နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်-အာဆင်နယ် ထိပ်တိုက်တွေ့ဆုံမှုနဲ့ စတင် ဖွင့်လှစ်မယ့် ၂၀၂၅-၂၀၂၆ ပရီးမီးယားလိဂ်

လာမယ့် ဩဂုတ်လ ၁၆ ရက်နေ့မှာတော့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်လည် စတင်တော့မှာ ဖြစ်ပြီး ပွဲစဉ် ရေးဆွဲမှု အခြေအနေတွေအရ ရာသီ အဖွင့်မှာတင် စိတ်ဝင်စားဖို့ ကောင်းနေတာ တွေ့ရပါတယ်။ ဒီတော့ ပရီးမီးယားလိဂ် ထိပ်သီး ၆ သင်းရဲ့ ရာသီအစ ပွဲစဉ် ရေးဆွဲမှု အခြေအနေတွေနဲ့ ပတ်သတ်ပြီး ကြိုတင် သုံးသပ်ကြည့်ရအောင်ပါ။

 

အာဆင်နယ်

အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁ မှာတင်ပဲ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံနေပါတယ်။ ယူနိုက်တက်ဟာ နောက်ပိုင်း နှစ်တွေမှာ ခြေစွမ်းကျဆင်းနေပေမယ့် အာဆင်နယ်နဲ့ တွေ့ရင်တော့ အထာမထားတတ်ပါဘူး။ နောက်ပြီး အိုးထရက်ဖို့ဒ်မှာ သွားကန်ရမှာ ဖြစ်တာကြောင့်လည်း အာဆင်နယ် အတွက် လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဒီပွဲတင်ပဲလား ဆိုတော့ မဟုတ်ပါဘူး။

ကျွန်တော် တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ယူနိုက်တက် အတွက်လည်း ၂၀၂၅-၂၀၂၆ ပရီးမီယားလိဂ် ရာသီ အဖွင့် ၆ ပွဲက လွယ်ကူဖို့ မရှိပါဘူး။
ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ၆ ပွဲစလုံး ခက်ခက်ခဲခဲ ကစားရမယ့် အာဆင်နယ်

အာဆင်နယ်က ဒီရာသီ အဖွင့် ပွဲစဉ် ၆ ပွဲဆက် ပွဲကြပ်နေတာပါ။ ဂန်းနားတွေဟာ ယူနိုက်တက်နဲ့ တွေ့အပြီးမှာ တန်းပြန်တက်လာတဲ့ လိဒ်စ်နဲ့ အိမ်ကွင်း၊ ချန်ပီယံ လစ်ဗာပူးလ်နဲ့ အဝေးကွင်း၊ နော့တင်ဟမ်ဖောရက်စ်နဲ့ အိမ်ကွင်း၊ မန်စီးတီးနဲ့ အိမ်ကွင်း၊ နယူကာဆယ်နဲ့ အဝေးကွင်း ပွဲစဉ်တွေ ဆက်တိုက် ကစားရမှာ ဖြစ်ပါတယ်။

 

ချဲလ်ဆီး

အန်ဇို မာရက်စ်ကာရဲ့ ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ် လန်ဒန်မြို့ခံ ပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အက်ဖ်အေဖလား ချန်ပီယံ ပဲလေ့စ်နဲ့ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် တွေ့ဆုံမှု နှစ်ကြိမ်စလုံး ၁ ဂိုးစီ သရေကျခဲ့ထားခဲ့ပါတယ်။ ဒါပြီးရင်တော့ ချဲလ်ဆီးက လန်ဒန် ပြိုင်ဘက်တွေပဲ ဖြစ်တဲ့ ဝက်စ်ဟမ်း၊ ဖူလ်ဟမ်၊ ဘရန့်ဖို့ဒ် တို့နဲ့ ဆက်တိုက် ကစားရမှာ ဖြစ်သလို ပွဲစဉ် ၅ မှာတော့ မဟာ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲတွေ ပြီးရင်လည်း ဘရိုက်တန်၊ လစ်ဗာပူးလ်၊ နော့တင်ဟမ်ဖောရက်စ်၊ ဆန်းဒါးလန်း၊ စပါး တို့နဲ့ ဆက်လက် ကစားရဦးမှာ ဖြစ်တာကြောင့် ချဲလ်ဆီး အတွက် ဆန်းဒါးလန်းနဲ့ တစ်ပွဲပဲ ပွဲချောင်နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

 

