ဘွန်ဒက်စ်လီဂါ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် ကတော့ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၆၀ (ပေါင် ၅၀.၈ သန်း) နဲ့ ခေါ်ယူနိုင်မယ့် ဘီလ်ဘာအို တောင်ပံကစားသမား နီကို ဝီလီယမ်စ်ကို ခေါ်ယူချင်နေဆဲ ဖြစ်ပါတယ်။ ဒီစပိန်သား ကိုတော့ ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ ချဲလ်ဆီး၊ လာလီဂါမှာ ဘာစီလိုနာနဲ့ ဘွန်ဒက်စ်လီဂါ မှာတော့ ဘေယန်မြူးနစ် တို့က အသည်းအသန် လိုချင်နေတာ ဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါး အနေနဲ့ အခုနွေရာသီမှာ ညာနောက်ခံလူ ပက်ဒရို ပေါ်ရိုကို ဆုံးရှုံးခဲ့ရရင်တော့ ပါနာသီနာကော့စ်ရဲ့ အသက် ၂၃ နှစ် အရွယ် ဂျော့ဂျာ့စ် ဗာဂျီယန်နီဒစ်နဲ့ အစားထိုးဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ စပါးမှာ ခြေစွမ်းပြနေတဲ့ ပေါ်ရို ကိုတော့ လာလီဂါ ကလပ်များစွာက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါ ကလပ် ဘေယာ လေဗာကူဆင် ဗဟိုခံစစ်မှူး ဂျွန်နသန် တာ့ရ် ကိုတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ တို့က ခေါ်ယူချင်နေပါတယ်။ ဒီကစားသမား ကိုတော့ ဘေယန်မြူးနစ် ကလည်း ခေါ်ယူချင်နေပြီး ကစားသမား ကိုယ်တိုင် ကလည်း ဂျာမန်မြေမှာ ဆက်လက် ကစားချင်နေကြောင်း သိရပါတယ်။
ဂျီနိုအာ ကွင်းလယ်လူ မော်တန် ဖရန်ဒရပ် ကိုတော့ ဝက်စ်ဟမ်းယူနိုက်တက်နဲ့ ဝုဗ် တို့က အလိုရှိနေပါတယ်။ (ဘောလုံးလွှဲပြောင်းမှုများ)

မန်စီးတီး ကတော့ အသင်းမှာ မကြာခဏ ဆိုသလို ဒဏ်ရာရနေတဲ့ ဂျွန်စတုန်းစ်နဲ့ ပတ်သတ်ပြီး စိုးရိမ်မှုတွေ ရှိနေတာကြောင့် လက်လွှတ်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ ဂျွန်စတုန်းစ် ကိုတော့ အဲဗာတန်က ခေါ်ယူချင်နေပါတယ်။
လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ အင်တာမီလန်ရဲ့ ခြေစွမ်းပြ တောင်ပံကစားသမား ဒန်ဇဲလ် ဒမ်းဖရီးစ်ကို စိတ်ဝင်စားနေပါတယ်။ ဘာစီလိုနာဟာ လေဗာကူဆင် ညာနောက်ခံလူ ဂျရမီ ဖရင်ပေါင် အပြင် ဖီအိုရင်တီးနားက ဒိုဒိုနဲ့ မိုနာကိုက ဗန်ဒါဆန် တို့ကိုလည်း စောင့်ကြည့်နေပါတယ်။ ဖရင်ပေါင် ကိုတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်က ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဆက်စပ် သတင်းတွေ အရ ဆိုရင်တော့ ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ ချဲလ်ဆီး အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် အတွက် အံ့အားသင့်ဖွယ် အပြောင်းအရွှေ့ ပြုလုပ်ဖို့ တွန်းအားပေးနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီး ကတော့ သူ့ရဲ့ ညာနောက်ခံလူကို အနည်းဆုံး ယူရို သန်း ၃၀ (ပေါင် ၂၅.၅ သန်း) လိုချင်နေပေမယ့်လည်း တိုက်စစ်မှူး ဖာရန်း တောရက်စ် နဲ့လည်း အလဲအလှယ် ပြုလုပ်မယ် ဆိုရင်လည်း လက်ခံသွားဖွယ် ရှိနေပါတယ်။
ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ် တို့က စိတ်ဝင်စားနေတဲ့ အစ်ပ်ဆွစ်ချ် တိုက်စစ်မှူး လီယမ် ဒီလက်ပ်ရဲ့ အေးဂျင့်တွေဟာ အဲဗာတန်နဲ့လည်း ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ တော့တင်ဟမ်ဟော့စပါးက ဒီလက်ပ်ရဲ့ အပြောင်းအရွှေထဲ ပါဝင်လာခဲ့ပြီ ဖြစ်ကြောင်း GIVEMESPORTက ဖော်ပြပါတယ်။
နော့တင်ဟမ်ဖောရက်စ်နဲ့ နယူးကာဆယ် တို့ကတော့ အက်တလက်တီကိုမက်ဒရစ်က စိတ်ဝင်စားနေတဲ့ ဂီရိုနာ ကွင်းလယ်လူ ယန်ဂဲလ် ဟာရဲရားကို ခေါ်ယူချင်နေကြာင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.