အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ညို ကတော့ ချဲလ်ဆီး ကနေ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ် အသင်းဆီ ပေါင် ၁၂ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပါပြီ။ မြောက်လန်ဒန် ကလပ်နဲ့ တစ်နှစ်ခွဲ စာချုပ်ချုပ်ခဲ့ပြီးတော့ တစ်နှစ် သက်တမ်းတိုးခွင့်လည်းပါရှိပါတယ်။ ကာလတန်ကြေး ပေါင် ၃၁ သန်း ရှိနေသေးတဲ့ ကွင်းလယ်လူ တစ်ဦးကို အာဆင်နယ်တို့ ၁၂ သန်းထဲနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်သလို များပြားတဲ့ လုပ်ခလစာလည်း ပေးချေရမှာ မဟုတ်ပါဘူး။
ဒါပေမယ့် ဒီအပြောင်းအရွှေ့ အပေါ်မှာ အာဆင်နယ် ပရိသတ်တချို့ ကတော့ ဘဝင်မကျ ဖြစ်နေပြီး ဂျော်ဂျင်ညိုကို အသင်းကို နောက်တစ်ဆင့် ဆွဲတင်ပေးနိုင်မယ့်သူ မဟုတ်ဘူးလို့ ယူဆနေကြပါတယ်။ အထူးသဖြင့် ဂျော်ဂျင်ညိုရဲ့ ကစားပုံ နှေးကွေးတာ၊ ရိုးရှင်းတဲ့ ပေးမှုတွေကြောင့် သဘောမကျတာ ဖြစ်ပါတယ်။ တချို့ဆိုရင် လက်ရှိ အာဆင်နယ်ရဲ့ ပုံစံကောင်းတောင် ပျက်သွားနိုင်တယ်လို့ ယူဆနေကြပြီးတော့ ပုံစံ မျိုးစုံနဲ့ကို ဝေဖန်နေတာ တွေ့ရပါတယ်။
ပြီးတော့ ဂျော်ဂျင်ညို တစ်ယောက် ရှေ့က စီနီယာကြီးတွေကြောင့် အပြောအဆို ခံနေရတယ် ဆိုရင်လည်း မမှားပါဘူး။ ပီတာ ဆက်ချ်က ထားတော့။ ဒေးဗစ်လုဇ်၊ ဝီလီယမ်စ် တို့ရဲ့ တလွဲလုပ်ခဲ့သမျှတွေက ဂျော်ဂျင်ညို ကိုပါ ဒုက္ခပေးမယ့်သူ အဖြစ် ရှုမြင်သွားကြတာ ဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံ အသင်းနဲ့ ဆိုရင် ယူရိုဖလား၊ ကလပ် အသင်းနဲ့ ဆိုရင် ချန်ပီယံလိဂ် ဖလား တွေ ရရှိထားတဲ့ ကစားသမား တစ်ယောက်ကို ဝေဖန်တာ စောနေသေးတယ်လို့ ထင်ပါတယ်။
မှန်ပါတယ်။ ဂျော်ဂျင်ညိုက အာဆင်နယ်ရဲ့ ဒီနှစ် ဆောင်းရာသီ အဓိက ပစ်မှတ် မဟုတ်ခဲ့ပါဘူး။ သူတို့ တကယ် လိုချင်ခဲ့တာက ဘရိုက်တန် ကွင်းလယ်လူ မွိုက်စ် ကိုင်စီဒိုပါ။ ဒါပေမယ့် ဘရိုက်တန် ဘက်က ကမ်းလှမ်းသမျှကို ပယ်ချခဲ့တာကြောင့် ခေါ်ယူဖို့ အဆင်မပြေတော့တဲ့နောက် ဂျော်ဂျင်ညိုကို Plan B အနေနဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အီတလီ လက်ရွေးစင်က ချာကာ၊ ပါတေး တို့နဲ့ အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ တွဲဖက်ရဖို့ ရှိပါတယ်။

