နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီလက်ပ်ဟာ အင်္ဂလန်နဲ့ ချဲလ်ဆီး အတွက် အားထားရတဲ့ တိုက်စစ်မှူး ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေတဲ့ အန်ဇို မာရက်စ်ကာ | ပရီးမီးယားလိဂ်

အန်ဇို မာရက်စကာ ကတော့ သူ့အသင်းရဲ့ တိုက်စစ်မှူးသစ် လီယမ် ဒီလက်ပ် အနေနဲ့ အင်္ဂလန်နဲ့ ချဲလ်ဆီးရဲ့ အားထားရတဲ့ နံပါတ် ၉ အထောင် တိုက်စစ်မှူး ဖြစ်လာမယ်လို ယုံကြည်နေပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားတဲ့ အစ်ပ်ဆွစ်ချ်တောင်းရဲ့ တိုက်စစ်မှူးကို ပေါင် သန်း ၃၀ နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ လက်ရှိမှာ အသက် ၃၁ နှစ် အရွယ် ရှိနေပြီး မကြာခင်မှာ သူ့ရဲ့ နေရာကို ဖယ်ပေးရတော့မှာ ဖြစ်သလို ဒီလက်ပ် အနေနဲ့လည်း ကိန်း နေရာကို ဝင်ရောက်လာနိုင်မယ်လို့ မာရက်စ်ကာ ယုံကြည်နေတာပါ။ လက်ရှိမှာ အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ အလားအလာကောင်းတွေကို ပြသထားနိုင်တာကြောင့် အနာဂတ်မှာ အင်္ဂလန်ရဲ့ နံပါတ် ၉ ဖြစ်လာနိုင်မယ် ဆိုတာ ဘာသံသယ ဖြစ်စရာ မရှိကြောင်း ချဲလ်ဆီး နည်းပြက ဒီလက်ပ်ဟာ ကိန်းရဲ့ နေရာကို ဆက်ခံနိုင်ဖွယ် ရှိမရှိ မေးမြန်းခံရချိန်မှာ အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

မာရက်စ်ကာက “လီယမ်ဟာ ဒီကလပ် အတွက် ကျောနံပါတ် ၉ က ဘယ်လောက်အထိ အရေးကြီးသလဲ ဆိုတာ သူကောင်းကောင်း သိနေပါတယ်။ သူက အတော်လေး စိတ်အေးလက်အေး ရှိတာကို တွေ့ရတယ်။ သက်တောင့် သက်သာလည်း ရှိပါတယ်။ သူ ရောက်ရှိလာချိန် ကတည်းက ကောင်းကောင်း လုပ်ဆောင်နေတာ တွေ့ရပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်းမှာ နာမည်ကျော် တိုက်စစ်မှူး အများအပြားကို ခေါ်ယူခဲ့ပေမယ့် ရောက်ရှိလာသူတိုင်း ကလည်း ပရီးမီးယားလိဂ်မှာ ရုန်းကန်ခဲ့ကြရပါတယ်။
ချဲလ်ဆီးကို ရောက်ရှိလာတဲ့ နာမည်ကျော် တိုက်စစ်မှူးတိုင်း ရုန်းကန်ခဲ့ရတဲ့ အစဉ်အလာရှိ

မာရက်စ်ကာဟာ ယခင်က ပရီးမီးယားလိဂ်ရဲ့ မန်ချက်စတာစီးတီးရဲ့ ယူ ၂၁ အသင်းမှာ လီယမ် ဒီလက်ပ်ကို နည်းပြခဲ့ဖူးပြီး သူတို့ နှစ်ဦးကြားမှာ ယခင် ကတည်းက ရင်းနှီးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်လို့လည်း မာရက်စ်ကာက “ကျွန်တော်တို့ နှစ်ပေါင်းများစွာ ကတည်းက တစ်ယောက်နဲ့ တစ်ယောက် သိနေခဲ့ကြတာပါ။ ဒါကြောင့် လီယမ်က ကျွန်တော် တို့ကို ဘာတွေပေးနိုင်တယ် ဆိုတာ ကျွန်တော် သိသလို ပိုကောင်းတဲ့ ကစားသမား ဖြစ်လာဖို့နဲ့ တိုးတက်လာဖို့ အတွက်လည်း ကျွန်တော် တို့ ဘက်က ဘာပြန်ပေးနိုင်သလဲ ဆိုတာလည်း သူသိပါတယ်။ သူဟာ ကျွန်တော် တို့နဲ့ ပူးပေါင်းဖို စိတ်အားထက်သန်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ ကစားတဲ့ ပုံစံကို သူသိပြီး ကျွန်တော်တို့ အတူ ရှိခဲ့တဲ့ ရာသီမှာ သူဟာ ၂၄ ဂိုး သွင်းယူခဲ့တာကြောင့်ပါပဲ။ ကျွန်တော် တို့က လီယမ်ကို ကြိုက်တယ်။ လီယမ်က ကျွန်တော် တို့ကို ကြိုက်တယ်။ ဒါကြောင့် စကားပြောရတာ လွယ်ကူခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

လီယမ် ဒီလက်ပ်ဟာ ဒီကနေ့ မနက်အစောပိုင်းက အဲလ်အေအက်ဖ်စီနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကလပ် ကမ္ဘာ့ဖလား ပွဲစဉ်ရဲ့ ပွဲချိန် ၆၅ မိနစ် အရောက်မှာ နီကိုးလက်စ် ဂျက်ဆန် အစား လူစားဝင်ကစားခဲ့ပါတယ်။ ဒီလက်ပ်ဟာ ပွဲချိန် ၂၄ မိနစ်လောက်သာ ဝင်ရောက် ကစားခဲ့ရပေမယ့် အခွင့်အရေး ဖန်တီးမှု ၂ ကြိမ်၊ Big Chances ဖန်တီးမှု ၁ ကြိမ် ပြုလုပ်ကာ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ ဒုတိယမြောက် သွင်းဂိုးကို ဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်းမှာ နာမည်ကျော် တိုက်စစ်မှူး အများအပြားကို ခေါ်ယူခဲ့ပေမယ့် ရောက်ရှိလာသူတိုင်း ကလည်း ပရီးမီးယားလိဂ်မှာ ရုန်းကန်ခဲ့ကြရပါတယ်။ လီယမ် ဒီလက်ပ် အနေနဲ့ရော အပြာရောင် တို့ရဲ့ တိုက်စစ်မှူး ကျိန်စာကို ချိုးဖျက်နိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်