ရီးရဲလ်မက်ဒရစ် တိုက်စစ် ကြယ်ပွင့် ကီလီယန် အမ်ဘာပေး နိုင်ငံတကာ ဘောလုံးသမားဘဝ ကနေ အနားယူဖို့ အထိ စဉ်းစားခဲ့ဖူးကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ အမ်ဘာပေးဟာ ပြင်သစ် လက်ရွေးစင် အသင်း ကနေ အနားယူနေခဲ့စဉ် အတွင်း အခုလိုမျိုး အတွေးဝင်ခဲ့ကြောင်း ပြန်လည် ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ် အနေနဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်မှာ စပိန်ကို ရှုံးနိမ့်ပြီးနောက် အခုလိုမျိုး သတင်းတွေပါ ဆက်တိုက် ကြားလာရာတာ ဖြစ်ပါတယ်။
ဒီအကြောင်းကို အားကစား သတင်းထောက် ရိုမိန်း မိုလီနာရဲ့ ဖော်ပြချက်အရ အမ်ဘာပေးဟာ ၂၀၂၄ ခုနှစ် နှောင်းပိုင်းကာလတွေမှာ နိုင်ငံတကာ ပွဲစဉ်တွေ ကစားတာ ကနေ အနားယူဖို့ အတွက် အလေးအနက်ထား စဉ်းစားခဲ့ကြောင်း ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။ အမ်ဘာပေး အနေနဲ့ ပြင်သစ် လက်ရွေးစင် အသင်း အတွက် ပွဲစဉ် ၂ ပွဲ ဆက်တိုက် ပါဝင်ခဲ့ခြင်း မရှိပဲ အနားယူခဲ့တာကြောင့် သူ့ရဲ့ လက်ရွေးစင် ကစားသမားဘဝ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးပေးမှုတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အချိန်တုန်းက ပြင်သစ် နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်စ်က အမ်ဘာပေးကို အသင်းရဲ့ လူစာရင်း ကနေ ချန်လှပ်ထားခဲ့တယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့် မိုလီနာရဲ့ အဆိုအရ အမ်ဘာပေး ကိုယ်တိုင်က မပါဝင်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အမ်ဘာပေးနဲ့ ဒီဒီယာ ဒက်စ်ရွှမ့်စ်တို့ တိုက်ရိုက် ဆွေးနွေးခဲ့ပြီးနောက် အခြေအနေတွေက ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ သက်တော်ရှည် နည်းပြကြီး ဘက်က တင်းမာမှုတွေကို လျှော့ချခဲ့ပြီးတော့ အမ်ဘာပေးကို လက်ရွေးစင် အသင်းကို ဆက်လက် ကစားစေဖို့ နောက်ဆုံးမှာ နားချနိုင်ခဲ့တာ ဖြစ်ပါတယ်။
တစ်ခု ရှိတာက ကီလီယန် အမ်ဘာပေး ပြင်သစ် လက်ရွေးစင် အသင်းကို ပြန်လာခြင်းက အသင်း အတွက် ပြဿနာတွေ ရှိလာနိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။ သတင်းတွေ မှာတော့ ပြင်သစ် လက်ရွေးစင် ကစားသမား တချို့ဟာ အမ်ဘာပေးရဲ့ အပြုအမူနဲ့ ဩဇာလွှမ်းမိုးမှုတွေ အပေါ် စိတ်ပျက်မှုတွေ တိုးလာနေကြောင်း ဖော်ပြလျက် ရှိနေပါတယ်။ ဒါ့အပြင် ပြင်သစ် ကစားသမားတွေဟာ အမ်ဘာပေးထက် ပိုပြီး နှိမ့်ချနေထိုင်တတ်တဲ့ အူစမန်နီ ဒမ်ဘီလီ ကိုသာ ပိုမို နှစ်သက်ကြကြောင်း သိရပါတယ်။ လက်ရှိ ပြင်သစ်ရဲ့ အသင်းတွင်း အခြေအနေက သဘောထားကွဲလွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေသလို အဝတ်လဲခန်းထဲမှာလည်း ပိုမို ဆိုးရွားတဲ့ အခြေအနေတွေ ရှိလာနိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ နေးရှင်းလိဂ် ပွဲစဉ် အပြီးမှာလည်း အမ်ဘာပေးရဲ့ ကွင်းလယ်ဒိုင်ရဲ့ နာရီကို ဆွဲယူ ကြည့်တဲ့ အပြုအမူ ကလည်း ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။
ပြင်သစ်ဟာ ဒီကနေ့ ညမှာတော့ နေးရှင်းလိဂ် တတိယနေရာလုပွဲ အဖြစ် ဂျာမနီနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲ ကစားပြီးရင်တော့ အားလပ်ရက်တွေ စတင်ပြီ ဖြစ်ပြီး ကီလီယမ် အမ်ဘာပေး ရီးရဲလ်မက်ဒရစ်ဆီ ပြန်သွားမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် ရက်ပိုင်း အတွင်း ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင်တော့မှာ ဖြစ်ပြီး အမ်ဘာပေးရဲ့ အသင်းဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာနဲ့ စတင် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အမ်ဘာပေးဟာ ဆုဖလား အောင်မြင်မှုတွေ အတွက် ဒီနွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပေမယ့်လည်း လာလီဂါ ကလပ်ဟာ ဖလား လက်မဲ့ အဖြစ်နဲ့ အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမ်ဘာပေးက ရီးရဲလ်မက်ဒရစ်က ပြိုင်ပွဲစုံ ၅၆ ပွဲ ကစားကာ ၄၃ ဂိုး သွင်းယူခဲ့ပြီး ဥရောပ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.