နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမ်ဘူမိုကို ခေါ်ယူဖို့ နီးစပ်လာတဲ့ မန်ချက်စတာယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ မားသီးယက်စ် ကူညာကို ခေါ်ယူနိုင်ခဲ့ပြီးနောက် နောက်ထပ် တိုက်စစ် ကစားသမား တစ်ဦး ထပ်မံ ခေါ်ယူဖို့ နီးစပ်နေကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ဘရန့်ဖိုဒ် တိုက်စစ်မှူး ဘရိုင်ယန် အမ်ဘူမို အနေနဲ့ ဒီနွေရာသီမှာ အပြောင်းအရွှေ့မှာ အိုးထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘရန့်ဖိုဒ်ရဲ့ တောင်ပံ ကစားသမား ဘရိုင်ယန် အမ်ဘူမိုကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။ အမ်ဘူမို ကိုယ်တိုင် ကတော့ ဘရန့်ဖို့ဒ်နဲ့ ပြောင်းရွှေ့ကြေးဆိုင်ရာ သဘောတူညီမှု ရရှိပါက အိုးထရက်ဖို့ဒ် ကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြနေကြောင်း သိရပါတယ်။ ယူနိုက်တက် အနေနဲ့ အမ်ဘူမိုကို ခေါ်ယူဖို့ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ အထိ သုံးစွဲရဖွယ် ရှိနေပြီး အနည်းငယ် ခက်ခဲနိုင်တဲ့ အပြောင်းအရွှေ့ ဖြစ်ပါတယ်။ ဒါ့အပြင် ဘရန့်ဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်ခ် ကိုယ်တိုင် ကလည်း အမ်ဘူမိုရဲ့ ပြောင်းရွှေ့ကြေးဟာ တန်ဖိုး ကြီးမားလိမ့်မယ်လို့ ပြောဆိုထားဖူးပါတယ်။

ကင်မရွန်း လက်ရွေးစင် ကစားသမား အမ်ဘူမိုက ယူနိုက်တက်က သူ့ရဲ့ ဦးစားပေး ပြောင်းရွှေ့လိုတဲ့ ကလပ်ကို အရိပ်အမြွက် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် လက်ရှိမှာ မန်ချက်စတာယူနိုက်တက်က အသက် ၂၅ နှစ် အရွယ် တိုက်စစ်မှူး အတွက် ဘရန့်ဖို့ဒ်နဲ့ တရားဝင် ဆွေးနွေးမှုတွေ စတင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ အမ်ဘူမိုဟာ ၂ဝ၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၀ အထိ ရရှိခဲ့တာကြောင့် ထိပ်တန်း ကလပ် တော်တော်များများက မျက်စိကျနေတာ ဖြစ်ပါတယ်။ 

The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘရန့်ဖိုဒ်ရဲ့ တောင်ပံ ကစားသမား ဘရိုင်ယန် အမ်ဘူမိုကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။
ဘရန့်ဖို့ဒ် အတွက် ခြေစွမ်းပြပြီး ဂိုးတွေ သွင်းပေးနေတဲ့ အမ်ဘူမို

အမ်ဘူမိုဟာ ဘရန့်ဖို့ဒ်နဲ့ စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်ရှိနေပေမယ့် အသင်း ဘက်က နောက်ထပ် ၁ နှစ် စာချုပ် သက်တမ်းတိုးခွင့်လည်း ရှိနေပါတယ်။ အစောပိုင်းမှာ အမ်ဘူမိုရဲ့ ဆုံးဖြတ်ချက်ဟာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့က အဓိကကျကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးသလို ဥရောပရဲ့ ထိပ်တန်း ပြိုင်ပွဲ ဝင်ခွင့်ရ အသင်းတွေရဲ့ စိတ်ဝင်စားမှု ရရှိထားတဲ့ အမ်ဘူမို ကတော့ အိုးထရက်ဖို့ဒ် ယူနိုက်တက် ကိုသာ သူ့ရဲ့ ဦးစားပေး အသင်း အဖြစ် ရွေးချယ်ထားတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက် ကတော့ ဝုဗ် တိုက်စစ်မှူး မားသီးယက်စ် ကူညာကို ပေါင် ၆၂ သန်းနဲ့ ခေါ်ယူထားပြီး နည်းပြသစ် ရူဘင် အမော်ရင် အနေနဲ့ အသင်းရဲ့ လူစာရင်းကို ပိုမိုတောင့်တင်း အောင် ကြိုးပမ်းချင်နေဆဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ သမိုင်းအစဉ်အလာကောင်းတွေ ရှိတာကြောင့် ဥရောပ ဝင်ခွင့် မရသည့်တိုင်အောင် ကစားသမားကောင်းတွေကို စွဲဆောင်နိုင်စွမ်း ရှိနေဆဲ ဖြစ်ကြောင်း ကူညာနဲ့ အမ်ဘူမိုရဲ့ အပြောင်းအရွှေ့တွေက သက်သေပြလျက် ရှိနေပါတယ်။

ပြင်သစ် ကလပ် ထရွိုင်စ်နဲ့ ကစားသမားဘဝ စတင်ခဲ့တဲ့ အမ်ဘူမိုဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ဘရန့်ဖို့ဒ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် အမ်ဘူမိုဟာ ဘရန့်ဖို့ဒ် အတွက် ပြိုင်ပွဲစုံ ၂၄၂ ပွဲ အထိ ကစားပေးထားပြီး ဂိုး ၇၀ သွင်းယူပေးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်