နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ်ကို ရောက်ရှိချိန်မှ ဘယ်လွန်ဒေါဆုကို စတင် အိပ်မက်မက်ခဲ့တဲ့ ဆာလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် တောင်ပံ တိုက်စစ် ကစားသမား မိုဟာမက် ဆာလာ ကတော့ ၂၀၁၇ ခုနှစ်မှာ အန်းဖီးလ်ကို ပြောင်းရွှေ့ပြီးမှ ဘယ်လွန်ဒေါဆု အတွက် ပထမဦးဆုံး အကြိမ် စတင် တွေးတောမိခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ လက်ရှိမှာ မိုဟာမက် ဆာလာက ပီအက်စ်ဂျီက အူစမန်နီ ဒမ်ဘီလီ၊ ဘာစီလိုနာက လာမင်း ယာမယ်၊ ရာဖင်ညာ တို့နဲ့ အတူ ဒီနှစ် အတွက် ဘယ်လွန်ဒေါဆုကို ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေသူပါ။ 

အီဂျစ် အသင်းခေါင်းဆောင်ဟာ အာနေး ဆလော့တ်ရဲ့ အသင်းနဲ့ ကြယ်ပွင့် ရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီးတော့ ပြိုင်ပွဲစုံ ၅၂ ပွဲမှာ ၃၄ ဂိုး သွင်းယူကာ ၂၃ ဂိုး ဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။ ဆာလာဟာ လစ်ဗာပူးလ်တို့ ၅ နှစ် အတွင်း ဒုတိယအကြိမ်မြောက် အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ခဲ့ရာမှာ အဓိကကျတဲ့ နေရာ ကနေ ပါဝင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဂိုး+ဖန်တီးမှု ၄၇ ကြိမ်နဲ့ အများဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ 

ဒါ့အပြင် ဆာလာဟာ သီယာရီ အွန်နရီ၊ ခရစ္စတီယာနို ရော်နယ်ဒို၊ နီမန်ဂျာ ဗီဒစ်နဲ့ ကီဗင် ဒီဘရွန်းနားတို့ ပြီးရင် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ကြိမ်ထက် ပိုတဲ့ ရာသီအလိုက် အကောင်းဆုံး ကစားသမားဆုကို ရရှိတဲ့ ပဉ္စမမြောက် ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူပါ။ အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆာလာဟာ အွန်နရီနဲ့ အတူ ပရီးမီးယားလိဂ်မှာ ရွှေဖိနပ်ဆု ၄ ကြိမ် ရရှိထားသူ အဖြစ်လည်း မှတ်တမ်းဝင်ထားပြီး ဒီနှစ် အတွက် ဘယ်လွန်ဒေါ ရရှိဖို့ ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။ 

ဒီအခြေအနေနဲ့ ပတ်သတ်လို့ ဆာလာက “တကယ်လို့ ကျွန်တော် ဒီဆု အတွက် အနိုင်ရခဲ့ရင် အရမ်းကောင်းမှာပါ။ အနိုင်မခဲ့ရင်လည်း ကျွန်တော့်ရဲ့ ကစားသမား ဘ၀က အရမ်းကောင်းမယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆာလာက France Football ကို ပြောကြားခဲ့ပါတယ်။

အခုဆိုရင်တော့ ဆာလာက ပရီးမီးယားလိဂ်နဲ့ အားကစား ကလောင်ရှင်တွေက ပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးထားခဲ့ပြီး ဖြစ်ပါတယ်။
ဘယ်လွန်ဒေါဆု အဆင့် ရပ်တည်မှုမှာ အဆင့် ၅ နေရာ မကျော်ခဲ့တဲ့ မိုဟာမက် ဆာလာ

