နွေရာသီ အပြောင်းအရွှေ့ မတိုင်ခင် ထွက်ပေါ်နေတဲ့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ အလှုပ်အခတ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ ဘီလ်ဘာအို တောင်ပံ ကစားသမား နီကို ဝီလီယမ်စ်ကို အပြိုင်အဆိုင် ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ အသက် ၂၂ နှစ် အရွယ် ကစားသမားကို ရီးရဲလ်မက်ဒရစ်က မကြာသေးခင်က စိတ်ဝင်စားမှု ပြသခဲ့ပြီး အာဆင်နယ်၊ ချဲလ်ဆီး တို့ကလည်း အပြိုင်အဆိုင် ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။
ရူဘင် အမော်ရင်ရဲ့ စွမ်းဆောင်ရည် အပေါ် သံသယ ဖြစ်လာတဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ အကြီးအကဲတွေဟာ ဒီနွေရာသီတွင် မန်နေဂျာသစ် ခန့်အပ်ဖို့ စဉ်းစားလာဖွယ် ရှိနေကြောင်း သိရပါတယ်။ Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ အင်တာမီလန် နည်းပြ ဆီမြွန်နီ အင်ဇာဂီကို ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။ အင်တာမီလန်ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးထားနိုင်တဲ့ ဒီအီတလီ နည်းပြ ကိုတော့ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့ကလည်း စိတ်ဝင်စားနေပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ ဘရာဇီးလ် တောင်ပံ ကစားသမား ရိုဒရီဂို ကိုတော့ ချဲလ်ဆီး၊ အာဆင်နယ်၊ မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာယူနိုက်တက် အပါအဝင် ထိပ်တန်း ကလပ် များစွာက စိတ်ဝင်စားနေကြပါတယ်။ ဒီအသင်းတွေ ကတော့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ရိုဒရီဂို ကိုတော့ ယူရို သန်း ၈၀နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ရှိနေကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အနေနဲ့ အန်ဇို ဖာနန်ဒက်ဇ်ကို ရီးရဲလ်မက်ဒရစ်ဆီ ရောင်းထုတ်ဖြစ်ခဲ့ရင်တော့ ရိုဒရီဂိုကို ပြန်လည် ခေါ်ယူသွားဖွယ် ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနား လက်ရွေးစင် ကစားသမားကို စာချုပ်ချုပ်ဆိုဖို့ အတွက် ဘရာဇီးလ် တောင်ပံကစားသမား အပြင် ငွေသားပါ အလိုက်ပေး ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။
အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ကတော့ ဗလင်စီယာ ဗဟိုခံစစ်ကစားသမား ခရစ္စတီယန် မော့စကီရာကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း CaughtOffside က ဖော်ပြခဲ့ပါတယ်။ လန်ဒန် ပြိုင်ဘက် နှစ်သင်းဟာ ဒေါ့မန် တိုက်စစ်မှူး ဂျေမီ ဂစ်တင်စ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေပြီးတော့ ဒီကစားသမား အနေနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ပိုပြီး အလားအလာ ကောင်းနေတယ်လို့ သိရပါတယ်။
Chronicle Live ရဲ့ ဖော်ပြချက်အရ နယူးကာဆယ် ယူနိုက်တက် ကတော့ ဂျူဗင်တပ်စ် ကနေ ထွက်ခွာဖွယ် ရှိနေတဲ့ တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ်ကို ခေါ်ယူဖို့ အခွင့်အရေး ရှိနေကြောင်း သိရပါတယ်။ ဆားဘီးယား တိုက်စစ်မှူး ဗလာဟိုဗစ် ကိုတော့ အာဆင်နယ်၊ နော့တင်ဟမ်ဖောရက်စ်နဲ့ မန်ချက်စတာယူနိုက်တက် တို့က တစ်ပတ်ကို ပေါင် ၁၉၂,၀၀၀ (ဒေါ်လာ ၂၅၈,၀၀၀) ထက် မပိုတဲ့ လုပ်ခလစာနှုန်းထားနဲ့ ခေါ်ယူချင်နေကြောင်း သိရပါတယ်။ တစ်ဖက်မှာလည်း နယူးကာဆယ်က အစ်ပ်ဆွစ်ချ် တိုက်စစ်မှူး လီယမ် ဒီလက်ပ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ဝင်ရောက်လာပြီ ဖြစ်ကြောင်း talkSPORT ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒီတိုက်စစ်မှူး ကိုတော့ ခေါ်ယူလိုတဲ့ အသင်းတွေ အနေနဲ့ ဒီနွေရာသီမှာ ပေါင် သန်း ၃၀ (ဒေါ်လာ ၄၀.၃ သန်း) နဲ့ ကမ်းလှမ်းနိုင်မှာ ဖြစ်ပြီးတော့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး တို့က အနီးကပ် စောင့်ကြည့်လျက် ရှိပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.