လစ်ဗာပူးလ်

ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ လစ်ဗာပူးလ် အတွက် လာမယ့် ရာသီ အဖွင့် ပွဲစဉ်တွေ ကလည်း လွယ်မယောင်နဲ့ ခက်နေတာ တွေ့ရပါတယ်။ အာနေး ဆလော့တ်ရဲ့ အသင်းက ဘုန်းမောက်နဲ့ အဖွင့်ပွဲ ကစားပြီးရင် ပွဲစဉ် ၂ နဲ့ ၃ ပွဲ နယူးကာဆယ်နဲ့ အာဆင်နယ်ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ ဝက်စ်ဟမ်း၊ အဲဗာတန်၊ ပဲလေ့စ် တို့နဲ့ ကစားရမှာ ဖြစ်လို့ ဆက်တိုက် ပွဲချောင်သွားပြီး ပွဲစဉ် ၇ နဲ့ ၈ မှာတော့ ချဲလ်ဆီး မန်ချက်စတာယူနိုက်တက် တို့နဲ့ တွေ့ဆုံနေသလို ပွဲစဉ် ၉ ဘရန်ဖို့ဒ်နဲ့ ပြီးရင်လည်း ဗီလာ၊ မန်စီးတီး၊ နော့တင်ဟမ်ဖောရက်စ် တို့နဲ့ ပွဲကြပ်တွေ ပြန်လည် ကစားရမှာပါ။

 

မန်ချက်စတာစီးတီး

ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီး အတွက် လာမယ့်ရာသီ အဖွင့် ပွဲစဉ် ၆ ပွဲမှာ ၃ ပွဲက ပွဲကြပ်နေပြီး ၃ ပွဲ ကတော့ ပွဲချောင်နေတာ တွေ့ရပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁ မှာ ဝုဗ်နဲ့ အဝေးကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပြီး ပွဲစဉ် ၂ မှာ စပါးနဲ့ အိမ်ကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲတွေ ပြီးရင်တော့ မန်စီးတီးက ဘရိုက်တန် (အဝေး)၊ မန်ချက်စတာယူနိုက်တက် (အိမ်)၊ အာဆင်နယ် (အဝေး)၊ ဘန်လေ (အိမ်) တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။

 

မန်ချက်စတာယူနိုက်တက်

ကျွန်တော် တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး ယူနိုက်တက် အတွက်လည်း ၂၀၂၅-၂၀၂၆ ပရီးမီယားလိဂ် ရာသီ အဖွင့် ၆ ပွဲက လွယ်ကူဖို့ မရှိပါဘူး။ ပွဲစဉ် ၁ မှာတင်ပဲ အာဆင်နယ်နဲ့ အိုးထရက်ဖို့ဒ်မှာ ကစားရဖို့ ရှိနေပြီး ဖူလ်ဟမ်နဲ့ အဝေးကွင်း၊ ဘန်လေနဲ့ အိမ်ကွင်း၊ မန်စီးတီးနဲ့ အဝေးကွင်း၊ ချဲလ်ဆီးနဲ့ အိမ်ကွင်း၊ ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်း ပွဲစဉ်တွေ ကစားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းအတိုင်း ဆိုရင်တော့ ယူနိုက်တက် အတွက် ရာသီ အဖွင့် ပွဲစဉ် ၆ ပွဲမှာ အမှတ်ရနိုင်တဲ့ ပွဲ အနည်းငယ်သာ မြင်တွေ့မိပါတယ်။

တော့တင်ဟမ်ဟော့စပါး ယူနိုက်တက် လိုပဲ မနှစ်က ရုန်းကန်ခဲ့ရတဲ့ ယူရိုပါလိဂ် ချန်ပီယံ တော့တင်ဟမ်ဟော့စပါး အတွက် ပရီးမီးယားလိဂ် ရာသီ အဖွင့်က ကျန် ကြီး ၅ ကြီးထက် စာရင် ပွဲချောင်နေတာ တွေ့ရပါတယ်။ စပါးဟာ ပွဲစဉ် ၁ အဖြစ် ဘန်လေကို အိမ်ကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပြီး ပွဲစဉ် ၂ မှာတော့ မန်စီးတီးနဲ့ တွေ့ဆုံနေလို့ ခက်ခဲမှာပါ။ အဲဒါ ပြီးရင်တော့ ဘုန်းမောက်၊ ဝက်စ်ဟမ်း၊ ဘရိုက်တန်၊ ဝုဗ်၊ လိဒ်စ်၊ အက်စတွန်ဗီလာ၊ အဲဗာတန် တို့နဲ့ ဆက်တိုက် ကစားရမှာ ဖြစ်ပါတယ်။ စပါး အနေနဲ့ နိုဝင်ဘာလ နောက်ပိုင်းမှာသာ တောက်လျောက် ပွဲတွေ ကြပ်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်