စပိုတင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လိုနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီသတင်း ကိုတော့ talkSPORT က ဖော်ပြခဲ့တာ ဖြစ်ပြီး ယိုကီးရက်စ်ဟာ အစောပိုင်းမှာ ဥရောပ ပြိုင်ပွဲတွေ ကစားခွင့်မရတဲ့ ယူနိုက်တက်ကို ပြောင်းရွှေ့လိုခြင်း မရှိခဲ့ပေမယ့် လက်ရှိမှာတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်တဲ့ သဘောမှာ ရှိပါတယ်။
ဗစ်တာ ယိုကီးရက်စ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ နာမည်ကြီးနေတဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်ပြီးတော့ သူ့ကို ခေါ်ယူဖို့ အာဆင်နယ်၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ လစ်ဗာပူးလ်နဲ့ ဘာစီလိုနာ တို့လို ဥရောပထိပ်တန်း အသင်းကြီးတွေက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ဒီအသင်းတွေထဲမှာ ယိုကီးရက်စ်က ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ သတင်း ပိုထွက်ခဲ့ပြီး အာဆင်နယ်က ဆွီဒင်သားထက် ဘင်ဂျာမင် ဆက်စ်ကို ကိုသာ ခေါ်ယူချင်ခဲ့ပါတယ်။ အစောပိုင်းမှာ အာဆင်နယ်က ဆက်စ်ကိုလား၊ ယိုကီးရက်စ်လား မသဲကွဲခဲ့ပေမယ့် လက်ရှိ မှာတော့ ဂန်းနား တို့ဟာ ဆလိုဗေးနီးယားသား ကိုပဲ အစဉ်တစိုက် ကြိုးပမ်းတော့မယ်လို့ သိရပါတယ်။
အာဆင်နယ် အနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က စတင်ခဲ့တဲ့ ဘင်ဂျာမင် ဆက်စ်ကိုရဲ့ အပြောင်းအရွှေ့ကိစ္စ အတွက် ဆွေးနွေးမှုတွေကို ဆက်လက် တိုးမြှင့်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ကစားသမား၊ ကလပ် အသင်းတွေ အပါအဝင် ပါဝင်ပတ်သက်သူ အားလုံး အကြား ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်နေပြီး ကောင်းမွန်စွာ ရှေ့ဆက်နေတယ်လို့လည်း သိရပါတယ်။ အာဆင်နယ်ဟာ ဆလိုဗေးနီးယား တိုက်စစ် ကြယ်ပွင့်ကို ဒီရက်ပိုင်းထဲမှာ သဘောတူညီမှု ရရှိဖို့ မဖြစ်နိုင်သေးပေမယ့် အခြေအနေတွေ ကတော့ တိုးတက်နေကြောင်းလည်း သိရပါတယ်။

ဒါကြောင့် တစ်ဖက်မှာ ဗစ်တာ ယိုကီးရက်စ်ရဲ့ သဘောထား ကလည်း ပြောင်းလဲသွားတာ ဖြစ်နိုင်ပြီးတော့ အခု လက်ရှိ မှာတော့ စပိုတင်းလစ္စဘွန်းမှာ လက်တွဲခဲ့ဖူးတဲ့ သူ့ရဲ့ ဆရာဟောင်း ရူဘင် အမော်ရင် ရှိရာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်။ အကယ်၍ ယိုကီးရက်စ်သာ ယူနိုက်တက်ကို ပြောင်းရွှေ့မယ် ဆိုရင်တော့ သူကစားချင်တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ ကိုတော့ လာမယ့် ရာသီမှာ သေချာပေါက် လွဲချော်တော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ သူတို့ အသင်းဟာ ဥရောပပြိုင်ပွဲ ဝင်ခွင့် မရပေမယ့်လည်း ထိပ်တန်း ကစားသမားတွေကို စွဲဆောင်နိုင်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။ ဒါနဲ့ ပတ်သတ်လို့ မားသီးယက်စ် ကူညာရဲ့ အပြောင်းအရွှေ့က သက်သေခံနေပြီး ယူနိုက်တက်လို သမိုင်းကြောင်း အစဉ်အလာ ကြီးမားတဲ့ အသင်းကို အကျပိုင်း ရောက်နေသည့် တိုင်အောင် ပြောင်းရွှေ့ချင်နေတဲ့ ကစားသမားတွေ အများအပြား ရှိနေဆဲ ဖြစ်ပါတယ်။
talkSPORT ရဲ့ ဖော်ပြချက်အရ ယိုကီးရက်စ်ဟာ စပိုတင်းလစ္စဘွန်းနဲ့ ပေါင် ၈၅ သန်းတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားပေမယ့် ပေါ်တူဂီ ကလပ် ဘက်တော့ သူ့ကို ပေါင်သန်း ၆၀ နဲ့ ရောင်းထုတ်ဖို့ အဆင်သင့် ရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ် အရွယ် ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ဟာ ပြီးခဲ့တဲ့ ရာသီက စပိုတင်းလစ္စဘွန်း အတွက် ပြိုင်ပွဲစုံ ၅၂ ပွဲမှာ ၅၄ ဂိုး အထိ သွင်းယူပေးခဲ့ပြီး အသင်းကို ပေါ်တူဂီ အမှတ်ပေးဖလားနဲ့ ပေါ်တူဂီ ရှုံးထွက်ဖလားတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
လက်ရှိအချိန်ထိတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဘက်က ယိုကီးရက်စ် အတွက် စပိုတင်းလစ္စဘွန်းနဲ့ ချိတ်ဆက်ထားခြင်း မရှိသေးပါဘူး။ ယူနိုက်တက် အနေနဲ့ ယိုကီးရက်စ်ကို ခေါ်ယူချင်ရင် အသင်းမှာ ရှိတဲ့ ကစားသမားတချို့ကို အရင်ဆုံး ရောင်းချရဦးမှာ ဖြစ်ကြောင်း ဗြိတိန် မီဒီယာတွေက ဖော်ပြကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.