နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အခုနှစ် ဘယ်လွန်ဒေါဆုကို ဘယ်သူတွေ ရနိုင်သလဲ ဆိုတာ ခန့်မှန်းလိုက်တဲ့ ရာဖင်ညာ | လာလီဂါ

ဘာစီလိုနာ တိုက်စစ်မှူး ရာဖင်ညာ ကတော့ အခုနှစ် ဘယ်လွန်ဒေါဆုကို ဘယ်သူတွေ ရနိုင်သလဲ ဆိုတာနဲ့ ပတ်သတ်လို့ ခန့်မှန်းမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ဒီလို ခန့်မှန်းရာမှာတော့ ရာဖင်ညာဟာ ကလပ် အသင်းချင်း ပြိုင်ဆိုင်မှုတွေကို လျစ်လျူရှုကာ ဘာစီလိုနာရဲ့ လာလီဂါ ခါးသီး ပြိုင်ဘက် ရီးရဲလ်မက်ဒရစ် ကစားသမားတွေကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်သားဟာ ဘာစီလိုနာ အသင်းဖော် လာမင်း ယာမယ်၊ ပက်ဒရီ တို့အပြင် လစ်ဗာပူးလ်က မိုဟာမက် ဆာလာနဲ့ အတူ ကီလီယန် အမ်ဘာပေးနဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာ တို့ကို ဘယ်လွန်ဒေါဆု ရနိုင်သူတွေ အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရာဖင်ညာက ပီအက်စ်ဂျီနဲ့ အတူ ခြေစွမ်းပြနေတဲ့ ဘယ်လွန်ဒေါဆု အတွက် ဆန်ကာတင် စာရင်းမှာ ပါဝင်နေသူ အူစမန်နီ ဒမ်ဘီလီ ကိုတော့ လျစ်လျူရှုခဲ့ပါတယ်။

ရာဖင်ညာဟာ အခုနှစ် ဘောလုံးရာသီ လာလီဂါ အပါအဝင် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၃၂ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂၂ ကြိမ် ပြုလုပ်ထားကာ ဘယ်လွန်ဒေါဆု အတွက် ရေပန်းစားနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှ အင်တာမီလန်ကို ရှုံးနိမ့်ပြီး ဗိုလ်လုပွဲနဲ့ ဝေးခဲ့ရချိန် မှာတော့ ရာဖင်ညာရဲ့ ဘယ်လွန်ဒေါ ရေပန်းစားမှုတွေလည်း လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။

အကယ်၍ ဒီကနေ့ ညမှာသာ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို အနိုင်ရလိုက်ရင်တော့ ကတ်တာလန် ကလပ်ဟာ လာလီဂါ ဖလား အပါအဝင် Treble အောင်မြင်မှု ရရှိတော့မှာ ဖြစ်ပါတယ်။
ဘယ်လွန်ဒေါဆု ဆန်ကာတင် စာရင်း အဆင့် ၃ နေရာမှာ ရှိနေတဲ့ ရာဖင်ညာ

ဘာစီလိုနာဟာ ဥရောပ အောင်မြင်မှုနဲ့ လွဲချော်ခဲ့ပြီ ဖြစ်ပေမယ့် အခုနှစ် ဘောလုံးရာသီမှာ တခြားသော ပြည်တွင်း ဆုဖလားတိုင်းကို ရယူနိုင်တဲ့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ အကယ်၍ ဒီကနေ့ ညမှာသာ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို အနိုင်ရလိုက်ရင်တော့ ကတ်တာလန် ကလပ်ဟာ လာလီဂါ ဖလား အပါအဝင် Treble အောင်မြင်မှု ရရှိတော့မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဘယ်လွန်ဒေါဆုနဲ့ ပတ်သတ်ပြီး သတင်းထောက်တွေက ရာဖင်ညာကို မေးမြန်းချိန်မှာတော့ အခုလိုပဲ ဖြေကြားလာခဲ့တာ ဖြစ်ပါတယ်။

ရာဖင်ညာက “ဘယ်လွန်ဒေါလား။ လာမင်း (ယာမယ်)၊ ဆာလာ၊ အမ်ဘာပေးတို့ ပါပါတယ်။ ပက်ဒရီက ကျွန်တော့် အတွက်တော့ ကမ္ဘာပေါ်က အကောင်းဆုံးတွေထဲက တစ်ယောက်ပါ။ ဗင်နီးစီးယပ်စ် ကလည်း ကျွန်တော့် အတွက် အမြဲတမ်း ဆန်ကာတင် ကစားသမားပါ။ သူ့ရဲ့ စွမ်းဆောင်ရည်တွေက ပြီးခဲ့တဲ့ နှစ်မှာ အနည်းငယ် ကျဆင်းသွားခဲ့ရင်တောင်မှပေါ့။” လို့ ပြောကြားခဲ့ပါတယ်။

