ရာသီကုန်ထိ နားရတော့မယ့် ဗန်ဒီဘိခ်၊ ယူနိုက်တက် အတွက် အရာအားလုံး ပေးဆပ်သွားမယ် ဆိုတဲ့ ဝက်ဂ်ဟော့စ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၄ ရက်နေ့ ညရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရာသီကုန်ထိ နားရတော့မယ့် ဗန်ဒီဘိခ်
မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိခ်ဟာ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက် ရာသီကုန် အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ ဘုန်းမောက်ကို ယူနိုက်တက်က ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး နယ်သာလန် ကွင်းလယ်လူ အတွက်တော့ ရုန်းကန်နေရချိန်မှာ စိတ်ပျက်စရာ ဒဏ်ရာဆိုးကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
သူ အနားယူရတော့မယ့် အကြောင်း ကိုလည်း ဗန်ဒီဘိခ်က အတည်ပြုသွားခဲ့ပါတယ်။ “ ကျနော့် အတွက် ဒီဘောလုံးရာသီက ပြီးဆုံးသွားပြီ ဖြစ်လို့ အရမ်းစိတ်ပျက်နေရပါတယ်၊ ခွဲစိတ်မှု အောင်မြင်ပြီးတဲ့နောက် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေကို စတင်သွားမှာပါ၊ အသင်း အတွက် အသန်မာဆုံး ပြန်လာပေးနိုင်ဖို့ ကျနော် အရာအားလုံးကို လုပ်သွားမှာလည်း ဖြစ်ပါတယ်”
“ ကျနော့်ကို ချစ်ခင်ပေးကြတဲ့ မက်ဆေ့ချ်တွေ အတွက်လည်း ကျေးဇူးတင်ပါတယ်၊ ဒါတွေက ကျနော်နဲ့ ကျနော့် မိသားစု အတွက် အများကြီး အဓိပ္ပာယ် အများကြီး ရှိပါတယ်” လို့ ဗန်ဒီဘိခ်က ပြောဆိုခဲ့ပါတယ်။ ဗန်ဒီဘိခ်ဟာ ပုံမှန်ကစားခွင့် မရတာကြောင့် ကြိုးစား အားထုတ်နေရသူ ဖြစ်ပြီး သူ့ရဲ့ ဒီသတင်းကြောင့် ယူနိုက်တက် ပရိသတ် အများအပြားက စိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်။
ယူနိုက်တက်မှာ ရှိတဲ့ အချိန် အရာအားလုံး ပေးဆပ်သွားမယ်လို့ ဝက်ဂ်ဟော့စ် ကတိပြု
မန်ချက်စတာယူနိုက်တက် ကတော့ ဘန်လေ အသင်းရဲ့ နယ်သာလန် တိုက်စစ်မှူး ဝတ် ဝက်ဂ်ဟော့စ်ကို ရာသီအကုန်ထိ အငှားနဲ့ ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ယူနိုက်တက် အသင်းဟာ ဝက်ဂ်ဟော့စ်ကို ခေါ်ယူဖို့ တူရကီ စူပါလိဂ် ကလပ် ဘက်ဆီးတပ်စ် အသင်းကို စာချုပ် ဖျက်သိမ်းပေးဖို့ အတွက် လျော်ကြေးပေးခဲ့ရပါတယ်။ ဝက်ဂ်ဟော့စ်ဟာ ဘက်ဆီးတပ်စ် အသင်းမှာ ကစားချိန် ၉ ဂိုး သွင်းယူပြီး ၄ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။




ဝက်ဂ်ဟော့စ်က “ ယူနိုက်တက်ကို ပြောင်းရွှေ့နိုင်ခဲ့လို့ ဂုဏ်ယူမိပါတယ်။ ဒီအသင်းနဲ့ အရင်က ပြိုင်ဘက် အဖြစ် ကစားခဲ့ဖူးပါတယ်။ အခု ဒီအနီရောင် ဂျာစီကို ဝတ်ဆင်ခွင့် ရမှာက အံဩဖွယ် ကောင်းတဲ့ ခံစားချက်ပါပဲ။ ဒီရာသီ နည်းပြ တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ယူနိုက်တက်ရဲ့ တိုးတက်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်၊ အသင်းရဲ့ ရည်မှန်းချက်တွေဆီ ရောက်အောင် တွန်းပို့နိုင်ဖို့ ကျွန်တော့်ရဲ့ အခန်းကဏ္ဍ စတင်ရမှာကို မစောင့်နိုင်တော့ပါဘူး”
“ လာမယ့်လ အနည်းငယ် အတွင်းမှာ ဘာတွေပဲ ဖြစ်နေပါစေ၊ ဒီမှာရှိနေတဲ့ အချိန်ထိ ကလပ် အတွက် အရာအားလုံး ပေးမယ် ဆိုတာကို ကတိပေးနိုင်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ယူနိုက်တက် အသင်းဟာ ဝက်ဂ်ဟော့စ်ကို အငှားစာချုပ်ကုန်ချိန်မှာ အပြီးသတ် ဝယ်ယူခွင့် မပါဝင်ဘူးလို့ သိရပါတယ်။
ရူဘင် နီဗက်စ်ကို စိတ်ဝင်စားနေတဲ့ နယူးကာဆယ်
ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေပြီး ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာကို ပိုင်ဆိုင်ထားတဲ့ နယူးကာဆယ်ဟာ ပြိုင်ဘက် ၀ုဗ်အသင်းရဲ့ ကွင်းလယ်လူ ရူဘင် နီဗက်စ်ကို စိတ်ဝင်စားနေပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အခြေအနေ ကောင်းနေပြီး သင်္ချာနည်းအရလည်း ဆုဖလားကို စိန်ခေါ်နိုင်သေးတဲ့ အခြေအနေမှာ အားသစ်လောင်းဖို့ နယူးကာဆယ်က ကြိုးစားနေတာပါ။
နယူးကာဆယ် ကွင်းလယ်မှာ ဂွီမာရေ့စ်၊ ရှိန်းလောင်းစတက်ဖ် တို့လို ကစားသမားကောင်းတွေ ရှိနေပေမယ့် နည်းပြ အက်ဒီ ဟောင်းဝ် ကတော့ ရာသီကုန်ထိ ဒီလို ပုံစံကောင်း ပြသဖို့ ဆိုရင် အင်အားဖြည့်တင်းရမယ်လို့ ယူဆနေပါတယ်။ နီဗက်စ် ကတော့ ၀ုဗ်ရဲ့ အသင်းခေါင်းဆောင် ဖြစ်နေပေမယ့် ဒီထက် ပိုကောင်းတဲ့ အသင်း တစ်သင်းမှာ ကစားဖို့ ဆန္ဒရှိနေပါတယ်။
သူ့ရဲ့ ပြောင်းရွှေ့ကြေး ကတော့ ယူရိုသန်း ၄၀ ခန့် ရှိမယ်လို့ ယူဆရပြီး အဆိုပါ ပမာဏာမျိုး ရမှသာ ၀ုဗ်က လက်လွှတ်ဖွယ် ရှိပါတယ်။ ၀ုဗ် ကတော့ တန်းမဆင်းရဖို့ ကိုပဲ ဦးတည် ကစားနေရပြီး ဒီလို အခြေအနေကို ပေါ်တူဂီ လက်ရွေးစင် ကစားသမားက စိတ်ပျက်စပြုနေပြီ လို့လည်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.