ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် ကတော့ ဂျာမန် ကွင်းလယ် တိုက်စစ် ကစားသမား ဖလော်ရီယန် ဝစ်ဇ်ကို ကနဦး ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ + အပိုဆုကြေး ပေါင် ၁၆ သန်းနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ဝစ်ဇ်ကို ခေါ်ယူဖို့ အစောပိုင်း ကတည်းက သဘောတူညီမှု ရရှိထားခဲ့တာ ဖြစ်ပြီး အခုဆိုရင်တော့ တရားဝင် ကြေညာသွားခဲ့ပြီ ဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာ ဖလော်ရီယန် ဝစ်ဇ်ကို နှစ်ရှည် စာချုပ် ချုပ်ဆိုခဲ့တယ်လို့သာ ဖော်ပြခဲ့ပေမယ့် BBC သတင်းဌာန ကတော့ အနည်းဆုံး ၂၀၃၀ ခုနှစ် အထိ ၅ နှစ် သက်တမ်း ရှိတဲ့ စာချုပ် ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဖလော်ရီယန် ဝစ်ဇ်ဟာ လစ်ဗာပူးလ် အသင်းရဲ့ သမိုင်းမှာ ဈေးအကြီးဆုံး ခေါ်ယူမှု ဖြစ်လာခဲ့ပြီးတော့ အပိုဆုကြေးတွေဟာ အပြည့်အဝ ပေးချေရမယ် ဆိုရင်တော့ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးရှင်လည်း ဖြစ်လာတော့မှာပါ။ သတင်းတွေအရ ဆိုရင်တော့ ဝစ်ဇ်ဟာ တစ်ပတ် လုပ်ခ ပေါင် ၁၉၅၀၀၀ ရရှိမှာ ဖြစ်ပြီးတော့ ဘောနက်စ်တွေပါ ထပ်တိုး ရရှိရင်တော့ သူ့ရဲ့ လုပ်ခလစာက ပေါင် ၂၄၅၀၀၀ အထိ တိုးလာနိုင်ချေလည်း ရှိနေပါတယ်။
လစ်ဗာပူးလ်နဲ့ စာချုပ်မှာ လက်မှတ်ထိုးပြီးနောက် ဖလော်ရီယန် ဝစ်ဇ်က “ကျွန်တော့် အနေနဲ့ နှစ်စဉ် နှစ်တိုင်း ဆုဖလားတွေ အားလုံး လိုချင်ပါတယ်။ အဲဒီ အတွက် ကျွန်တော်တို့ အလုပ် ကြိုးစားရမှာပါ။ ပြီးခဲ့တဲ့ ရာသီက လစ်ဗာပူးလ်က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တယ်။ ဒီတော့ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ပရီးမီးယားလိဂ်ကို ထပ်ယူဖို့နဲ့ ချန်ပီယံလိဂ်မှာ အဆင့်တွေ တတ်နိုင်သလောက် တက်ဖို့ပါပဲ။ ကျွန်တော်က ရည်မှန်းချက် အရမ်း ကြီးမားပါတယ်။ ကျွန်တော့် အနေနဲ့ လစ်ဗာပူးလ်မှာ အကောင်းဆုံး စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဝစ်ဇ်က “ကျွန်တော် အရမ်းပျော်ပြီး ဂုဏ်ယူမိပါတယ်။ နောက်ဆုံးတော့ ပြီးဆုံးသွားပါပြီ။ ကျွန်တော် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရပါတယ်။ နောက်ဆုံးတော့ ပြီးသွားပါပြီ။ ကျွန်တော် တကယ်ကို ပျော်ရွှင်မိပါတယ်။ ကျွန်တော့် အနာတ်မှာ စွန့်စားမှု အသစ် တစ်ခု ရဖို့ အတွက် တကယ်ကို စိတ်လှုပ်ရှားမိပါတယ်။ ဒါက ကျွန်တော့်ရဲ့ အတွေးအမြင်ရဲ့ ကြီးမားတဲ့ အချက် တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော် လုံးဝ အသစ် တစ်ခု ပိုင်ဆိုင်ချင်ပါတယ်၊ ဘွန်ဒက်စ်လီဂါ ကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ်မှာ ပါဝင်ခွင့်ရဖို့ ကျွန်တော် အရမ်းပဲ စိတ်လှုပ်ရှားနေပါတယ်။” လို့ ဆိုပါတယ်။
ဒါ့အပြင် ဝစ်ဇ်က “အဲဒီမှာ ကျွန်တော် ဘယ်လို စွမ်းဆောင်နိုင်မလဲ ဆိုတာ မြင်ရပါလိမ့်မယ်။ အစွမ်းကုန် လုပ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ အဲဒီမှာ ကစားခဲ့တဲ့ ကစားသမား တချို့နဲ့လည်း စကားပြောခဲ့ပြီးပါပြီ။ ဒါက ကျွန်တော့် အတွက် ပြီးပြည့်စုံပါတယ်၊ ဘောလုံးကွင်းတိုင်း ကလည်း ပြီးပြည့်စုံသလို၊ ပွဲစဉ်တိုင်း ကိုလည်း သဘောကျပါတယ်။ ကျွန်တော် ပထမဦးဆုံး ပွဲကို ကစားဖို့ မျှော်လင့်နေမိပါတယ်။” လို့လည်း ဆက်လက် ပြောကြားသွားခဲ့ပါတယ်။
လစ်ဗာပူးလ်နဲ့ သူ့ရဲ့ ကာလတို ပစ်မှတ်တွေ အကြောင်း မေးမြန်းရာမှာတော့ ဝစ်ဇ်က သူ့ရဲ့ ရည်မှန်းချက်တွေကို ဖွင့်ဟလာခဲ့ပါတယ်။ “ကျွန်တော် ဒီကို ပျော်ဖို့ လာတာ မဟုတ်ပါဘူး။ တစ်ခုခု အောင်မြင်ချင်လို့ လာတာပါ။ ပရိသတ်တွေကို သူတို့နဲ့ ထိုက်တန်တဲ့ အရာတွေ ပေးချင်ပါတယ်။ ကျွန်တော်က နှစ်တိုင်း အရာရာတိုင်းကို အနိုင်ယူချင်ပါတယ်။ ဒါက ကျွန်တော့် အတွက် ပိုကောင်းလာဖို့ အခွင့်အလမ်း တစ်ခုလို့ မြင်မိပါတယ်။ ဒါက ကျွန်တော့် အတွက် သင့်တော်တဲ့ နေရာပါပဲ။” လို့ ဝစ်ဇ်က ဆိုပါတယ်။
လစ်ဗာပူးလ် ကတော့ ဒီနွေရာသီမှာ လေဗာကူဆင်က ဂျရယ်မီ ဖရင်ပေါင်နဲ့ ဖလောရီယန် ဝစ်ဇ် တို့ နှစ်ဦးပေါင်း အတွက် ပေါင်သန်း ၁၅၀ ဝန်းကျင် သုံးစွဲထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်က မီလော့စ် ကာကက်ဇ် အပြင် နောက်ထပ် ကစားသမားတွေလည်း ထပ်မံ ခေါ်ယူ အားဖြည့်ဖို့ ရှိနေပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.