ဘီလ်ဘာအို – မန်ချက်စတာယူနိက်တက်
ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် ဘီလ်ဘာအိုက ယူနိုက်တက်ကို ဆန်းမားမက်စ် ဘာရီယာမှာ ဧည့်ခံရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်မှာ လိုင်ယွန် ကိုတောင် ခက်ခက်ခဲခဲ ကန်လာခဲ့ရတဲ့ ယူနိုက်တက်တို့ ဘီလ်ဘာအိုလို ပိုကောင်းတဲ့ အသင်းနဲ့ အတွေ့မှာ ဘယ်လိုမျိုး ရင်ဆိုင်သွားမလဲ ဆိုတာ စောင့်ကြည့်ချင်စရာ ဖြစ်ပါတယ်။
ဘီလ်ဘာအိုဟာ ပြီးခဲ့တဲ့ အဆင့်တွေမှာ ရိုးမား၊ ရိန်းဂျားစ် တို့လို အသင်းတွေနဲ့ တွေ့ဆုံခဲ့ပြီး အရမ်းကြီး မခက်ခဲခဲ့ပါဘူး။ ဘီလ်ဘာအိုဟာ ဒီနှစ် ယူရိုပါလိဂ်မှာ စပါး ပြီးရင် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်ပြီး ဒီပွဲမှာလည်း အများစု အကြိုက်က ဘီလ်ဘာအို ဘက်မှာပဲ ရှိနေပါလိမ့်မယ်။ ဘီလ်ဘာအိုမှာ ဝီလီယမ်စ် ညီအကို အပါအဝင် ဘာရန်ဂူအာ တို့လို Talent Player တွေ ရှိသလို အသင်းလိုက် ကစားပုံ ကလည်း စနစ်ကျပါတယ်။ အာနတ်စတို ဗဲလ်ဗာဒီ ရဲ့ အသင်းက လာလီဂါရဲ့ ခံစစ် အကောင်းဆုံး ဖြစ်ပြီး ကစားရခက်တဲ့ အသင်း တစ်သင်းလို့လည်း ပြောလို့ ရပါတယ်။ ယူနိုက်တက်လို ဘောလုံးကို စနစ်တကျ မကစားနိုင်သေးတဲ့ အသင်းမျိုးက ဘီလ်ဘာအို အတွက် အကြိုက်တွေ့စရာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ လိုင်ယွန်ကို အသည်းအသန် ကန်ပြီးမှ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ကို ရောက်လာတဲ့ အသင်း ဖြစ်ပါတယ်။ ယူနိုက်တက် ပရိသတ် တချို့ ကတော့ သူတို့ အသင်းရဲ့ အံ့အားသင့်ဖွယ် ပြန်လာနိုင်မှု အတွက် ကျေနပ်နေကြပေမယ့် ခြေစွမ်း ကတော့ စိတ်ချရတဲ့ အခြေအနေ မဟုတ်ဘူး ဆိုတာတော့ လက်ခံရပါလိမ့်မယ်။ ပြောရရင် ယူနိုက်တက်ရဲ့ အခြေအနေက ဘာဆို ဘာမှ မသေချာပါဘူး။ နောက်ပြီး ဘီလ်ဘာအိုလို ခံစစ် ရှယ်ကောင်းတဲ့ အသင်းမျိုးကို ဟွိုက်ဂျ်လန်း ဦးဆောင်တဲ့ တိုက်စစ်နဲ့ ယူနိုက်တက်တို့ ဘယ်လို ကျော်ဖြတ်မလဲ ဆိုတာ ကလည်း မေးခွန်းထုတ်စရာပါ။
နှစ်ဖက်အသင်း သတင်းများ

ယူနိုက်တက် ဘက်မှာတော့ အာမက်ဒ် ဒီယာလို၊ ဟေဗန်၊ ဒါးလော့တ်၊ ဇီယက်ခ်ဇီး၊ လီဆန်ဒရို မာတီနက်ဇ်၊ တိုဘီ ကိုလီယာ တို့ လွဲချော်မှာ ဖြစ်သလို ဒီလစ်ဂျ် ကလည်း ပါဝင်လာဖို့ မသေချာသေးပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘီလ်ဘာအို – ဆီမွန်၊ ဒီမားကို့စ်၊ ဗီဗီယန်၊ အဲလ်ဗာရက်ဇ်၊ ဘာချီချီ၊ ဂါလာရတ်တာ၊ ဂျော်ရီဂီဇာ၊ နီကို ဝီလီယမ်စ်၊ အင်နာကီ ဝီလီယမ်စ်၊ ဘာရန်ဂူယာ၊ ဆန်နက်ဒီ
မန်ချက်စတာယူနိက်တက် – အိုနာနာ၊ ရှော၊ မက်ဂွိုင်းယား၊ ယိုရို၊ ဒေါ်ဂူ၊ ကက်စ်မဲရိုး၊ မိန်းနူး၊ မက်ဇရာရီ၊ ဖာနန်ဒက်စ်၊ ဂါနာချို၊ ဟွိုက်ဂျ်လန်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၃ ကြိမ် တွေ့ဆုံဖူးပြီးတော့ ယူနိုက်တက်က ဘီလ်ဘာအိုကို တစ်ကြိမ်မှ အနိုင်မရဖူးပါဘူး။ ၂၀၁၂ ယူရိုပါလိဂ် ရှုံးထွက်အဆင့်မှာ တွေ့ဆုံခဲ့ဖူးပြီးတော့ ဘီလ်ဘာအိုက နှစ်ကျော့စလုံးမှာ အနိုင်ရထားပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင်တော့ ဘီလ်ဘာအိုက ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးပြီး ယူနိုက်တက် ကတော့ ၁ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘီလ်ဘာအို နိုင်ရင် ၂.၀၅ ဆ ရမှာ ဖြစ်ပြီး မန်ချက်စတာယူနိက်တက် နိုင်ရင်တော့ ၃.၃၂ ဆ နဲ့ သရေ ဆိုရင်တာ့ ၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း ဘီလ်ဘာအိုက သရေ တစ်ဝက်ရှုံး၊ သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံးက စဖွင့်ပေးထားပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ ယူနိုက်တက် ရင်ဆိုင်ရမှာက လာလီဂါရဲ့ ခံစစ် အကောင်းဆုံး အသင်းပါ။ လိုင်ယွန်နဲ့ ဘာမှမဆိုင်လောက်အောင် ခက်ခဲမယ့် ပွဲဖြစ်ပါတယ်။ ယူနိုက်တက် စပိန်မြေမှာ သရေ ရဖို့တောင် မနည်းကစားရမှာပါ။ ဘီလ်ဘာအိုပဲ ကြိုက်ပါတယ်။
ခန့်မှန်းရလဒ်
ဘီလ်ဘာအို ၂-၀ မန်ချက်စတာယူနိက်တက်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.