အချက်အလက်တွေအရ ဆိုရင် ၂၀၂၁-၂၂ ဘောလုံးရာသီက စလို့ ဂျော်ဂျင်ညိုက ပရီးမီးယားလိဂ်မှာ ပါတေးထက် ၇ ပွဲ၊ ကိုင်စီဒိုထက် ၂၁ ပွဲ အထိ ပိုကစားခဲ့ရသူပါ။ ပင်နယ်တီ ကန်သွင်းရာမှာ ကျွမ်းကျင်သူ ဖြစ်ပြီး သူ့ကို လူသိများတာက ဒီအချက်ကြောင့်ပါပဲ။ ဒါပေမယ့် သောမက်စ် ပါတေး၊ ကိုင်စီဒို တို့နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဂျော်ဂျင်ညိုက တစ်ပွဲ ပျမ်းမျှ ဘောလုံးပိုင်ဆိုင်မှုမှာ သာလွန်သလို ဖျက်ထုတ်မှုနဲ့ ကြားဖြတ် လုယူမှုတွေ မှာလည်း ပါတေးထက် သာလွန်နေပါတယ်။ တကယ်ဆိုရင် ဂျော်ဂျင်ညိုက ပါတေးထက် အချက် ၃ ချက်မှာပဲ အားနည်းတာပါ။ အဲဒါကတော့ ဘောလုံး အတိုပေး၊ ဘောလုံးနဲ့ အတူ ဆွဲပြေးမှုနဲ့ တစ်ဦးချင်း ကျော်ဖြတ်နိုင်မှုတွေမှာ ဖြစ်ပါတယ်။
အခြားသော အရေးပါတဲ့ စွမ်းဆောင်ရည်တွေ ဖြစ်တဲ့ သွင်းဂိုး၊ ဖန်တီးမှု၊ အခွင့်အရေး ဖန်တီးပေးမှု၊ ပေးပို့မှု၊ တိကျတဲ့ ပေးပို့မှု၊ Final Third ထဲကို ပေးပို့မှု၊ တိုက်စစ်ပိုင်း တိုက်ရိုက် ပေးပို့မှု၊ through ball၊ ဘောလုံးနဲ့ ဆွဲပြေးမှုတွေမှာ ဂျော်ဂျင်ညိုက ပါတေးထက် သာလွန်နေခဲ့ပါတယ်။ ဒါတွေက ကွင်းတွင်းမှာ ကြည့်မယ် ဆိုရင် မသိသာပေမယ့် အချက်အလက်တွေ အားဖြင့်တော့ ငြင်းမရပါဘူး။ ဒီတော့ ပါတေးရဲ့ အားနည်းချက်တွေကို ဂျော်ဂျင်ညို အနေနဲ့ ဖြည့်ပေးနိုင်မလားပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ပြီးတော့ ပွဲတွေ ဆက်တိုက် ကစားရတော့မယ့် အချိန်မှာ အလှည့်အပြောင်းတွေ လုပ်ဖို့ လူအင်အား လိုအပ်ပါတယ်။ ဒီအတွက်လည်း နည်းစနစ်ဆရာ မီခဲလ် အာတေတာ တစ်ယောက် မဖြစ်မနေ အားဖြည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အက်ဒူးကို မယုံကြည်ရင်တောင် အာတေတာ ကိုတော့ ယုံကြည်ရပါလိမ့်မယ်။ Trust The Process ပါ။ အာတေတာ ဟာ လက်ရှိ တန်းတူ နည်းပြတွေ ထဲမှာ ခေါင်းတစ်လုံး သာနေသူ ဖြစ်ကြောင်း အများကြီး သက်သေပြပြီးပါပြီ။ အာတေတာဟာ ဂျော်ဂျင်ညိုရဲ့ ပရိသတ် ဖြစ်လို့ ခေါ်ခဲ့တယ်လို့ ပြောလာနိုင်ပါတယ်။ ဒီနေရာမှာ ထပ်ပြီး ပြောစရာ ရှိတာက စပိန်သား နည်းပြဟာ ကစားသမား တစ်ယောက် ဘယ်လောက်ပဲ ကောင်းနေပါစေ အသင်းရဲ့ မူနဲ့ မကိုက်ရင်၊ သူ့ရဲ့ နည်းစနစ်ပိုင်းနဲ့ အံမဝင်ရင် အသင်း ပိုင်ရှင်က ငွေပုံအောပေး ဝယ်ရင်တောင် ပွဲထွက်ခွင့်ပေးမယ့် သူမျိုး မဟုတ်ပါဘူး။
နောက်တစ်ချက်က အသင်း ရှုထောင့် ကနေ ပြန်ကြည့်မယ် ဆိုရင် အာဆင်နယ်က အရင်လို မဟုတ်တော့ပါဘူး။ ခဲမှန်ဖူးတဲ့ ရွှေကျေးတို့ သူများ ဂျင်းထည့်သမျှ မခံတော့သလို၊ ရေတို၊ ရေရှည် နှစ်ခုစလုံး ချိန်ဆပြီးမှပဲ ကစားသမားသစ် ခေါ်တဲ့ အသင်း ဖြစ်သွားပါပြီ။ အရည်အသွေး ရှိတဲ့ လူငယ်ကစားသမားတွေကို ဦးစားပေး ခေါ်ယူတတ်တဲ့ အာဆင်နယ်တို့ ၂၈ နှစ်သား ထရော့ဆက်ဒ်နဲ့ ၃၁ နှစ် အရွယ် ဂျော်ဂျင်ညိုကို ခေါ်ခဲ့တာက မျှော်လင့်ချက် အပြည့်ရှိနေတဲ့ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ကြောင့် ဆိုတာ သိသာပါတယ်။ အရေးကြီးတဲ့ ရာသီဝက် ပွဲစဉ်တွေကို တည်တည်ငြိမ်ငြိမ် ကျော်ဖြတ်နိုင်ဖို့ ဆိုတာ ဂျော်ဂျင်ညို လိုမျိုး အတွေ့အကြုံ ရှိပြီး ရင့်ကျက်တဲ့ ကစားသမားတွေ လိုအပ်ပါတယ်။ ဆိုရရင် ဂျော်ဂျင်ညိုဟာ ထရော့ဆက်ဒ် လိုပဲ ရေတို အတွက် အသုံးတည့်နိုင်မယ့် ကစားသမား ဖြစ်ပါတယ်။
တော်တော်များများက ဂျော်ဂျင်ညိုကို ဆိုရင် ကွင်းအတွင်းမှာ back pass တွေ၊ vetical pass တွေပဲ ပေးနေတာကို အားလုံးက သတိထားမိပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေ ကိုတော့ သတိမထားမိခဲ့ကြပါဘူး။ ဒီတော့ သူ့အနေနဲ့ အာဆင်နယ်မှာ အဆင်ပြေမယ်၊ မပြေဘူး ဆိုတာ လွယ်လွယ်နဲ့ အကဲဖြတ်လို့ မရပါဘူး။ စောင့်ကြည့်ရဦးပါမယ်။ ပါတေးနဲ့ ချာကာမှာ မရှိတဲ့ အချက်တွေ ဂျော်ဂျင်ညိုမှာ ရှိနေပြီး ဒါတွေက အာဆင်နယ် အတွက် အဖိုးတန်တဲ့ အရာတွေ ဖြစ်လာနိုင်မလား ဆိုတာ စိတ်ဝင်စားစရာပါ။
ချဲလ်ဆီး ဆီကနေ ကစားသမား ခေါ်ယူတိုင်းမှာ အဆင်မပြေခဲ့တဲ့ အစဉ်အလာဆိုးကို အာဆင်နယ်တို့ ဖျောက်ဖျက်နိုင်မလား ဆိုတာ စောင့်ကြည့်ဖို့ တိုက်တွန်းရင်း…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.