“ဒါပေမယ့် ဒီပုံရိပ်တွေက ကျွန်တော့်ရဲ့ ခေါင်းထဲမှာ အမြဲတမ်း ရှိနေတယ်။ ကျွန်တော့် လူတွေ အတွက် ဒီဆုကို အနိုင်ရချင်ပါတယ်၊ အဲဒါက ကျွန်တော့် ခေါင်းထဲမှာ စွဲနေပါတယ်။ ကျွန်တော် ငယ်ငယ်တုန်း ကတော့ ခေါင်းထဲမှာ မရှိခဲ့ပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က အီဂျစ်ရဲ့ လမ်းမတွေပေါ်မှာ ကစားခဲ့သူ ဖြစ်လို့ပါ။ ပထမဆုံး အကြိမ် ဖြစ်ပေါ်လာတာက ရာမီ (အဘတ်စ်၊ ဆာလာရဲ့ အေးဂျင့်) က ရောမမှာ မဟုတ်ပဲ လစ်ဗာပူးလ်မှာ ဒီအကြောင်းကို ပြောလာတဲ့အခါ၊ ကျွန်တော် ပိုပြီး ယုံကြည်မှု ရှိလာတယ် ထင်ပါတယ်။ မကြာသေးတဲ့ နှစ်တွေ အတွင်း ဒီဆုကို အနိုင်ရတဲ့သူတွေ အများအပြားက အသက် ၃၀ ကျော်တွေပါ။ ပြီးတော့ နောက်ရာသီမှာ လစ်ဗာပူးလ်နဲ့ ချန်ပီယံဆုကို ကာကွယ်ပြီး ချန်ပီယံလိဂ်၊ အီဂျစ်နဲ့ AFCON နဲ့ ကမ္ဘာ့ဖလား တို့မှာ အကောင်းဆုံး ယှဉ်ပြိုင်ပြီး စိတ်လှုပ်ရှားဖို့လည်း ကောင်းမယ်လို့ ကတိပြုပါတယ်။” လို့ ဆာလာက ပြောကြားသွားခဲ့ပါတယ်။

ဘယ်လွန်ဒေါဆုကို နောက်ဆုံး ရရှိခဲ့တဲ့ လစ်ဗာပူးလ် ကစားသမား ကတော့ မိုက်ကယ် အိုဝင် ဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆာလက်ဟာ ၂၀၁၇-၂၀၁၈ လစ်ဗာပူးလ်နဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာ ၃၂ ဂိုး သွင်းယူကာ ၁၀ ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ဆာလာက တစ်ရာသီကို ဂိုးပါဝင် ပတ်သတ်မှု အနည်းဆုံး အကြိမ် ၃၀ ထက် မနည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆာလာဟာ မာဆေးလ်ဆိုက်ဒ် ကလပ်မှာ ၈ နှစ်ကြာ ဖြတ်သန်းခဲ့စဉ် အတွင်း တည်ငြိမ်တဲ့ ခြေစွမ်း ပြသနိုင်ခဲ့ပေမယ့်လည်း ဘယ်လွန်ဒေါဆု အဆင့် ရပ်တည်မှုမှာ အဆင့် ၅ ထက် မပိုခဲ့ပါဘူး။ အခုဆိုရင်တော့ ဆာလာက ပရီးမီးယားလိဂ်နဲ့ အားကစား ကလောင်ရှင်တွေက ပေးအပ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီလို အကောင်းဆုံးဆုတွေ ဆွတ်ခူးထားနိုင်တဲ့ ဆာလာ တစ်ယောက် ဘယ်လွန်ဒေါဆုကို ဆွတ်ခူးနိုင်တဲ့ ဒုတိယမြောက် အာဖရိကန် ဘောလုံးသမား ဖြစ်လာနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သေချာတာက ဆုဖလား အောင်မြင်မှုတွေနဲ့ တိုင်းတာမယ် ဆိုရင်တော့ အီဂျစ်သားကြီး အတွက် ဘယ်လွန်ဒေါဆုက ကံမပါတဲ့ ဇာတာ တစ်ခု ဖြစ်နေဦးမှာပါပဲ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်