အခုတစ်ပတ်၂၀၂၄-၂၅ဘောလုံးရာသီပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာတဲ့လစ်ဗာပူးလ်ကတော့လာမယ့်မေလ၂၆ရက်နေ့မှာမြို့အတွင်းမှာလှည့်လည်အောင်ပွဲခံမှုပြုလုပ်သွားမယ်လို့သိရပါတယ်။လစ်ဗာပူးလ်အနေနဲ့အင်္ဂလန်အဆင့်မြင့်တန်းလိဂ်ပြိုင်ပွဲမှာအကြိမ်၂၀မြောက်ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီးလစ်ဗာပူးလ်မြို့အတွင်းလှည့်လည်အောင်ပွဲခံမှာဖြစ်ကြောင်းအသင်းဘက်ကအတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။
လစ်ဗာပူးလ်အနေနဲ့ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့တင်ဟမ်ဟော့စပါးကိုအနိုင်ရရှိပြီးနောက်ရာသီပြီးဆုံးဖို့၄ပွဲအလိုမှာပဲချန်ပီယံဖြစ်ခဲ့တာပါ။လစ်ဗာပူးလ်ဟာအမှတ်ပေးဇယားဒုတိယနေရာကအာဆင်နယ်ကို၁၅မှတ်အထိဖြတ်ထားနိုင်ခဲ့တာကြောင့်ပရီးမီးယားလိဂ်ချန်ပီယံဆုကိုထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာတော့တင်ဟမ်ဟော့စပါးကိုအနိုင်ရခဲ့တဲ့ပွဲအပြီးအန်ဖီးလ်ကွင်းမှာလည်းအောင်ပွဲခံမှုပြုလုပ်ခဲ့ပြီးအမိုးဖွင့်ဘတ်စ်ကားနဲ့မြို့အတွင်းလှည့်လည်အောင်ပွဲခံမှုကိုတော့မေလ၂၆ရက်နေ့မှာပြုလုပ်မှာဖြစ်တယ်လို့ပြီးခဲ့တဲ့ရက်ကပဲအတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။သတင်းတွေအရဆိုရင်တော့လစ်ဗာပူးလ်ဟာချန်ပီယံလိဂ်ဖလားရရှိခဲ့တဲ့၂၀၁၈-၂၀၁၉ဘောလုံးရာသီကအောင်ပွဲခံခဲ့တဲ့ပုံစံအတိုင်းပြုလုပ်သွားဖို့စီစဉ်ထားပြီးတော့၃နာရီကနေ၅နာရီအကြားကြာမြင့်ဖို့ရှိနေပါတယ်။

အောင်ပွဲခံအခမ်းအနားကိုမေလ၂၆ရက်နေ့မှာပြုလုပ်ဖို့အတွက်လစ်ဗာပူးလ်မြို့တော်ကောင်စီကကမ်းလှမ်းခဲ့တာဖြစ်ပြီးလစ်ဗာပူးလ်ဘက်ကလည်းလက်ခံခဲ့တဲ့အတွက်အဲဒီနေ့ရက်ကိုပဲအတည်ပြုနိုင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။လစ်ဗာပူးလ်မြို့တော်ကောင်စီအရာရှိလီယမ်ရော်ဘင်ဆင်က “လစ်ဗာပူးလ်ရဲ့အောင်ပွဲခံအခမ်းအနားကဘောလုံးအောင်ပွဲဆိုတာထက်ကိုပိုပါတယ်။ဒါဟာကျွန်တော်တို့ရဲ့မြို့ကိုကိုယ်စားပြုတဲ့အောင်ပွဲခံအခမ်းအနားတစ်ခုလည်းဖြစ်ပါတယ်။”လို့ပြောကြားသွားခဲ့ပါတယ်။
လစ်ဗာပူးလ်ကတော့အင်္ဂလန်ရဲ့အဆင့်မြင့်ဆုံးလိဂ်ပြိုင်ပွဲမှာကလပ်အသင်းသမိုင်းတစ်လျှောက်အကြိမ်၂၀မြောက်နဲ့ပရီးမီးယားလိဂ်လို့အမည်ပြောင်းလဲပြီးနောက်မှာတော့ဒုတိယအကြိမ်ချန်ပီယံဖြစ်ခဲ့တာပါ။ဒါကြောင့်လစ်ဗာပူးလ်အနေနဲ့အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက်အဆင့်မြင့်အမှတ်ပေးဖလားချန်ပီယံဆုကိုအကြိမ်၂၀နဲ့စံချိန်တင်ရရှိထားတဲ့မန်ချက်စတာယူနိုက်တက်ရဲ့အောင်မြင်မှုကိုလိုက်မှီနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။နောက်ပြီးတော့အဓိကဆုဖလားရရှိထားမှုမှာလည်းလစ်ဗာပူးလ်ကမန်ချက်စတာယူနိုက်တက်ကိုလိုက်မှီခဲ့ပြီလည်းဖြစ်ပါတယ်။
ဒါ့အပြင်လစ်ဗာပူးလ်ကနာမည်ကျော်ဂန္တဝင်နည်းပြကြီးယာဂင်ကလော့ပ်ထွက်ခွာသွားပြီးနောက်နည်းပြသစ်အာနေးဆလော့တ်လက်ထက်မှာချန်ပီယံဆုကိုအထိုက်တန်ဆုံးအခြေအနေနဲ့ရယူနိုင်ခဲ့တာဖြစ်ပါတယ်။လစ်ဗာပူးလ်ဟာရာသီအစခန့်မှန်းမှုတွေကိုပြောင်းပြန်လှန်ပြီးတော့ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.