လာမင်း ယာမယ် ကတော့ သူ့ရဲ့ ကြွယ်ဝတဲ့ စွမ်းဆောင်ရည်တွေနဲ့ ဒီရာသီမှာ ဘာစီလိုနာကို တွန်းတင်ပေးနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရာဖင်ညာ ကတော့ ယာမယ်ထက် ပက်ဒရီရဲ့ အသင်းအပေါ် သက်ရောက်မှု ကြီးမားပုံကို လျစ်လျူ မရှုထားသင့်ကြောင်း သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

မကြာသေးခင်က ရီးရဲလ်မက်ဒရစ် ကွင်းလယ် ဖန်တီးရှင်ဟောင်း တိုနီ ခရူးစ် ကလည်း ဘာစီလိုနာရဲ့ ကွင်းလယ် ကစားသမား ပက်ဒရီကို ချီးကျူးခဲ့ပါသေးတယ်။ ခရူးစ်က “ကျွန်တော့် အတွက် ဆိုရင်တော့ ပက်ဒရီလို ကစားသမားက လာမင်း ယာမယ်၊ ရာဖင်ညာ ဒါမှမဟုတ် ရောဘတ် (လီဝမ်ဒေါစကီး) တို့ထက် ပိုပြီး အရေးကြီးပါတယ်။ သူတို့က ပွဲတွေရဲ့ ရလဒ်တွေကို ဆုံးဖြတ်ပေးနိုင်ပေမယ့် အဲဒါကို လုပ်ဖို့၊ ပက်ဒရီက သူ ကစားနေတဲ့ နေရာမှာ ဆိုရင် လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ပါတယ်။ သူ မကစားနိုင်တဲ့ အခါ ဆိုရင် သူ့ကို မင်းတို့ လွမ်းနေရပါလိမ့်မယ်။ ခင်ဗျား အနေနဲ့ သူနဲ့ ပြိုင်ဘက် အဖြစ် ကစားနေရရင်တောင်မှပေါ့။ သူက ဂိုးသွင်းဖို့ပဲ မဟုတ်သလို ဖန်တီးပေးဖို့ပဲလည်း မဟုတ်ပါဘူး။ သူက ပြဿနာတွေ ကိုပါ ဖြေရှင်းပေးနိုင်သူပါ။

ရီးရဲလ်မက်ဒရစ် တောင်ပံ တိုက်စစ် ကစားသမား ဗင်နီးစီယပ်စ် ဂျူနီယာ ကတော့ ယမန်နှစ်က ဘယ်လွန်ဒေါဆု ရရှိဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိခဲ့သူပါ။ ဒါပေမယ့်လည်း ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်က ဖလား လက်မဲ့ ဖြစ်ဖို့ နီးစပ်နေသလို အောင်မြင်မှုလည်း မရတာကြောင့် ဗင်နီးစီးယပ်စ်ရော သူ့ရဲ့ အသင်းဖော် အမ်ဘာပေးရောဟာ ဘယ်လွန်ဒေါဆုနဲ့ ထပ်မံ လွဲချော်ဖို့ များသွားခဲ့ပြီ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် အတွက် ဘယ်လွန်ဒေါ ဆန်ကာတင် စာရင်း မှာတော့ ပီအက်စ်ဂျီ တိုက်စစ် ကစားသမား အူစမန်နီ ဒမ်ဘီလီက ထိပ်ဆုံးက ရှိနေပြီး သူ့နောက်မှာတော့ လာမင်း ယာမယ်၊ ရာဖင်ညာ၊ ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမား၊ မိုဟာမက် ဆာလာ တို့က အသီးသီး ရပ်တည်နေပါတယ်။ ပက်ဒရီ ကတော့ ဆန်ကာတင် စာရင်းရဲ့ အဆင့် ၆ နေရာမှာ ရှိနေပြီး ဘေယန်မြူးနစ်နဲ့ ကစားသမားဘဝ ပထမဦးဆုံး ဆုဖလား ရရှိထားတဲ့ ဟယ်ရီကိန်းက အဆင့် ၇ နေရာမှာ ရှိနေပါတယ်။ အဲဒီနောက် ကီလီယန် အမ်ဘာပေးက အဆင့် ၇၊ အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်က အဆင့် ၉ နဲ့ လီဝမ်ဒေါစကီး ကတော့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်