ဒီကနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ် ၃ ပွဲမှာ ဘေယန်မြူးနစ်၊ ဘင်ဖီကာ၊ ဖလာမင်ဂိုနဲ့ အက်စ်ပီရန်စီတို့ နိုင်ပွဲ ကိုယ်စီရရှိခဲ့ကြပါတယ်။ ဒါကြောင့် ဘေယန်မြူးနစ်နဲ့ ဖလာမင်ဂို တို့ ရှုံးထွက်အဆင့်ကို တက်လှမ်းဖို့ သေချာသလောက် ရှိသွားခဲ့ပြီး ဘင်ဖီကာ၊ ဘိုကာဂျူနီယာ၊ ချဲလ်ဆီးနဲ့ အက်စ်ပီရန်စီ တို့ကတော့ အုပ်စု နောက်ဆုံးပွဲအထိ ဆက်လက် ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။
ဘင်ဖီကာ ၆-၀ အုတ်ကလန်းစီးတီး
ဘေယန်မြူးနစ်ကို ၁၀ ဂိုး ဂိုးမရှိနဲ့ ရှုံးထားတဲ့ အုတ်ကလန်းစီးတီးတို့ ဒီပွဲမှာ ဘင်ဖီကာကို တတ်နိုင်သမျှ ခံစစ် ပိတ်ကစားခဲ့ပေမယ့် ၆-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါသေးတယ်။ အုတ်ကလန်းစီးတီးဟာ ပထမပိုင်း ပြီးတဲ့အထိ ဘင်ဖီကာကို ၁ ဂိုးတည်းနဲ့ ရှုံးနိမ့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဂိုးတွေ ဆက်တိုက်ပေးခဲ့ရပါတယ်။ ဘင်ဖီကာ အတွက် ဂိုးတွေ ကိုတော့ ဒီမာရီယာ ၂ ဂိုး၊ ပက်ဗ်လီဒစ်၊ ရီနာတို ဆန်းချက်စ်၊ ဘာရီယို ၂ ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် ဘင်ဖီကာက အုပ်စု C ရဲ့ အဆင့် ၂ နေရာကို ရောက်လာပေမယ့် နောက်ဆုံးပွဲမှာ ဘေယန်မြူးနစ်ကို သရေခံကစားနိုင်ဖို့ ဒါမှမဟုတ် ဂိုးပြတ် မရှုံးဖို့ လိုအပ်သလို တစ်ဖက်မှာ ဘိုကာဂျူနီယာ-အုတ်ကလန်းစီးတီး ပွဲရလဒ် ကိုလည်း စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ် ၂-၁ ဘိုကာဂျူနီယာ
အဖွင့်ပွဲမှာ အုတ်ကလန်းစီးတီးကို ၁၀ ဂိုးသွင်းပြီး အနိုင်ရထားတဲ့ ဘေယန်မြူးနစ်တို့ ဒီပွဲမှာလည်း ဘိုကာဂျူနီယာကို သက်တောင့်သက်သာ ကစားပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဘိုကာဂျူနီယာရဲ့ တုန့်ပြန်မှုတွေကြောင့် ပွဲချိန် တချို့မှာ ဘေယန်မြူးနစ်တို့ ရင်ခုန်ခဲရပေမယ့် အဆုံးသတ်မှာတော့ နိုင်ပွဲ ဆက်လက် ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီး အတွက် ဦးဆောင်ဂိုးကို ဟယ်ရီကိန်းက ပွဲချိန် ၁၈ မိနစ်မှာ သွင်းယူခဲ့ပြီး ဒုတိယပိုင်း ၆၆ မိနစ်မှာတော့ ဘိုကာဂျူနီယာတို့ ချေပဂိုး ရခဲ့လို့ ၁-၁ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘေယန်မြူးနစ် အတွက် အနိုင်ဂိုး ကိုတော့ အိုလီဆေးက သွင်းယူပေးခဲ့တာကြောင့် ဘေယန်မြူးနစ်တို့ နှစ်ပွဲဆက် အနိုင်ရခဲ့ပါတယ်။ ပွဲစဉ် ၂ အပြီးမှာ ဘေယန်မြူးနစ်ဟာ ရမှတ် ၆ မှတ်နဲ့ ဖီဖာ ကလပ် 3ကမ္ဘာ့ဖလား အုပ်စု C ကို ဦးဆောင်နေပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဘိုကာဂျူနီယာ ကတော့ အုပ်စု နောက်ဆုံး ပွဲမှာ အုတ်ကလန်းစီးတီးနဲ့ ကစားရမှာ ဖြစ်လို့ ရှုံးထွက် တက်ရောက်နိုင်သေးတယ် ဆိုပေမယ့် အုတ်ကလန်းစီးတီးကို အနည်းဆုံး ၅ ဂိုးနဲ့ အထက် သွင်းယူနိုင်မှသာ မျှော်လင့်ချက် ရှိနိုင်မှာ ဖြစ်ပါတယ်။
