နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နီကို ဝီလီယမ်စ်ရဲ့ အပြောင်းအရွှေ့ကို မကြာခင်မှာ အဆုံးသတ်နိုင်တော့မယ့် ဘာစီလိုနာ | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ ဘီလ်ဘာအို တောင်ပံ တိုက်စစ် ကစားသမား နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် သတင်းတွေအရ ဆိုရင် ဘာစီလိုနာက နီကို ဝီလီယမ်စ်ကို ၆ နှစ် စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပြီး အပြောင်းအရွှေ့ဟာ မကြာခင်မှာ အဆုံးသတ်တော့မှာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာရဲ့ ကလပ် အမှုဆောင်တွေနဲ့ နီကို ဝီလီယမ်စ်ရဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မကြာသေးခင်ကပဲ ညှိနှိုင်းမှုတွေ အတွက် အစည်းအဝေး များစွာ ပြုလုပ်ခဲ့ကြတာပါ။ လက်ရှိ မှာတော့ ဘာစီလိုနာနဲ့ ဘီလ်ဘာအိုတို့ အကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိတာနဲ့ နီကို ဝီလီယမ်စ်ရဲ့ အပြောင်းအရွှေ့က အပြီးသတ်နိုင်မှာ ဖြစ်ပါတယ်။ ဘီလ်ဘာအို ကတော့ စပိန် တောင်ပံ ကစားသမား အတွက် စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၆၀ တောင်းဆိုထားကြောင်း သိရပါတယ်။ သတင်းတွေ အရ ဆိုရင် ဘာစီလိုနာဟာ နီကို ဝီလီယမ်စ်နဲ့ ၂၀၃၁ ခုနှစ် နွေရာသီအထိ ရှိနေမယ့် ၆ နှစ် စာချုပ် အတွက် ကနဦး သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

နီကို ဝီလီယမ်စ် အနေနဲ့ စပိန် လက်ရွေးစင် အသင်းဖော် လာမင်း ယာမယ်နဲ့ တွဲဖက် ကစားနိုင်တော့မှာ ဖြစ်ပြီး ဘာစီလိုနာ ကလည်း သူတို့ ကာလအတန်ကြာ မျှော်လင့်နေခဲ့တဲ့ တိုက်စစ် အတွဲအဖက်ကို တည်ဆောက်နိုင်တော့မှာလည်း ဖြစ်ပါတယ်။ နီကို ဝီလီယမ်စ်ဟာ ဘာစီလိုနာကို ပြောင်းရွှေ့ ဖြစ်ခဲ့ရင်တော့ ကတ်တာလန် ထိပ်သီး ကလပ်မှာ ယူရို ၁၂ သန်း ရရှိနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ လာလီဂါ ကလပ်ဟာ နီကို ဝီလီယမ်စ်ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော် ကတည်းက စိတ်ဝင်စားနေခဲ့တာ ဖြစ်ပြီးတော့ ဒီနွေရာသီ မှာတော့ ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့ပါတယ်။

သူဟာ ဘီလ်ဘာအို အတွက် ပြီးခဲ့တဲ့ ရာသီက ဘီလ်ဘာအို အတွက် လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ ၄၅ ပွဲ ကစားခဲ့ပြီးတော့ ၁၁ ဂိုး သွင်းကာ ၉ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။
နီကို ဝီလီယမ်စ်ကို ၆ နှစ် စာချုပ်နဲ့ ခေါ်ယူနိုင်တော့မယ့် ဘာစီလိုနာ

ဘာစီလိုနာဟာ နီကို ဝီလီယမ်စ်ရဲ့ အပြောင်းအရွှေ့ အတွက် ဥရောပ ထိပ်တန်း ကလပ်တွေနဲ့ ပြိုင်ဆိုင်ခဲ့ရပြီးတော့ ကစားသမားရဲ့ ဆန္ဒအရ ပြိုင်ဘက် ကလပ်တွေကို အသာရခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ဘေယန်မြူးနစ် တို့ဟာ စပိန် လက်ရွေးစင် ကစားသမားကို ပြင်းပြင်းထန်ထန် စိတ်ဝင်စားခဲ့ကြပြီးတော့ ဘေယန်မြူးနစ် ဆိုရင် ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင်မှာ နီကို နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ ကလည်း ကစားသမားရဲ့ အခြေအနေကို တစ်ရာသီလုံး စောင့်ကြည့်နေခဲ့ပေမယ့် နောက်ဆုံး မှာတော့ ဘာစီလိုနာဆီ ပါသွားခဲ့တာ ဖြစ်ပါတယ်။ နီကို ဝီလီယမ်စ်ဟာ စပိန်မြေမှာသာ ဆက်နေလိုခဲ့သလို လက်ရွေးစင် အသင်းဖော်နဲ့ သူငယ်ချင်းလည်း ဖြစ်သူ ယာမယ်နဲ့ ပူးပေါင်းဖို့ ပိုမိုနှစ်သက်ခဲ့တာကြောင့် ဘာစီလိုနာကို ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နီကို ဝီလီယမ်စ်ဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ လုပ်ခလစာ လျှော့ယူသွားဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။

နီကို ဝီလီယမ်စ်ဟာ ယူရို ၂၀၂၄ က စပြီး ပြီးခဲ့တဲ့ ရာသီတွေ အတွင်း ခြေစွမ်း သိသိသာသာ တိုးတက်လာသူ ဖြစ်ပါတယ်။ သူဟာ ဘီလ်ဘာအို အတွက် ပြီးခဲ့တဲ့ ရာသီက ဘီလ်ဘာအို အတွက် လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ ၄၅ ပွဲ ကစားခဲ့ပြီးတော့ ၁၁ ဂိုး သွင်းကာ ၉ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်