မန်ချက်စတာစီးတီး – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်
မနက်ဖြန်ည ၈ နာရီခွဲမှာ ကစားမယ့် နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ မန်ချက်စတာစီးတီးနဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် တို့ရဲ့ပွဲ ဖြစ်ပါတယ်။ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ရမှတ် ကွာဟချက်ကို တတ်နိုင်သမျှ လျှော့ချချင်နေတဲ့ မန်စီးတီးတို့ ဝါရင့် နည်းပြ လိုပက်တက်ဂီ ကိုင်တွယ်နေတဲ့ ဧည့်သည် ဝုဗ် အသင်း ဆီကနေ ၃ မှတ် အပြည့် ရအောင် ယူနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ပပ်ရဲ့ အသင်းက ဒီနှစ် ပရီးမီးယားလိဂ် မှာလည်း အတောင့်တင်းဆုံး လူစာရင်း ပိုင်ဆိုင်ထားပေမယ့် တချို့ ပွဲတွေမှာ မထင်မှတ်ပဲ အမှတ်တွေ လျော့ခဲ့လို့ အာဆင်နယ် နောက်ကို အသည်းအသန် လိုက်နေရတာ ဖြစ်ပါတယ်။ လက်ရှိမှာ မန်စီးတီးတို့ အာဆင်နယ်ထက် တစ်ပွဲ ပိုကစားထားသလို ၅ မှတ် ကွာဟနေသေးတယ် ဆိုပေမယ့် ဒီပွဲ မှာသာ ၃ မှတ် အပြည့် ယူနိုင်မယ် ဆိုရင်တော့ မျှော်လင့်ချက် ပိုရှိသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ စပါးကို ၂ ဂိုးပြတ် ရှုံးနေရာ ကနေ နောက်ကနေ လိုက်ကစားပြီး ၄-၂ နဲ့ အနိုင်ရခဲ့တာကို ကြည့်ခြင်းအားဖြင့် စီးတီးဟာ လွယ်လွယ်နဲ့ အလျော့ပေးတတ်တဲ့ အသင်း မဟုတ်ဘူးဆိုတာ သိသာပါတယ်။ လက်ရှိမှာ မန်စီးတီးတို့ တစ်သင်းလုံး ဒဏ်ရာ ကင်းစင်နေတာကြောင့် ဂွာဒီယိုလာ အနေနဲ့ သူ့ စိတ်တိုင်းကျ လူစာရင်းကို အသုံးပြုနိုင်ဖို့ ရှိပါတယ်။

ဝုဗ် ကတော့ နောက်ပိုင်း နှစ်တွေမှာ နည်းပြ အပြောင်းအလဲတွေ ခဏခဏ ပြုလုပ်နေရခြင်းနဲ့ အတူ ကစားသမား ကောင်းတွေ အများကြီး ရှိနေပေမယ့်လည်း ရလဒ်မကောင်း ဖြစ်နေပါတယ်။ လက်ရှိ မှာတော့ ဝုဗ်တို့ နာမည်ကြီး နည်းပြ တစ်ဦး ဖြစ်တဲ့ လိုပက်တက်ဂီကို ခန့်အပ်ထားပြီး သူ့လက်အောက် မှာတော့ အသင်းက နည်းနည်းတော့ ပြန်လည် တည်ငြိမ်စပြုနေပါပြီ။ နိုင်ပွဲ ဆိုတာထက် ကစားပုံ ပြန်ပြီး ကျစ်လျစ်လာသလို ပရီးမီးယားလိဂ် မှာလည်း ရှုံးပွဲ နည်းလာပါတယ်။ ချွင်းချက် အနေနဲ့ ကတော့ ခရာဘောင်ဖလား ဖောရက်စ်၊ အက်ဖ်အေဖလားမှာ လစ်ဗာပူးလ်တို့ ကပ်ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ထားခဲ့ရပါတယ်။ အခုပွဲ ကိုတော့ ဝုဗ် ဘက်က ကာလက်ဂျစ်၊ ပက်ဒရို နီတို၊ ချီကွင်ဟိုနဲ့ ဘူဘေကာ ထရာအိုရေးတို့ ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အသစ် ခေါ်ယူထားတဲ့ ဆာရာဘီရာကို ဝုဗ်တို့ ထုတ်သုံးလာနိုင်ပြီး ပိုဒန့်စ်၊ ထရာအိုရေး၊ ကွန်ဟာတို့ ပွဲထွက်လာဖို့ များနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
မန်ချက်စတာစီးတီး – အီဒါဆန်၊ စတုန်းစ်၊ ဒီးရာ့စ်၊ ကန်ဆယ်လို၊ ဝေါလ်ကာ၊ ရိုဒရီ၊ ဒီဘရိုင်းနား၊ ဂွန်ဒိုအန်၊ မာရက်ဇ်၊ ဖိုဒန်၊ ဟာလန်း
ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – ဆား၊ ကောလင်းန်၊ ကေးလ်မန်း၊ ဆီမီဒို၊ ဟူဂို ဘွယ်နို၊ နူနက်စ်၊ နီးဗက်စ်၊ ဆာရာဘီရာ၊ ပိုဒန့်စ်၊ ထရာအိုရေး၊ ကွန်ဟာ




ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းရဲ့ ပရီးမီးယားလိဂ် တွေ့ဆုံမှု နောက်ဆုံး ၅ ကြိမ်စလုံး မန်စီးတီးတို့ အနိုင်ရထားပြီး ၄ ပွဲက ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ မန်စီးတီးတို့ ဝုဗ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲက တစ်ပွဲကို အနည်းဆုံး ၂ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံး နောက်ဆုံး ၅ ပွဲမှာ အနည်းဆုံး ၃ ပွဲ ဂိုးပေါ် ကစားထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
1X2 မှာ မန်စီးတီး ဘက်က နေမယ် ဆိုရင်တော့ ၁.၁၉ ဆပဲ ရမှာ ဖြစ်ပြီး ဝုဗ် ဘက်က ဆိုရင်တော့ ၁၂ ဆခွဲထိ ရရှိမှာ ဖြစ်ပါတယ်။ သရေ ဆိုရင်တော့ ၆.၈ ဆ ရမှာပါ။ ဒီနှစ်သင်း တွေ့တိုင်းမှာ အနိုင်နဲ့ အရှုံး အဖြေပေါ်တာ များလို့ သရေ ကတော့ ထည့်စဉ်းစားဖို့ကို မလိုပါဘူး။ လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှု အရ Handicap မှာလည်း မန်စီးတီး ကပဲ အပြတ်အသတ် အကျောပေးထားပါတယ်။ ဂိုးပေါင်း ဆိုရင်လည်း အနည်းဆုံး ၃ လုံးက ကြေးစဖွင့်ထားပါတယ်။ ကျနော် ကတော့ ဒီပွဲမှာ မန်စီးတီး ၃-၁ လောက်နဲ့ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ဝုဗ် ခံစစ် ဘယ်လောက် ပိတ်ဆော့ဆော့ ဟာလန်းတို့ အုပ်စု ဂိုးရအောင် သွင်းပါလိမ့်မယ်။ ဂိုးပေါ်ပဲ မျှော်လင့်ထားရအောင်ဗျာ။
မန်ချက်စတာစီးတီး ၃-၁ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.