ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ဒီနှစ် ဘောလုံးရာသီ မှာလည်း ဆုဖလား အောင်မြင်မှုနဲ့ လွဲချော်ခဲ့ပြီး နောက်ထပ် ဖလား လက်မဲ့ ရာသီ တစ်ခု အဖြစ် အဆုံးသတ်ထားခဲ့ရပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ၃ ရာသီ ဆက်တိုက် ဒုတိယ အဖြစ်နဲ့ပဲ ကျေနပ်ရဖို့ များနေသလို ချန်ပီယံလိဂ် မှာလည်း ပုံစံကောင်း ပြသနိုင်ခဲ့ပေမယ့် ဆီမီးဖိုင်နယ် နဲ့ပဲ ထွက်ခွာခဲ့ရပါတယ်။
အာဆင်နယ်ကို နည်းပြ မီခဲလ် အာတေးတား လက်အောက်မှာ တစ်နှစ်ထက် တစ်နှစ် သိသာတဲ့ တိုးတက်မှုတွေနဲ့ မြင်တွေ့နေရပေမယ့် အဓိက ရည်မှန်းချက် ဖြစ်တဲ့ ဆုဖလား အောင်မြင်မှု ရရှိအောင်တော့ စွမ်းဆောင်နိုင်ခြင်း မရှိသေးပါဘူး။ ဒီလို ဆုဖလား အောင်မြင်မှုတွေနဲ့ ဝေးကွာနေရတာဟာ အသင်းမှာ လုံလောက်တဲ့ ထိပ်တန်း ကစားသမားတွေ မရှိတာကြောင့် ဖြစ်တယ်လို့ လက်ခံထားကြပြီး လာမယ့် နွေရာသီမှာတော့ အသင်းကို အားရစရာ ကောင်းတဲ့ အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနို ကတော့ ဒီနှစ် နွေရာသီဟာ အာဆင်နယ် အတွက် ကြီးမားတဲ့ အပြောင်းအရွှေ့တွေ ခပ်များများ မြင်တွေ့ရမယ့် နွေရာသီ ဖြစ်သလို အရမ်းလည်း အရေးပါလိမ့်မယ်လို့ သုံးသပ် ပြောဆိုထားပါတယ်။ ရိုမာနိုက “အထောင် တိုက်စစ်မှူးသစ် တစ်ဦး သူတိ့် ခေါ်မယ် ဆိုတာ ကျွန်တော်တို့ အားလုံး သိပြီးသားပါ။ ဒါပေမယ့် ကျွန်တော် ထပ်ပြီး အတည်ပြုလိုတာက အာဆင်နယ်ဟာ ထိပ်တန်း တောင်ပံ တိုက်စစ် ကစားသမား တစ်ဦး ကိုလည်း သေချာပေါက် ခေါ်ယူသွားဦးမှာ ဖြစ်ပါတယ်။ ပြီးတော့ ခံစစ်ပိုင်း ကိုလည်း အင်အား ဖြည့်ပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ တိုက်စစ်ပိုင်း အတွက် အလက်ဇန္တား အိဆက်ခ်၊ ဘင်ဂျာမင် ဆက်စ်ကိုနဲ့ ဗစ်တာ ယိုကီးရက်စ် တို့ကို ပစ်မှတ်ထားနေပြီး အဲဒီ ၃ ဦးထဲ ကနေတော့ ဘယ်သူ့ ခေါ်မယ် ဆိုတာ အတိအကျ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆိုရင် ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ အိဆက်ခ် အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၅၀ ပြင်ဆင်ထားတယ်လို့တောင် သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ နောက်ပြီး ယိုကီးရက်စ်ကို စာချုပ်ဖျက်သိမ်းကြေး ပေးပြီး ခေါ်ယူမယ် ဆိုပြီးတော့လည်း သတင်းတွေ ကြီးနေပါတယ်။ ဘင်ဂျာမင် ဆက်စ်ကို ကိုတော့ အာဆင်နယ်က ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေ ကတည်းက ချဉ်းကပ် ကမ်းလှမ်းမှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ တစ်ခုရှိတာက ထိပ်တန်း ကလပ်များစွာက စိတ်ဝင်စားနေတဲ့ ဗစ်တာ ယိုကီးရက်စ်ကို အမှန်တကယ် ခေါ်ယူချင်တယ် ဆိုရင် အာဆင်နယ် အနေနဲ့ ခပ်သွက်သွက် လှုပ်ရှားဖို့ လိုအပ်ပြီး လာမယ့် တစ်ပတ် အတွင်း ကမ်းလှမ်းမှုတွေ ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။
နောက်ထပ် နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ ဒေးဗစ် အွန်းစတိန်း ကလည်း လာမယ့် နွေရာသီမှာ အာဆင်နယ် အနေနဲ့ ကစားသမား အဝင်အထွက် ခပ်များများ မြင်တွေ့ရဖို့ ရှိနိုင်ကြောင်း သုံးစွဲဖို့ လျာထားတဲ့ ဘတ်ဂျက်နဲ့ ချိန်ဆသွားမှာ ဖြစ်ပြီး သေချာတာ ကတော့ အာဆင်နယ် အတွက် ကြီးမားတဲ့ နွေရာသီ ဈေးကွက် ဖြစ်လိမ့်မယ်လို့ NBC သတင်းဌာနကို ဖြေကြားထားပါတယ်။ဒါကြောင့် ယိုကီးရက်စ်နဲ့ ပတ်သက်ပြီး ပေါ်တူဂီ သတင်းဌာနတွေက ဖော်ပြနေတဲ့ သတင်းတွေ ကိုတော့ အာဆင်နယ် ပရိသတ်တွေ အနေနဲ့ ချင့်ချိန် ယုံကြည်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က လာမယ့် အပြောင်းအရွှေ့မှာ ငွေသုံးကြမ်းနိုင်တယ်လို့သာ သိရသေးပေမယ့် ဘယ်ကစားသမားကို အတည် ခေါ်ယူမလဲ ဆိုတာတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရက်ကတော့ ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်နေပေမယ့် ဂျာဆီကိုင်ပြီး လက်မှတ်ထိုးတဲ့ ပုံတွေ Official Page ကနေ တက်လာမှသာ ယုံကြည်ရမှာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ စပိန် ကွင်းလယ်လူက ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှု ၃ ကြိမ်ကို ငြင်းဆန်ပြီး ပရီးမီးယားလိဂ် ကလပ် ကိုသာ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.