နွေရာသီ အပြောင်းအရွှေ့ နီးလေ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေရဲ့ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေ ပိုမို ပေါ်ထွက်လာလေ ဖြစ်ပါတယ်။ ဒါကြောင့် အခုတစ်ခါမှာတော့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ခရစ္စတယ်ပဲလေ့စ် ကွင်းလယ်လူ အဒမ် ဝှာတန်ကို ခေါ်ယူဖို့ တခြား ကလပ်တွေနဲ့ အပြိုင် ကြိုးပမ်းနေပြီလို့ သိရပါတယ်။ လင်းယုန်တွေ ကတော့ လစ်ဗာပူးလ်နဲ့ မန်ချက်စတာစီးတီး တို့က သဘောကျနေတဲ့ သူတို့ရဲ့ ကစားသမား အတွက် ပေါင်သန်း ၁၀၀ ဝန်းကျင် တောင်းဆိုဖွယ်ရှိနေပါတယ်။ ဝှာတန် ကတော့ အသက် ၂၁ နှစ် အရွယ်သာ ရှိနေသေးပေမယ့် ပဲလေ့စ်နဲ့ အတူ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တာကြောင့် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတာပါ။
အာဆင်နယ် ကတော့ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်ကို ယူရို ၇၁ သန်း (ပေါင် ၅၉.၈ သန်း) နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ လက်ရှိအချိန်ထိ အတည်ပြုလို့ မရသေးပေမယ့် အာဆင်နယ် က ပရီးမီးယားလိဂ် ပြိုင်ဘက် ယူနိုက်တက်နဲ့ ချဲလ်ဆီး တို့ကို ကျော်ဖြတ်ပြီး ဆွီဒင် ဂိုးသွင်းစက်ကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ကြောင်း ဖော်ပြနေကြတာ တွေ့ရပါတယ်။
မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ ဘုန်းမောက်က ပေါင် ၆၅ သန်း တောင်းဆိုထားတဲ့ အန်တိုနီ ဆီမီညိုကို ခေါ်ယူဖို့ အပြည့်အဝ ထောက်ခံထားတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် ဂါနာ လက်ရွေးစင် ကတော့ ဘယ်တောင်ပံမှာသာမက ညာတောင်ပံနဲ့ အထောင် တိုက်စစ်နေရာမှာပါ ကစားနိုင်သူ ဖြစ်တာကြောင့် အမော်ရင် သဘောကျတဲ့ ကစားသမား ဖြစ်နေသူပါ။

ပေါ်တူဂီ ယူ ၁၅ အသင်း အတွက် ပွဲဦးထွက် ပါဝင် ကစားခဲ့ပြီးတဲ့နောက် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ သားဖြစ်သူ ခရစ္စတီယာနို ဂျူနီယာကို ခေါ်ယူဖို့ ကလပ် အသင်းပေါင်း ၁၆ သင်းက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီထဲမှာမှ မန်ချက်စတာယူနိုက်တက်၊ တော့တင်ဟမ်ဟော့စပါးနဲ့ ဘေယန်မြူးနစ် တို့ကလည်း ခရစ္စတီယာနို ဂျူနီယာကို စိတ်ဝင်စားနေကြကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။
ဘုန်းမောက်က ဒင်းန် ဟိုင်ဆန်ကို အပြိုင်အဆိုင် ခေါ်ယူဖို့ မအောင်မြင်ခဲ့ရင်တော့ လစ်ဗာပူးလ် အနေနဲ့ ဘင်ဖီကာ ကွင်းလယ်လူ သောမက်စ် အာရူဟိုကို ပြောင်းလဲ ပစ်မှတ်ထားဖို့ ရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ် အရွယ် ပေါ်တူဂီ ဗဟိုခံစစ် ကစားသမား ကတော့ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၈၀ (ပေါင် ၆၇ သန်း) ရှိနေပြီး ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီ တို့က အဓိက စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဒီကစားသမားလေးဟာ ဗဟိုခံစစ် နေရာမှာ သာမက ညာခြမ်း ခံစစ်နဲ့ ညာတောင်ပံ မှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။
လစ်ဗာပူးလ် ကတော့ လေဗာကူဆင် ညာတောင်ပံ ကစားသမား ဂျရမီ ဖရီပေါင်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ပရီးမီးယားလိဂ် ကလပ်ဟာ နယ်သာလန်သား အတွက် ယူရို သန်း ၄၀ (ပေါင် ၃၃.၇ သန်း) တန်ကြေး ရှိတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ် အသုံးပြုရမှာ ဖြစ်ကြောင်း သိရပါတယ်။
အစ်ပ်ဆွစ်ချ်တောင်းရဲ့ ပေါင် သန်း ၃၀ တန် တိုက်စစ်မှူး လီယမ် ဒီလက်ပ်ရဲ့ အပြောင်းအရွှေ့ ကိုတော့ မန်ချက်စတာယူနိုက်တက်က ဦးဆောင်နေတယ်လို့ သိရပါတယ်။ ဒီကစားသမား ကိုတော့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ လစ်ဗာပူးလ် တို့က ခေါ်ယူချင်ကြောင်း သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.