နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ကတော့ မကြာခင်မှာ တရားဝင် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဥရောပ ထိပ်တန်း ကလပ်တွေ အနေနဲ့ လာမယ့် ရာသီ အတွက် အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ အတွက် စတင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ကစားသမား အပြောင်းအရွှေ့တွေနဲ့ ပတ်သတ်လို့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ အသင်းရဲ့ စွမ်းဆောင်ရည်တွေ အပေါ် စိတ်ပျက်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် နော်ဝေသားက ဒီနွေရာသီမှာ သူ့ရဲ့ စာချုပ် သဘောတူညီချက်တွေ အရ အသင်း ပြောင်းရွှေ့ဖို့ စတင် စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဟာလန်း ကိုတော့ ပီအက်စ်ဂျီနဲ့ ဘေယန်မြူးနစ် တို့က အဓိက စောင့်ကြည့်နေပြီး စာချုပ်ပါ သဘောတူညီချက်တွေ အရ ဆိုရင်တော့ ဟာလန်း အနေနဲ့ မန်စီးတီးနဲ့ ကာလရှည်ကြာ စာချုပ် ချုပ်ဆိုထားပေမယ့် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ တို့က ခေါ်ယူဖို့ ကြိုးပမ်းလာရင်တော့ စာချုပ်ဖျက်သိမ်းကြေးနဲ့ အသင်း ပြောင်းရွှေ့ခွင့် ရှိနေသူ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် ကတော့ လာမယ့် ရာသီမှာ ချန်ပီယံဘွဲ့ကို ဆက်ထိန်းနိုင်ဖို့ အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဦးမှာပါ။ လက်တလော မှာတော့ လစ်ဗာပူးလ်ဟာ အတ္တလန္တာ ကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ်ကို ပြန်သွားချင်နေတဲ့ အဒမ်မိုလာ လွတ်ခ်မန်းကို ခေါ်ယူချင်နေပြီး ကမ်းလှမ်းမှု တစ်စိတ်တစ်ပိုင်း အနေနဲ့ ဖက်ဒရစ်ကို ခီယေဇာကို အသုံးပြုဖွယ် ရှိနေတယ်လို့ သိရပါတယ်။
ဆက်စပ် သတင်းတွေအရ ဥရုဂွေး တိုက်စစ်မှူး ဒါဝင် နူညက်ဇ် ကိုတော့ လစ်ဗာပူးလ် ဘက်က အခုနွေရာသီမှာ ဆော်ဒီပရိုလိဂ် ကလပ် တစ်ခုဆီ လက်လွှတ်ဖို့ ဆန္ဒရှိနေတာပါ။ ဒါပေမယ့်လည်း ဥရောပတစ်ဝှမ်းမှာ ရှိတဲ့ ကလပ်တွေက နူညက်ဇ်ကို စိတ်ဝင်စားနေတာကြောင့် ဒီကစားသမားကို အပြိုင်အဆိုင် ခေါ်ယူဖို့ ကြိုးပမ်းရဦးမယ့် သဘော ရှိပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့ရင် ချဲလ်ဆီး ရဲ့ ပစ်မှတ် အစ်ပ်ဆွစ်ချ်တောင်း တိုက်စစ်မှူး လီယမ် ဒီလက်ပ်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

ယူနိုက်တက် ကနေ အငှားထွက် ကစားနေတဲ့ ဂျေဒန် ဆန်ချိုကို ချဲလ်ဆီး ဘက်က အပြီးသတ် ခေါ်ယူခြင်း မရှိဘူး ဆိုရင်တော့ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်က ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ ဆန်ချို ကတော့ ချဲလ်ဆီး မှာလည်း လုံလောက်တဲ့ ခြေစွမ်းပြသနိုင်ခြင်း မရှိတာကြောင့် လန်ဒန် ကလပ် ဘက်က ရှင်းထုတ်ဖို့ စဉ်းစားနေတာလည်း ဖြစ်ပါတယ်။ ဆန်ချို ကိုတော့ တူရကီ ထိပ်သီး ကလပ် ဂါလာတာဆာရေး ကလည်း ခေါ်ယူချင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
လစ်ဗာပူးလ် ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်ကို ရီးရဲလ်မက်ဒရစ်ထံ ရောင်းချဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ အာနိုးလ်ဟာ သူ နှစ်ပေါင်း များစွာ ဖြတ်သန်းခဲ့တဲ့ လစ်ဗာပူးလ်ကို စွန့်ခွာပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားထားသူလည်း ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံ ကွင်းလယ်လူ ကီဗင် ဒီဘရွန်းနား ကတော့ ဒီနွေရာသီမှာ မန်ချက်စတာစီးတီးနဲ့ လမ်းခွဲပြီးနောက် လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ အလေးအနက်ထား စဉ်းစားလျက်ရှိကြောင်း သိရပါတယ်။ ဒီဘရွန်းနားဟာ ပြီးခဲ့တဲ့ ရက်ပိုင်း ကလည်း လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ထံ လုပ်ခလစာ လျှော့ယူကာ ပြောင်းရွှေ့ဖို့ သွားရောက် ကမ်းလှမ်းခဲ့သေးကြောင်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.