ဖလာမင်ဂို ၃-၁ ချဲလ်ဆီး

အုပ်စု D ရဲ့ အသင်းကြီး ၂ သင်း တွေ့ဆုံတဲ့ ပွဲစဉ် ဖြစ်တာကြောင့် မျှော်လင့်ထားတဲ့ အတိုင်း အကြိတ်အနယ်ရှိပြီး ကြည့်ကောင်းခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပက်ဒရို နီတိုရဲ့ ပွဲချိန် ၁၃ မိနစ်မှာ သွင်းယူတဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်း မှာတော့ ဖလာမင်ဂိုရဲ့ တိုက်စစ် တွဲလုံးတွေ အောက်မှာ အမှားတွေ ဆက်တိုက် လုပ်ပြီး ဂိုးတွေ ပြန်ပေးရင်း ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဖလာမင်ဂို အတွက် ဂိုးတွေ ကိုတော့ ၆၂ မိနစ်မှာ ဟင်းနရစ်ခ်၊ ၆၅ မိနစ်မှာ ဒန်နီလိုနဲ့ ၈၃ မိနစ်မှာ ယန် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဦးဆောင်ဂိုး ရရှိခဲ့ပြီးနောက်ပိုင်း ဖလာမင်ဂိုကို နည်းစနစ်ပိုင်းအရ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပဲ ၆၄ မိနစ်မှာ လူစားဝင်လာပြီး ၄ မိနစ် အကြာမှာ အနီကတ်နဲ့ ပြန်ထွက်သွားရတဲ့ နီကိုးလက်စ် ဂျက်ဆန် ကြောင့်လည်း ပိုပြီး အားနည်းသွားခဲ့ရတာပါ။ ဒီရလဒ်ကြောင့် ဖလာမင်ဂိုက အုပ်စု D မှာ ၂ ပွဲ ကစား ရမှတ် ၆ မှတ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီး ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ရှုံးထွက်ကို တက်ချင်ရင် နောက်ဆုံးပွဲမှာ အက်စ်ပီရန်စီကို သရေ သို့မဟုတ် အနိုင်ကစားဖို့ လိုအပ်နေခဲ့ပြီ ဖြစ်ပါတယ်။
အဲလ်အေအက်ဖ်စီ ၀-၁ အက်စ်ပီရန်စီ
အုပ်စု အဖွင့် ပွဲမှာ ပြိုင်ဘက်တွေကို ၂ ဂိုးစီနဲ့ ရှုံးနိမ့်ထားခဲ့တဲ့ ဒီနှစ်သင်း အတွက် အခုပွဲမှာ နိုင်ပွဲ ရဖို့ အရေးပါခဲ့ကြပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ကစားနိုင်ခဲ့ကြတယ် ဆိုပေမယ့် အဲလ်အေအက်ဖ်စီက အနည်းငယ် သာခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲရဲ့ အဆုံးအဖြတ် သွင်းဂိုး ကိုတော့ အက်စ်ပီရန်စီက ရယူနိုင်ခဲ့တာကြောင့် ရှုံးထွက်တက်ရေးလည်း မျှော်လင့်ချက် ရှိသွားခဲ့ပါတယ်။ ၂ ပွဲဆက် ရှုံးထားတဲ့ အဲလ်အေအက်ဖ်စီ ကတော့ ရှုံးထွက် မတက်ရောက်နိုင်တော့ပေမယ့် အက်စ်ပီရန်စီ ကတော့ အုပ်စု နောက်ဆုံး ပွဲမှာ ချဲလ်ဆီးကို အနိုင်ကစားနိုင်ရင်တော့ ရှုံးထွက်တက်ရောက်ခွင့် ရှိနေပါသေးတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေကတော့ တော်တော်လေး နည်းပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.