နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချန်ပီယံလိဂ် ဝင်ခွင့် ရရင် မာ့ခ် ဂူဟီကို ပြန်လည် ခေါ်ယူမယ့် ချဲလ်ဆီး၊ အင်္ဂလန်ကို ပြောင်းရွှေ့ချင်နေတဲ့ ဗလာဟိုဗစ် | ပရီးမီးယားလိဂ်

အခုတစ်ခါမှာလည်း ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ အလှုပ်အခတ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့မယ် ဆိုရင် ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မာ့ခ် ဂူဟီကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း Football Insider က ဖော်ပြခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် နောက်ခံလူ ကိုတော့ ထိပ်တန်း ကလပ်တွေက စိတ်ဝင်စားနေတာကြောင့် ချဲလ်ဆီး အနေနဲ့ နွေရာသီဈေးကွက် ဖွင့်တာနဲ့ တပြိုင်နက် တွန်းအားပေး လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဟွိုက်ဂျ်လန်း ဖလော်ရီယန် ဝစ်ဇ်ကို ခေါ်ယူဖို့ လက်လျှော့ရဖွယ် ရှိနေတဲ့ ဘေယန်မြူးနစ် ကတော့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ပြောင်းလဲ စိတ်ဝင်စားလာကြောင်း TEAMtalk က ဖော်ပြခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ် အနေနဲ့ ပေါင် သန်း ၁၀၀ နီးပါး ကုန်ကျနိုင်တဲ့ ဒီကစားသမားကို ခေါ်ယူဖို့ မကြာခင်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ရှိနေကြောင်း သိရပါတယ်။

နောက်ထပ် ယူနိုက်တက် ကစားသမား တစ်ဦး ဖြစ်တဲ့ တောင်ပံ ကစားသမား ဂျေဒန် ဆန်ချို ကိုတော့ ဒီနွေရာသီမှာ လေဗာကူဆင်က ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။ ချဲလ်ဆီး အနေနဲ့ ဆန်ချိုကို အပြီးသတ် ခေါ်ယူဖို့ ငြင်းဆိုခဲ့မယ် ဆိုရင်တော့ ဒေါ့မန် ကြယ်ပွင့်ဟောင်းကို ဘွန်ဒက်စ်လီဂါ ကလပ်က ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။

ဒူဆန် ဗလာဟိုဗစ် ကတော့ ဒီနွေရာသီမှာ ဂျူဗင်တပ်စ် ကနေ ထွက်ခွာဖို့ ကြိုးစားနေပြီးတော့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖွယ် ရှိနေကြောင်း CaughtOffside က ဖော်ပြခဲ့ပါတယ်။
ဂျူဗင်တပ်စ် ကနေ ထွက်ခွာချင်နေပြီ ဖြစ်တဲ့ ဒူဆန် ဗလာဟိုဗစ်

ဒူဆန် ဗလာဟိုဗစ် ကတော့ ဒီနွေရာသီမှာ ဂျူဗင်တပ်စ် ကနေ ထွက်ခွာဖို့ ကြိုးစားနေပြီးတော့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖွယ် ရှိနေကြောင်း CaughtOffside က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ ကလည်း ပေါင် ၄၂ သန်း ဝန်းကျင်ခန့် ပေးချေရဖို့ ရှိနေတဲ့ အပြောင်းအရွှေ့ အတွက် မကြာခင်မှာ ကြိုးပမ်းသွားဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Calciomercato ရဲ့ ဖော်ပြချက်အရ ဗလာဟိုဗစ်ဟာ ဒီနွေရာသီမှာ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ခွင့် ရမယ် ဆိုရင် တုံ့ဆိုင်းနေမှာ မဟုတ်ကြောင်း သိရပါတယ်။ အာဆင်နယ် ဘက်ကလည်း သူတို့ရဲ့ အဓိက ပစ်မှတ် ကစားသမားတွေကို လွဲချော်ခဲ့မယ် ဆိုရင် ဆားဘီးယား လက်ရွေးစင် ကစားသမားကို အစားထိုး ပစ်မှတ် အဖြစ် ခေါ်ယူသွားဖို့ ရှိနေကြောင်း သိရပါတယ်။

Football Insider ရဲ့ ဖော်ပြချက်အရ တော့တင်ဟမ်ဟော့စပါး အသင်းဟာ တိုက်စစ်မှူး ဆွန်ဟောင်မင်နဲ့ လမ်းခွဲဖို့ စဉ်းစားထားခြင်း မရှိကြောင်း သိရပါတယ်။ စပါး တာဝန်ရှိသူတွေ အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ပြင်ဆင်နေချိန်မှာ ဆွန်ဟောင်မင်ရဲ့ အတွေ့အကြုံကို တန်ဖိုးထားလျက် ရှိကြောင်း သိရပါတယ်။

လစ်ဗာပူးလ်နဲ့ နယူးကာဆယ် တို့ကတော့ ဘရိုက်တန် တိုက်စစ်မှူး ယာအို ပက်ဒရိုကို ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ကလပ်တွေ ဖြစ်ကြောင်း ဘန် ဂျက်ကော့ဘ်က ဖော်ပြခဲ့ပါတယ်။ တခြား သတင်းတွေ အရတော့ ချဲလ်ဆီးဟာ ဘရာဇီးလ်သားကို စိတ်မ၀င်စားကြောင်း သိရပါတယ်။

မန်ချက်စတာစီးတီး ကတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ရိုဒရီ အတွက် ကမ်းလှမ်းမှုမှာ အင်္ဂလန် လက်ရွေးစင် ဂျူ့ဒ် ဘယ်လင်ဟမ် ပါ၀င်မှသာလျှင် စဉ်းစားသွားမယ်လို့ အကြောင်းကြားခဲ့ကြောင်း DefensaCentral က ဖော်ပြခဲ့ပါတယ်။ လာလီဂါ ကလပ် ဘက်ကလည်း ဒီလို လုပ်ရပ်မျိုး လုပ်ဆောင်သွားမှာ မဟုတ်ကြောင်း အခိုင်အမာ ငြင်းဆိုထားပါတယ်။ ဆောက်သမ်တန် ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ဒီနွေရာသီမှာ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေဖို့ အခွင့်အရေး ရရှိနိုင်ကြောင်း Football Insider က ဖော်ပြခဲ့ပါတယ်။ ဒီကစားသမား ကိုတော့ အက်စတွန်ဗီလာ၊ လိဒ်စ်ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း တို့က ပေါင် ၂၅ သန်းနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်