နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ်က ယူနိုက်တက်ထက် စောပြီး ၂၁ ကြိမ်မြောက် ချန်ပီယံဆုကို စံချိန်တင် ရရှိနိုင်ကြောင်း သုံးသပ်လိုက်တဲ့ ပေါ်လ်စခိုးလ် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် ဂန္တဝင် ကစားသမား ပေါလ် စခိုးလ် ကတော့ လစ်ဗာပူးလ် အနေနဲ့ ၂၁ ကြိမ်မြောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ယူနိုက်တက်ထက် ပိုစောပြီး ရနိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။ ဒါ့အပြင် ဒီရာသီ ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ်ဟာ အကောင်းဆုံး အသင်းလည်း ဖြစ်ကြောင်း ချီးကျူးစကား ပြောကြားခဲ့ပါသေးတယ်။

ပေါလ်စခိုးလ်က “မန်စီးတီးက ဒီရာသီမှာ အကောင်းဆုံး မဟုတ်သလို၊ အာဆင်နယ် ကလည်း သရေပွဲတွေ များလွန်းပါတယ်။ အကယ်၍ မန်စီးတီးနဲ့ အာဆင်နယ်တို့ အဆုံးထိ ဖိအားပေးနိုင်ခဲ့မယ် ဆိုရင်လည်း ဒီရာသီက လစ်ဗာပူးလ် အတွက်ပါပဲ။ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲက လွယ်သလို ဖြစ်ခဲ့ပေမယ့် လစ်ဗာပူးလ် အနေနဲ့ အံ့မခန်း အောင်မြင်မှု ရရှိခဲ့တာပါ။ ကျွန်တော့် အတွက် ဆိုရင်တော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ် ကသာ အကောင်းဆုံးပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး စခိုးလ်က “ကျွန်တော် ကစားသမားဘဝ ကနေ အနားယူတော့ ယူနိုက်တက်က လစ်ဗာပူးလ်ထက် ပရီးမီးယားလိဂ် ဖလား ၂ လုံး သာနေခဲ့တာပါ။ ဒါပေမယ့် အခုတော့ လစ်ဗာပူးလ်က ယူနိုက်တက်ထက် အရင် ၂၁ ကြိမ်မြောက် ချန်ပီယံဆုကို ရယူနိုင်ဖို့ ရှိနေပါတယ်။” လို့လည်း ဆိုခဲ့ပါသေးတယ်။

လစ်ဗာပူးလ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၈၂ မှတ်နဲ့ ဇယား ထိပ်ဆုံးမှာ ရပ်တည်ပြီး ဒုတိယ နေရာက အာဆင်နယ်ကို ၁၅ မှတ် အထိ ဖြတ်ကာ လက်ကျန် ၄ ပွဲ အလိုမှာပဲ ချန်ပီယံ ဖြစ်ခဲ့တာပါ။
ယူနိုက်တက်ရဲ့ အဓိက ဆုဖလား အောင်မြင်မှုကို လိုက်မှီခဲ့တဲ့ လစ်ဗာပူးလ်

လစ်ဗာပူးလ် ကတော့ ပြီးခဲ့တဲ့လ ၂၇ ရက်နေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ မှာ တော့တင်ဟမ်ဟော့စပါးကို ၅-၁ ရလဒ်နဲ့ ပြတ်သားစွာ အနိုင်ယူပြီးနောက် အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့တာပါ။ ဒါကြောင့် ကြိုးကြာနီတွေဟာ အင်္ဂလန် အဆင့်မြင့်တန်း အမှတ်ပေးဖလားကို သမိုင်းတစ်လျှောက် အကြိမ် ၂၀ မြောက် ရယူနိုင်ခဲ့ပြီးတော့ အင်္ဂလန် ဒါဘီ ခါးသီး ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ရဲ့ စံချိန်ကိုလည်း လိုက်မှီသွားခဲ့ပါတယ်။

ဒါ့အပြင် လစ်ဗာပူးလ်က ယာဂင် ကလော့ပ် ထွက်ခွာသွားပြီးနောက် နည်းပြသစ် အာနေး ဆလော့တ် လက်ထက်မှာ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ပဲ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ရာသီအစ ခန့်မှန်းမှုတွေကို ပြောင်းပြန်လှန်ပြီးတော့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာခဲ့တဲ့ အသင်း ဆိုရင်လည်း မမှားပါဘူး။ လစ်ဗာပူးလ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၈၂ မှတ်နဲ့ ဇယား ထိပ်ဆုံးမှာ ရပ်တည်ပြီး ဒုတိယ နေရာက အာဆင်နယ်ကို ၁၅ မှတ် အထိ ဖြတ်ကာ လက်ကျန် ၄ ပွဲ အလိုမှာပဲ ချန်ပီယံ ဖြစ်ခဲ့တာပါ။

လစ်ဗာပူးလ် ကတော့ အင်္ဂလန် အဆင့်မြင့်တန်း အမှတ်ပေးပြိုင်ပွဲမှာ ကလပ် သမိုင်း တစ်လျှောက် အကြိမ် ၂၀ မြောက် ချန်ပီယံ ဖြစ်ခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် ဆိုပြီး အမည် ပြောင်းလဲပြီးနောက် ဒုတိယအကြိမ် ချန်ပီယံ ဖြစ်ခဲ့တာပါ။ ဒါကြောင့် လစ်ဗာပူးလ် အနေနဲ့ အင်္ဂလန် ဘောလုံး သမိုင်းတစ်လျှောက် အမှတ်ပေးဖလား ချန်ပီယံဆုကို အကြိမ် ၂၀နဲ့ စံချိန်တင် ရရှိထားတဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ အောင်မြင်မှုကို လိုက်မှီခဲ့သလို အဓိက ဆုဖလား ရရှိထားမှု မှာလည်း လစ်ဗာပူးလ် အနေနဲ့ ယူနိုက်တက်ကို လိုက်မှီခဲ့ပြီလည်း ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ အတူ အဓိက ဆုဖလား ၆၈ လုံး ရရှိထားပြီး ကွန်မြူနတီဒိုင်း ဖယ်လိုက်မယ် ဆိုရင်တော့ ဆုဖလား ၅၂ လုံးနဲ့ ၄၇ လုံး ရထားတဲ့ ယူနိုက်တက်ကို အသာရထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်