ဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။
တချို့ ကတော့ မန်စီးတီးဟာ ဒီအမှုတွေ အတွက် အယူခံဝင်နိုင်ဖို့ ရှိနေသလို အမှုအားလုံး အတွက် ပြစ်ဒဏ်တွေ ကိုလည်း တစ်ပေါင်းတစ်စည်းထဲ ကျခံရမှာ မဟုတ်ကြောင်း သုံးသပ်နေကြပါတယ်။ ဒါပေမယ့်လည်း သေချာတာ ကတော့ ဒီအမှုတွေ အတွက်သာ အမိန့်ချမှတ်ခံခဲ့ရရင်တော့ မန်စီးတီး အတွက် အတိုင်းအတာ တစ်ခု အထိ သက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.