နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်ဆီ တိုက်ရိုက် ဆက်သွယ် ကမ်းလှမ်းခဲ့တဲ့ အမ်မီ မာတီနက်ဇ် | ပရီးမီးယားလိဂ်

အက်စတွန်ဗီလာရဲ့ အာဂျင်တီးနား ဂိုးသမား အမ်မီလီယာနို မာတီနက်ဇ် ကတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ အသက် ၃၂ နှစ် အရွယ် ကမ္ဘာ့ဖလား ချန်ပီယံ ဂိုးသမား အမ်မီ မာတီနက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်ထံ ကိုယ်တိုင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့တောင် သိရပါတယ်။

မာတီနက်ဇ်ဟာ အစောပိုင်းမှာ ဗီလာ ကနေ ထွက်ခွာဖို့ အခြေအနေ မရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း နောက်ဆုံး ပွဲစဉ်မှာ စပါး အနိုင်ရပြီးနောက် ပရိသတ်တွေကို မျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့ပါတယ်။ ဒါဟာ အက်စတွန်ဗီလာ ပရိသတ်တွေ အတွက် မမျှော်လင့်ထားတဲ့ အခြေအနေ ဖြစ်သလို ဒီလို နှုတ်ဆက် အပြီးမှာတော့ ဗီလာပါ့ခ်ကို စွန့်ခွာတော့မယ် ဆိုတဲ့ သတင်းတွေ တောက်လျောက် ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက် မာတီနက်ဇ်က ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ အိုးထရက်ဖိုဒ်က ပွဲစဉ် မှာတော့ ဟွိုက်ဂျ်လန်းကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့လို့ အနီကတ် ပြသခံခဲ့ရပါတယ်။ နည်းပြ ဖြစ်သူ အူနိုင်း အမ်မရီ ကတော့ မာတီနက်ဇ် အနေနဲ့ ဗီလာ ကနေ ထွက်ခွာမှာ မဟုတ်ကြောင်း အရိပ်အမြွက် ပြောကြားထားခဲ့ပေမယ့် ယူနိုက်တက်နဲ့ နောက်ဆုံး ပွဲအပြီးမှာတော့ အာဂျင်တိုင်းသားရဲ့ အနာဂတ်တွေကို ပိုပြီး လှုပ်ခတ်လာခဲ့တာ အခုချိန်အထိပါပဲ။

ဗီလာဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ တရားမျှတမှု စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေရပါတယ်။
အမ်မီ မာတီနက်ဇ် အတွက် ပေါင် သန်း ၄၀ ဝန်းကျင် အလိုရှိနေတဲ့ မန်ချက်စတာယူနိုက်တက်

အမ်မီ မာတီနက်ဇ်သာ အက်စတွန်ဗီလာ ကနေ ထွက်ခွာခဲ့မယ် ဆိုရင် ယူနိုက်တက်က ခေါ်ယူဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်နေသလို ကစားသမား ကိုယ်တိုင် ကလည်း အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာပါ။ တစ်ခု ရှိတာက ယူနိုက်တက်ဟာ လက်ရှိ ဂိုးသမား အန်ဒရေ အိုနာနာကို အသင်း ကနေ ထွက်ခွာစေမှာ မဟုတ်သလို ဝါရင့် ဂိုးသမား တွမ် ဟီတန် ကလည်း အသင်းနဲ့ စာချုပ်သက်တမ်း တိုးလိုက်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် မာတီနက်ဇ်သာ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့မယ် ဆိုရင်တော့ အရန် ဂိုးသမား ဘာယင်ဒါ အနေနဲ့ အသင်း ပြောင်းရွှေ့ရဖို့ ရှိနေပါတယ်။

သတင်းတွေအရ အမ်မီ မာတီနက်ဇ်ဟာ ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်ထံ ဆက်သွယ် ကမ်းလှမ်းခဲ့ပြီးတော့ အသင်း ပြောင်းရွှေ့ဖို့ မေးမြန်းခဲ့ကြောင်း သိရပါတယ်။ မာတီနက်ဇ်ဟာ အက်စတွန်ဗီလာနဲ့ ၂၀၂၉ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေတာကြောင့် အကယ်၍ အပြောင်းအရွှေ့ အတွက် ညှိနှိုင်းမယ် ဆိုရင်တော့ ယူနိုက်တက် အတွက် အနည်းငယ် အခက်အခဲ ရှိနေနိုင်ပါတယ်။ မာတီနက်ဇ်ဟာ လက်ရှိမှာ ဈေးကွက် တန်ကြေး ပေါင် ၂၁ သန်း ဝန်းကျင်သာ ရှိနေပေမယ့်လည်း အက်စတွန်ဗီလာ ဘက်ကတော့ ပေါင်သန်း ၄၀ ရရှိမှ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။

အူနိုင်း အမ်မရီရဲ့ အသင်းဟာ သူတို့ရဲ့ အဓိက ဂိုးသမားကို လက်လွှတ်ဖို့ ဆန္ဒမရှိပေမယ့်လည်း အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေအရ မထင်မှတ်ပဲ ရောင်းထုတ်ရဖွယ်လည်း ရှိနေပါတယ်။ ဗီလာဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ တရားမျှတမှု စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေရပါတယ်။ ဒါကြောင့် မာတီနက်ဇ်ကို ရောင်းထုတ်ပြီး အသင်းရဲ့ ဘဏ္ဍာရေးကို အဆင်ပြေအောင် ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်