ညက ယှဉ်ပြိုင်ကစားသွားတဲ့ ဘာစီလိုနာနဲ့ အင်တာမီလန် တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ကတော့ တကယ့်ကို ရင်သပ်ရှုမောစရာ ကောင်းတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာဟာ တစ်ဦးချင်း စွမ်းဆောင်ရည်ကောင်းတွေနဲ့ အတူ အသင်းလိုက် ချိတ်ဆက် ကစားပုံတွေ ကလည်း ကြည့်ရှုသူတွေကို အရသာ ရှိစေခဲ့သလို အင်တာမီလန်ရဲ့ ကြံ့ခိုင်မှု အသားပေး အဆုံးသတ် ပိုင်နိုင်မှုတွေကလည်း ပွဲကို ပိုပြီး အရှိန်တက်စေခဲ့တာ ဖြစ်ပါတယ်။
ဟန်ဆီ ဖလစ်ခ်ရဲ့ ဘာစီလိုနာက လီဝမ်ဒေါစကီး မပါနိုင်တဲ့ တိုက်စစ် အတွက် ဖာရန်း တောရက်စ် နဲ့ပဲ ပွဲထွက်လာခဲ့ပြီး ယာမယ်၊ အော်လမို၊ ရာဖင်ညာ၊ ပီဒရီ၊ ဒီယောင် တို့လို အမာခံ ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ အင်တာမီလန် ဘက်မှာလည်း ဒဏ်ရာရနေတဲ့ ပါဗက်က လွဲလို့ လူစုံခဲ့ပါတယ်။ အင်တာမီလန်က ပွဲအစ ၁ မိနစ်မှာ ကတည်းက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး မားကပ်စ် သူရမ်က ဒမ်းဖရီးစ်ရဲ့ ပေးပို့မှု ကနေ နောက်ပေါက်နဲ့ လှလှပပ သွင်းယူနိုင်ခဲ့တာပါ။ အဲဒီနောက် ချေပဂိုး ရဖို့ ဘာစီလိုနာတို့ တိုက်စစ်မြှင့်ခဲ့ပေမယ့် ဖာရန်း တောရက်စ်ရဲ့ ကန်ချက် တချို့ ဂိုးပေါက်နဲ့ အနည်းငယ် လွဲချော်နေခဲ့ပါတယ်။ ပွဲချိန် ၂၄ မိနစ် မှာတော့ ဘာစီလိုနာတို့ လိုအပ်နေတဲ့ ချေပဂိုး စတင်ရရှိခဲ့ပြီး လာမင်း ယာမယ်က တစ်ကိုယ်တော် လိမ်ခေါက်ပြီး ဂိုးသမား ဆွမ်မားရဲ့ ညာဘက်ထောင့်ထဲကို ဝေ့ဝိုက် ကန်သွင်းခဲ့တာပါ။ အဲဒီနောက် ဖာရန်း တောရက်စ်က ရာဖင်ညာရဲ့ ဖန်တီးပေးမှု ကနေ အပိုင်နိုင်ဆုံး အဆုံးသတ်ခဲ့လို့ ပထမပိုင်း အပြီးမှာ ၂-၂ ဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း မှာလည်း အိမ်ရှင်ကပဲ ပွဲကို ထိန်းချုပ်ကာ လိုအပ်နေတဲ့ သွင်းဂိုးတွေ အတွက် အားထုတ်ခဲ့ပေမယ့် တကယ်တမ်း ဦးဆောင်ဂိုး ထပ်ရသွားခဲ့တာက အင်တာမီလန်ပဲ ဖြစ်ပါတယ်။ ဒီဂိုး ကိုလည်း ဒမ်းဖရီးစ်က သွင်းယူပေးခဲ့တာ ဖြစ်ပြီးတော့ ၁ မိနစ် အကြာမှာ ဘာစီလိုနာက ချေပဂိုး ပြန်သွင်းခဲ့လို့ အင်တာမီလန်တို့ အပျော်တွေ မကြာခဲ့ပါဘူး။ ဘာစီလိုနာ အတွက် တတိယ ချေပဂိုးကို ရာဖင်ညာက ဧရိယာ ပြင်ပကနေ အဝေးကန်ချက်နဲ့ လှလှပပ ကန်သွင်းရာမှာ တိုင်ထိပြီး ဆွမ်မားနဲ့ ထိကာ ဂိုးထဲ ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာတော့ ဘာစီလိုနာက တစ်ဖက်သတ် ဖိကစားခဲ့ပေမယ့် အင်တာမီလန်ရဲ့ ကျစ်လျစ်တဲ့ ခံစစ်ကို မကျော်နိုင်ခဲ့ပဲ ၃-၃ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
ဒီပွဲ ရလဒ်ဟာ နှစ်သင်းစလုံး အတွက် မျှတတဲ့ ရလဒ်လို့ပဲ ဆိုရမှာပါ။ ပွဲစခင်က ပြောခဲ့သလိုပဲ အင်တာမီလန်ဟာ ချန်ပီယံလိဂ်မှာ ဘာစီလိုနာနဲ့ တွေ့ရင် ဒုက္ခပေးတတ်သလို ဒီအီတလီ ကလပ်က ကြိုတင် တွက်ဆခဲ့သလိုပဲ မထင်မှတ်တာတွေ လုပ်ပြဖို့ ကြိုးစားခဲ့တာပါ။ နှစ်သင်းစလုံးရဲ့ သွင်းဂိုးတွေက အရည်အသွေးမြင့်ခဲ့သလို ဒီနေ့ပွဲမှာ ထူးထူးခြားခြား ချီးကျူးရမှာက MOTM ရသွားတဲ့ ဒမ်းဖရီးစ်ပါ။ ဒမ်းဖရီးစ်ဟာ ကိုယ်တိုင် ၂ ဂိုး သွင်းခဲ့သလို သူရမ်ရဲ့ ဂိုး အတွက်လည်း ဖန်တီးပေးခဲ့ပါတယ်။ နောက်ပြီး အင်တာမီလန်က တစ်ပွဲလုံးမှ ဂိုးပေါက် ၃ ကြိမ်သာ တည့်ခဲ့ပြီး ဖြတ်တင်ဘော ၃ ကြိမ် ကနေ သွင်းဂိုး ၃ ဂိုး ယူနိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် အင်ဇာဂီရဲ့ လက်တွေ့ဆန်တဲ့ ပွဲချဉ်းကပ်ပုံက အလုပ်ဖြစ်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။
မည်သို့ပင် ဆိုစေကာမူ အင်တာမီလန်-ဘာစီလိုနာ အားပြိုင်မှုက ပထမအကျော့မှာ ဘယ်အသင်းမှ အလေးမသာခဲ့တာကြောင့် ဒုတိယအကျော့ ဆန်စီရို တွေ့ဆုံမှုကို ဆက်လက် စောင့်ကြည့်ရဖို့ ရှိလာခဲ့ပါပြီ။ နှစ်သင်းစလုံး အတွက် ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရေး မျှော်လင့်ချက် ရှိနေဆဲ ဖြစ်သလို မြူးနစ် သွားရမယ့် လက်မှတ်ကို စပိန်တွေပဲ ရသွားမလား၊ အီတလီတွေပဲ ရသွားမလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.