နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂ နှစ်ဆက် ချန်ပီယံ ဘာစီလိုနာကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားတဲ့ အာဆင်နယ် အမျိုးသမီး အသင်း

ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ အမျိုးသမီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာတော့ အာဆင်နယ်က ဘာစီလိုနာကို ဘလက်စတိန်းနီးယပ်စ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ လက်ရှိ အမျိုးသမီး အသင်းတွေထဲမှာ ခေါင်းတစ်လုံး ပိုသာတဲ့ ဘာစီလိုနာကို အာဆင်နယ်က ပါးပါးနပ်နပ်နဲ့ ကစားပြီး ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ရယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ နှစ်သင်းစလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီးတော့ အာဆင်နယ် ဘက်မှာတော့ ဗန်ဒွန်ဆယ်လာ၊ ဖောက်စ်၊ ဝီလီယမ်ဆန်၊ ကတ်လီ၊ မက်ကာဘီ၊ လစ်တဲလ်၊ ကာလ်ဒန်တေး၊ မာနူးမ်၊ ကယ်လီ၊ ဖို့ဒ်၊ ရူဆို တို့ ပါဝင်ခဲ့ကြပါတယ်။ ဘာစီလိုနာ ဘက်မှာတော့ ကိုးလ်၊ ပါရီဒက်စ်၊ လီယွန်၊ ဘတ်လီ၊ ရိုလ်ဖို၊ ဂူဂျာရို၊ ဘွန်မတ်တီ၊ ပူတီလက်စ်၊ ဂရေဟမ် ဟန်ဆန်၊ ဂူဂျာရို၊ ပေဂျာ၊ ပီနာ တို့ ပွဲထွက်ခဲ့ကြပါတယ်။ ဒါ့အပြင် အရန်လူစာရင်း ကလည်း နှစ်သင်းစလုံး အတွက် တောင့်တင်းလွန်းခဲ့တာပါ။

တကယ်တော့ ဒီနေ့ပွဲမှာ အာဆင်နယ် အမျိုးသမီး အသင်းကို အောက်အသင်း အဖြစ် သတ်မှတ်ထားကြတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရာသီ ဆက်တိုက် ချန်ပီယံ ဖြစ်ထားတဲ့ ဘာစီလိုနာကို အနိုင်ရဖို့ ခက်ခဲလိမ့်မယ်လို့ တွက်ဆခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်လည်း ချန်ပီယံလိဂ် ၂ နှစ်ဆက်တိုက် ရထားတဲ့ ဘာစီလိုနာက အာဆင်နယ်ကို ပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးပေါက်ကန်ချက် အဘက်ဘက်မှာ အသာနဲ့ ကစားနိုင်ခဲ့ပါတယ်။ အာဆင်နယ် ကတော့ ခံစစ်ကို ကျစ်ကျစ်လျစ်လျစ် ကစားရင်း ဘာစီလိုနာရဲ့ တိုက်စစ်ဆင်မှုတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ခုခံသွားခဲ့ပါတယ်။ အခွင့်အရေး ရမှသာ တန်ပြန် တိုက်စစ်ကို ထိထိရောက်ရောက် ကစားဖို့ ကြိုးစားခဲ့ပြီး နည်းပြ ရီနီ ဆလက်ဂျာရဲ့ ဗျူဟာက အလုပ်ဖြစ်ခဲ့ပါတယ်။

ါ့အပြင် အင်္ဂလန် အမျိုးသမီး အသင်းတွေထဲမှာ ဥရောပ ချန်ပီယံလိဂ် ဖလား ရရှိထားတာက အာဆင်နယ် တစ်သင်းပဲ ရှိပြီး အခုတော့ ၂၀၀၇ ခုနှစ် နောက်ထပ် တစ်ကြိမ် ချန်ပီယံ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဘလက်စတိန်းနီးယပ်စ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဘာစီလိုနာကို အနိုင်ရခဲ့တဲ့ အာဆင်နယ် အမျိုးသမီး အသင်း

အာဆင်နယ် အတွက် ချန်ပီယံ ဖြစ်စေမယ့် တစ်လုံးတည်းသော အနိုင်ဂိုး ကိုတော့ လူစားဝင် ကစားသမား ဘက်သ် မိဒ်ရဲ့ ဖန်တီး ပေးပို့မှု ကနေ လူစားဝင် ကစားသမားပဲ ဖြစ်တဲ့ စတီနာ ဘလက်စတိန်းနီးယပ်စ်က အမှားအယွင်းမရှိ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ ဘာစီလိုနာက လူစားအပြောင်းအလဲတွေ ပြုလုပ်ပြီး လိုအပ်နေတဲ့ သွင်းဂိုးတွေ ရဖို့ ကြိုးစားခဲ့ပေမယ့် အာဆင်နယ် ဖောက်စ်၊ ဝီလီယမ်ဆန်၊ ကတ်လီ၊ မက်ကာဘီ တို့ရဲ့ ခံစစ်ကို မကျော်ဖြတ်နိုင်ခဲ့တာကြောင့် ထိရောက်တဲ့ ဂိုးခြိမ်းခြောက်မှုတွေတောင် မပြုလုပ်နိုင်ခဲ့ပါဘူး။

အထက်မှာ ပြောခဲ့သလိုပဲ တကယ်တော့ ဘာစီလိုနာဟာ လက်တလော ဥရောပ အမျိုးသမီး အသင်းတွေထဲမှာ ခေါင်းတစ်လုံးသာနေတဲ့ အသင်းလို့ ပြောလို့ ရပါတယ်။ ဗိုလ်လုပွဲ မတိုင်ခင်က ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ ကိုယ်တိုင်က ဗိုလ်လုပွဲကို အာဆင်နယ်ထက် လိုင်ယွန် တက်လာမှာ ကိုတောင် ပိုပြီး စိုးရိမ်ခဲ့တယ်။ သူ့အသင်းက အာဆင်နယ်ကို အနိုင်ယူနိုင်မယ် ဆိုတာ သေချာတယ် ဆိုတဲ့ ပြိုင်ဘက်ကို အထင်သေးတဲ့ စကားတွေပါ ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် အမျိုးသမီး အသင်း ကတော့ ဒီအခြေအနေတွေကို ကျော်ဖြတ်ပြပြီး ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ် ဖလားကို ရယူသွားနိုင်ခဲ့တာပါ။ ဒါ့အပြင် အင်္ဂလန် အမျိုးသမီး အသင်းတွေထဲမှာ ဥရောပ ချန်ပီယံလိဂ် ဖလား ရရှိထားတာက အာဆင်နယ် တစ်သင်းပဲ ရှိပြီး အခုတော့ ၂၀၀၇ ခုနှစ် နောက်ထပ် တစ်ကြိမ် ချန်ပီယံ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနှစ် ချန်ပီယံလိဂ်မှာ အာဆင်နယ် အမျိုးသား အသင်း ကလည်း ဆီမီးဖိုင်နယ် အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီကို ရှုံးနိမ့်ကာ ချန်ပီယံ မျှော်လင့်ချက် အဆုံးသတ်ခဲ့ရပြီးနောက် အမျိုးသမီး အသင်း ကတော့ အမျိုးသား အသင်း မရဖူးသေးတဲ့ ချန်ပီယံလိဂ် ဖလားကို နောက်တစ်ကြိမ် ထပ်ယူပြခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် အမျိုးသား အသင်း အနေနဲ့ ဘယ်အချိန်မှာ ဥရောပ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးသွားနိုင်မလဲ ဆိုတာ ကတော့…။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်