နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ ပစ်မှတ် အဖြစ် သတ်မှတ်လိုက်တဲ့ ရီးရဲလ်မက်ဒရစ်၊ ရိုမဲယိုနဲ့ အဆက်အသွယ် ရှိနေတဲ့ ဆီမြွန်နီ | လာလီဂါ

နောက်ဆုံး ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ ကွင်းလယ် ကစားသမားသစ် တစ်ဦးကို အလိုရှိနေပြီး ချဲလ်ဆီးက အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အာဂျင်တီးနား လက်ရွေးစင် အတွက် တရားဝင် ကမ်းလှမ်းမှုကို ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

စပိန် နာမည်ကြီး သတင်းစာ MARCA ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် နည်းပြ ဇာဘီ အလွန်ဆိုရဲ့ ထိပ်တန်း ပစ်မှတ် ကစားသမားဟာ လေဗာကူဆင်က ဖလော်ရီယန် ဝစ်ဇ် ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် စပိန်သား နည်းပြက ကိုမို ကွင်းလယ်လူ နီကို ပက်ဇ် ကိုလည်း အသင်းထံ ပြန်လည် ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ 

ဒါပေမယ့်လည်း လိုင်ယွန်က ရေယန် ချာကီ ကတော့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မှာ မဟုတ်ကြောင်း သိရပါတယ်။ အဓိက ကတော့ ရီးရဲလ်မက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က ပြင်သစ်သားဟာ အသင်း အတွက် သင့်တော်မှု မရှိဘူးလို့ ယုံကြည်နေတာကြောင့် ဖြစ်ပါတယ်။

အက်တလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီ ကတော့ တော့တင်ဟမ်ဟော့စပါး နောက်ခံလူ ခရစ္စတီယန် ရိုမဲယိုနဲ့ ပုံမှန် အဆက်အသွယ် ရှိနေကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ အာဂျင်တီးနား လက်ရွေးစင် ကတော့ ဒီနွေရာသီ အတွက် လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ်ရဲ့ ထိပ်တန်း ပစ်မှတ် ဖြစ်နေကြောင်း သိရပါတယ်။ 

ဘာစီလိုနာ ကတော့ နောက်ခံလူ အဲရစ် ဂါစီယာ အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ အဆင်သင့် ဖြစ်နေကြောင်း TodoFichajes က ဖော်ပြခဲ့ပါတယ်။ ဒီစပိန် နောက်ခံလူ ကိုတော့ ကိုမို၊ လေဗာကူဆင်၊ ဂီရိုနာနဲ့ ရီးရဲလ်ဆိုစီဒက် တို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။ 

Fichajes ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ ကတော့ တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အတွက် အက်တလက်တီကိုမက်ဒရစ်ထံ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမား ကတော့ မှန်ကန်တဲ့ စီမံကိန်းကို တင်ပြလာရင်တော့ ကလပ် ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားကြောင်း သိရပါတယ်။

အာဆင်နယ် အနေနဲ့ ဗဟိုခံစစ်မှူး ဝီလီယမ် ဆလီဘာနဲ့ ရိုဒရီဂိုကို အလဲအလှယ် ပြုလုပ်သွားဖွယ် ရှိနေကြောင်း Defensa Central က ဖော်ပြခဲ့ပါတယ်။ ရီးရဲမက်ဒရစ် ကတော့ ၂၀၂၇ မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဆလီဘာကို အဲဒီ အချိန်မှ အလွတ်နဲ့ ခေါ်ယူနိုင်မယ်လို့ ယူဆတာကြောင့် အာဆင်နယ် ဘက်က ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

အာဂျင်တီးနား လက်ရွေးစင် ကတော့ ဒီနွေရာသီ အတွက် လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ်ရဲ့ ထိပ်တန်း ပစ်မှတ် ဖြစ်နေကြောင်း သိရပါတယ်။
ရိုမဲယိုနဲ့ အဆက်အသွယ် အမြဲ ရှိနေတဲ့ အက်တလက်တီကို မက်ဒရစ် နည်းပြ ဆီမြွန်နီ

