နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်ဇို ဖာနန်ဒက်ဇ် အပြင် ပလာစီယို့စ် ကိုပါ စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ် | လာလီဂါ

ရီးရဲလ်မက်ဒရစ်ရဲ့ ဝါရင့် ကွင်းလယ် ကစားသမားကြီး လူကာ မိုဒရစ် ကတော့ မနေ့က ဆိုစီဒက်ကို အနိုင်ရခဲ့တဲ့ လာလီဂါ ပွဲစဉ် အပြီးမှာ ပရိသတ်တွေကို နှုတ်ဆက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်မက်ဒရစ်က သူ့ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ထိပ်တန်း ကွင်းလယ် ကစားသမား များစွာကို ပစ်မှတ်ထား စောင့်ကြည့်နေပြီးတော့ အဲဒီ အထဲမှာ ချဲလ်ဆီးရဲ့ အာဂျင်တီးနား ကွင်းလယ် ကြယ်ပွင့် အန်ဇို ဖာနန်ဒက်ဇ်လည်း ပါဝင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

စပိန်က လာတဲ့ သတင်းတွေအရ ဆိုရင် လာလီဂါ ကလပ်ဟာ ကွင်းလယ်ပိုင်း အတွက် ရွေးချယ်စရာ ကစားသမားသစ် နှစ်ဦးကို ပစ်မှတ်ထားလျက် ရှိကြောင်း သိရပါတယ်။ အဲ့ဒီကစားသမားတွေ ကတော့ အန်ဇို ဖာနန်ဒက်ဇ်နဲ့ သူ့ရဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်းဖော် လေဗာကူဆင် ကွင်းလယ်လူ အက်ဇီကီရယ် ပလာစီယို့စ် ဖြစ်တယ်လို့ သိရပါတယ်။ ဒီသတင်းတွေဟာ မိုဒရစ် အနေနဲ့ ရာသီအကုန်မှာ အသင်း ကနေ ထွက်ခွာတော့မယ် ဆိုပြီး အတည်ပြုပြီးနောက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ ကလပ်ဟာ အန်ဇို ဖာနန်ဒက်ဇ်နဲ့ သတင်းတွေ ထွက်နေခဲ့ပေမယ့်လည်း ချဲလ်ဆီး ကတော့ ကစားသမား အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် လိုချင်နေပါတယ်။
အန်ဇို ဖာနန်ဒက်စ်နဲ့ အတူ ပလာစီယို့စ် ကိုပါ ခေါ်ယူချင်နေတဲ့ ရီးရဲလ်မက်ဒရစ်

လာလီဂါ ကလပ်ဟာ အန်ဇို ဖာနန်ဒက်ဇ်နဲ့ သတင်းတွေ ထွက်နေခဲ့ပေမယ့်လည်း ချဲလ်ဆီး ကတော့ ကစားသမား အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် လိုချင်နေပါတယ်။ ချဲလ်ဆီးဟာ အန်ဇို ဖာနန်ဒက်ဇ်ကို ၂၀၂၃ ခုနှစ်က ဘင်ဖီကာ ကနေ ပေါင် ၁၀၆.၈ သန်း ပေးချေပြီး ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီတုန်းက သူတို့ ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးထက် ပိုမပေးရင်တော့ ရောင်းထုတ်သွားဖို့ ဆန္ဒ မရှိကြောင်း သိရပါတယ်။

တချို့သော သတင်းတွေ မှာတော့ အသက် ၂၄ နှစ် အရွယ် ကမ္ဘာ့ဖလားဆုရှင် အန်ဇို ဖာနန်ဒက်စ် ကိုယ်တိုင် ကတော့ လာလီဂါ ကလပ်ဆီ ပြောင်းရွှေ့ချင်နေတယ် ဆိုပြီး ဖွင့်ဟ ပြောကြားမှုတွေ  ရှိထားကြောင်း ဖော်ပြနေပါတယ်။ ဒါကြောင့် အန်ဇို ဖာနန်ဒက်စ်နဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အပြောင်းအရွှေ့ ဖြစ်လာနိုင်ခြေနဲ့ ပတ်သက်တဲ့ ထင်ကြေးပေးမှုတွေ ကတော့ ပိုမိုမြင့်တက်လာခဲ့ပါတယ်။ အကယ်၍ ချဲလ်ဆီးသာ ကွန့်ဖရင့်လိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်ဘက်တစ်ကို ရှုံးနိမ့်ပြီး လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရင် အန်ဇို ဖာနန်ဒက်ဇ် အနေနဲ့ စတမ်းဖိုဒ်ဘရစ်ချ်ကို စွန့်ခွာနိုင်ခြေ ရှိကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေကို ရီးရဲလ်မက်ဒရစ်က စောင့်ကြည့်နေပြီးတော့ သူတို့ မျှော်လင့်ထားသလို ဖြစ်လာရင်တော့ အခွင့်အရေးကို အမိအရ အသုံးချသွားဖွယ် ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။

ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ရာသီပိတ် ပွဲစဉ် အဖြစ် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အဓိက ပြိုင်ဘက် ဖြစ်တဲ့ နော့တင်ဟမ်ဖောရက်စ်နဲ့ ဒီကနေ့မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ချဲလ်ဆီးက ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ရပ်တည်နေပြီးတော့ ဖောရက်စ် ကတော့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ ဒီပွဲ ပြီးရင်တော့ ချဲလ်ဆီးက ယူရိုပါကွန့်ဖရင့်လိဂ် ဗိုလ်လုပွဲ အဖြစ် စပိန် ကလပ် ရီးရဲလ်ဘက်တစ်န့ ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင် ကစားရဦးမှာ ဖြစ်ပါတယ်။ ဒီတော့ အန်ဇို ဖာနန်ဒက်စ်ရဲ့ အနာဂတ် ကတော့ ချဲလ်ဆီးရဲ့ ဥရောပ ဝင်ခွင့်နဲ့ တိုက်ရိုက် အချိုးကျနေသလို ရီးရဲလ်မက်ဒရစ် ဘက်ကရော မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးချေပြီး ခေါ်ယူမလား ဆိုတဲ့ အပေါ် မှာလည်း မူတည်နေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်