ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ မန်ချက်စတာယူနိုက်တက် ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ဂျေဒန် ဆန်ချိုကို ယူနိုက်တက်ဆီ ပြန်လည် ပို့ဆောင်တော့မယ်လို့ သိရပါတယ်။ ချဲလ်ဆီးဟာ ဆန်ချိုကို အပြီးသတ် ခေါ်ယူဖို့ ဆွေးနွေးတွေ ပျက်ပြယ်ခဲ့ပြီးနောက် ချဲလ်ဆီး တာဝန်ရှိသူတွေက လျော်ကြေး ပေးဆောင်ပြီး ဆန်ချိုကို အိုးထရက်ဖို့ဒ် ဆီသာ ပြန်လည် ပိုဆောင်တော့မှာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ် အရွယ် အင်္ဂလန် တောင်ပံကစားသမားဟာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ နှစ်ရာသီခွဲကြာ ကာလ အတွင်း ပြိုင်ပွဲစုံ ၈၃ ပွဲသာ ကစားခဲ့ရပြီး မျှော်လင့်ထားသလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ ဒါ့အပြင် ဆန်ချိုက နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ်နဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် ဒေါ့မန်နဲ့ ချဲလ်ဆီး တို့ဆီ အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။ ဆန်ချို အနေနဲ့ ဘောလုံးသမားဘဝကို ပြန်လည် တည်ဆောက်ဖို့ ရည်ရွယ်ချက်နဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ အပြီးသတ် ပြောင်းရွှေ့နိုင်ဖို့က သဘောတူညီမှု မရခဲ့တာကြောင့် အသင်းသစ် တစ်သင်း ကိုသာ ရှာဖွေရတော့မှာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ယူနိုက်တက် ကနေ တစ်ရာသီ အငှားစာချုပ်နဲ့ လာကစားနေတဲ့ ဆန်ချိုရဲ့ စာချုပ်မှာ ပေါင် ၂၅ သန်းတန် အပြီးသတ် ဝယ်ယူခွင့်ကို ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီး ဘက်က ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု မအောင်မြင်ခဲ့တာကြောင့် ဆွေးနွေးမှုတွေ ရပ်တန့်သွားခဲ့ကြောင်း မနေ့ကပဲ The Athletic သတင်းဌာန ကနေ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကစားသမားနဲ့ ကလပ် အကြား သဘောတူညီမှု မရရှိခဲ့သောကြောင့် ချဲလ်ဆီး အနေနဲ့ အငှားစာချုပ်ပါ အပြီးသတ် ခေါ်ယူခွင့်ကို ငြင်းပယ်ခဲ့တာကြောင့် ယူနိုက်တက်ကို ပေါင် ၅ သန်း လျော်ကြေး ပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။ ဆန်ချိုဟာ ဒီလ ၃၀ ရက်နေ့ အငှားသက်တမ်း ကုန်ဆုံးချိန်မှာ ယူနိုက်တက်ဆီ ပြန်သွားရမှာ ဖြစ်ပါတယ်။ သေချာတာက ယူနိုက်တက် ဘက်ကလည်း ဆန်ချိုကို အလိုရှိပုံမပေါ်တာကြောင့် ဒီနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ တခြား ကလပ်တွေရဲ့ ကမ်းလှမ်းမှုကို စောင့်ဆိုင်းသွားဖွယ် ရှိနေပါတယ်။
တကယ်တော့ ဆန်ချိုက ချဲလ်ဆီးမှာ အချိန်ခဏသာ ဖြတ်သန်းခဲ့ရပေမယ့် ချဲလ်ဆီး အသင်း ပရိသတ်တွေရဲ့ ထောက်ခံ အားပေးမှု တော်တော်များများကို ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဆန်ချိုက ယူရိုပါကွန့်ဖရင့်လိဂ် ဗိုလ်လုပွဲမှာလည်း ရီးရဲလ်ဘက်တစ် ဘက်ကို အနိုင်ဂိုး ၁ ဂိုး သွင်းယူပေးခဲ့ပြီး အသင်း အတွက် ဆုဖလား ရရှိရာ အထောက်အကူပေးခဲ့သူ ဖြစ်ပါတယ်။ ဆန်ချိုဟာ ဒီရာသီမှာ ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားခဲ့ပြီး ၅ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီလို အခြေအနေတွေကြောင့် ချဲလ်ဆီး ဘက်လည်း အပြီးသတ် ခေါ်ယူဖို့ စဉ်းစားခဲ့သေးပေမယ့် ညှိနှိုင်းမှု အဆင်မပြေခဲ့တာကြောင့် ဆုံးဖြတ်ချက်တွေ ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။
ဒီတော့ ဆန်ချို အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အတွက် အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ လူစာရင်းမှာ ပါဝင်နိုင်ဖို့ အတွက် ဆိုရင်တော့ ထိပ်တန်း ကလပ် တစ်ခုကို ရှာဖွေပြီး အဲဒီ ကလပ် မှာလည်း ပုံံစံကောင်း ပြသနိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.