ဘေယန်မြူးနစ် ကတော့ ဘာစီလိုနာ ကွင်းလယ်လူ ဒန်နီ အော်လမိုကို ခေါ်ယူရန် အတွက် မန်စီးတီးနဲ့ အပြိုင်အဆိုင် ပြင်ဆင်နေကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အော်လမို အနေနဲ့ ဒီနွေရာသီမှာ ကတ်တာလိုးနီးယား ကနေ ထွက်ခွာချင်မှသာ သဘောတူညီမှု ရရှိနိုင်မှ ဖြစ်ကြောင်း သိရပါတယ်။ 

ရီးရဲလ်မက်ဒရစ် ကတော့ ဘင်ဖီကာ ဘယ်နောက်ခံလူ အယ်ဗာရို ကာရီရက်စ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ Matteo Moretto ရဲ့ ဖော်ပြချက်အရ ကလပ် နှစ်သင်းအကြား တရားဝင် စကားပြောဆိုမှုတွေ မကြာခင် ပြုလုပ်သွားဖို့ ရှိနေကြောင်းလည်း သိရပါတယ်။

အကယ်၍ လူးဝစ္စ ဒီးယက်ဇ်သာ ဒီနွေရာသီမှာ လစ်ဗာပူးလ်နဲ့ စာချုပ်သစ် မချုပ်ဆို ဖြစ်ခဲ့ရင်တော့ ဘာစီလိုနာက ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း Estadio Deportivo က ဖော်ပြခဲ့ပါတယ်။ ကြိုးကြာနီတွေ ကတော့ ဒီကစားသမားကို ယူရို သန်း ၉၀ (ပေါင် ၇၅.၈ သန်း) တောင်းဆိုဖွယ် ရှိနေပါတယ်။ 

အန်တွန် ဂရစ်ဇ်မန်း ကတော့ အခုနွေရာသီမှာ အက်တလက်တီကိုမက်ဒရစ် ကနေ မေဂျာလိဂ်ကို ပြောင်းရွှေ့ ကစားဖို့ ဆန္ဒရှိနေကြောင်း TodoFichajes က ဖော်ပြခဲ့သည်။ LA FC ကတော့ ပြင်သစ်သားကို နိုင်ငံ လက်ရွေးစင် အသင်းဖော် ဟူဂို လိုရစ်၊ အိုလီဗီယာ ဂျရူး တို့နဲ့ ပြန်လည် ပေါင်းစည်းပေးဖို့ ကြိုးပမ်းနေပြီး အပြောင်းအရွှေ့မှာလည်း ဦးဆောင်နေကြောင်း သိရပါတယ်။

အက်တလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီက ဘာစီလိုနာ ကွင်းလယ် ကစားသမားလေး ဂါဗီကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ မက်ဒရစ် ကလပ်ဟာ ဂါဗီ အနေနဲ့ အသင်းမှာ အံဝင်ခွင်ကျ ဖြစ်နိုင်မယ်လို့ ယူဆနေပေမယ့် ကစားသမား ကတော့ အသင်း ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခြင်း မရှိကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာက ဂါဗီ အတွက် ကမ်းလှမ်းမှုတွေကို နားထောင်လိုနေကြောင်း Fichajes က ဖော်ပြပါတယ်။

DSportsရဲ့ ဖော်ပြချက်အရ အက်စတွန်ဗီလာ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို မန်ချက်စတာယူနိုက်တက် အပြင် ဘာစီလိုနာ ကလည်း ခေါ်ယူချင်နေကြောင်း သိရပါတယ်။ မာတီနက်ဇ်ကို ယူနိုက်တက်က အန်ဒရီ အိုနာနာ နေရာမှာ အစားထိုးချင်နေသလို ဘာစီလိုနာ ကလည်း လက်စွမ်းကျဆင်းလာတဲ့ တာစတီဂျန်ရဲ့ နေရာမှာ အစားထိုးဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်