ခရာဘောင် ဖလား ချန်ပီယံဆု အတွက် ရေပန်းအစားဆုံး ဖြစ်လာတဲ့ ယူနိုက်တက်၊ ချဲလ်ဆီး အတွက် ကစားပေးဖို့ စိတ်လှုပ်ရှားနေပြီ ဆိုတဲ့ ဖီးလစ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၂ ရက်နေ့ ညရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ခရာဘောင်ဖလား ကနေ ထွက်ခဲ့ရတဲ့ မန်ချက်စတာစီးတီး
ပပ် ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီး ကတော့ ခရာဘောင်ဖလား ကွာတားဖိုင်နယ်မှာ ဆောက်သမ်တန်ကို အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။ ဒါဟာ ဂွာဒီယိုလာ အတွက်တော့ သူ အင်္ဂလန်ကို ရောက်လာပြီး နောက်ပိုင်း ပြည်တွင်း ဖလားပြိုင်ပွဲ တစ်ခုမှာ ကွာတားဖိုင်နယ် အဆင့် ကနေ ပထမဆုံး အကြိမ် လှည့်ပြန်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ဆောက်သမ်တန် အတွက် အနိုင်ဂိုးတွေ ကိုတော့ ဆီကူမာရာနဲ့ မူဆာဂျီနီပို တို့က ပထမပိုင်းမှာ ကတည်းက သွင်းယူပေးခဲ့ပြီး ၂-၀ ရလဒ် နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။ ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ပြိုင်ပွဲက လူစာရင်း အတိုင်းသာ ဂွာဒီယိုလာက ပွဲထုတ်ခဲ့ပြီး အာလင်း ဟာလန်းနဲ့ ဒီဘရိုင်းနားကို ထပ်မံ အနားပေးထားခဲ့ပြီး အဓိက ကစားသမား အများစုတော့ ပါဝင်ခဲ့ပါသေးတယ်။
ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ဒါဘီပွဲ အဖြစ် ကစားရဖို့လည်း ရှိနေတဲ့ မန်စီးတီးက အမှတ်ပေးပွဲကို ပိုမို အာရုံစိုက်နေပုံ ရပါတယ်။ ဒုတိယပိုင်းမှာ နသန် အခီ၊ ဟာလန်း၊ ဒီဘရိုင်း၊ ရိုဒရီ၊ အကန်ဂျီ တို့ကို ထည့်သွင်းခဲ့ပေမယ့် ချေပဂိုးတော့ မရရှိခဲ့ဘဲ ပြည်တွင်းဖလား တစ်လုံးကို လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။
ခရာဘောင် ဖလား ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်လာတဲ့ ယူနိုက်တက်
ဆောက်သမ်တန်က မန်ချက်စတာစီးတီးကို အနိုင်ယူခဲ့ပြီး ခရာဘောင်ဖလား ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ချိန် မှာတော့ ဒီဖလားကို ရယူနိုင်ဖို့ မန်ချက်စတာယူနိုက်တက် အသင်းက ရေပန်းအစားဆုံး ဖြစ်လာပါတယ်။ ယူနိုက်တက်ဟာ ဆီမီးဖိုင်နယ်မှာ နော့တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဆောက်သမ်တန် ကတော့ နယူးကာဆယ် ယူနိုက်တက်နဲ့ ကစားရမှာပါ။
ပရီးမီးယားလိဂ် အသင်း ၄ သင်းသာ ကျန်ရှိနေတော့တဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ယူနိုက်တက်နဲ့ နယူးကာဆယ်က ဗိုလ်လုပွဲ တက်ရောက်ပြီး ယူနိုက်တက်က ဗိုလ်စွဲလိမ့်မယ်လို့ ပရိသတ်တွေက ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။ ဒါဟာ ဆုဖလားတွေနဲ့ ကာလအတန်ကြာကွာဝေးနေတဲ့ ယူနိုက်တက် အတွက် အောင်မြင်မှု တစ်ခု ပြန်လည် ရယူဖို့ အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်လာခဲ့ပါတယ်။
တဖက်မှာ နယူးကာဆယ် ကလည်း နှစ်ပေါင်းများစွာ တိုင်အောင် ပြည်တွင်းဖလား ပြိုင်ပွဲတခုမှာ ဆီမီးဖိုင်နယ် အဆင့်ထိ မတက်ရောက်နိုင်ခဲ့မှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ကစားသမားကောင်းတွေ ရောက်ရှိလာမှုနဲ့ အတူ ခြေစွမ်းထက်လာတဲ့ နယူးကာဆယ်က ယူနိုက်တက်ကို ခြိမ်းခြောက်လိမ့်မယ် လို့လည်း ခန့်မှန်းရပါတယ်။
ချဲလ်ဆီး အတွက် ကစားပေးဖို့ စိတ်လှုပ်ရှားနေပြီ ဆိုတဲ့ ယာအို ဖီးလစ်
အက်သလက်တီကိုမက်ဒရစ် ကနေ ချဲလ်ဆီးကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ယာအို ဖီးလစ် ကတော့ ကစားသမားသစ် အဖြစ် တရားဝင် ကြေညာခဲ့ပြီ ဖြစ်ပါတယ်။ ရာသီကုန်အထိ အငှားနဲ့ ကစားသွားမှာ ဖြစ်ပြီး အက်သလက်တီကိုနဲ့လည်း ၂၀၂၇ အထိ စာချုပ် သက်တမ်း တိုးမြှင့်ခဲ့တဲ့ ပေါ်တူဂီသားက ဒီအသင်း အတွက် ကစားပေးဖို့က သူ့အိပ်မက် တစ်ခု ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ယာအို ဖီးလစ်က “ ချယ်လ်ဆီးက ကမ္ဘာ့အကြီးကျယ် အခမ်းနားဆုံး အသင်းတွေထဲက တသင်းဖြစ်ပြီး သူတို့ ရည်မှန်းချက်တွေကို ကူညီပေးနိုင်ဖို့ ကျနော် မျှော်လင့်ပါတယ်၊ ဒီမှာ ကျနော် အရမ်းအရမ်းကို ပျော်ရွှင်နေပြီး စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားရမယ့် အတွက်လည်း အရမ်း စိတ်လှုပ်ရှားနေပါပြီ” လို့ ပြောဆိုသွားခဲ့ပါတယ်။
ယာအို ဖီးလစ်ဟာ ဒီတပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ အသင်း အတွက် ပါဝင် ကစားပေးနိုင်လိမ့်မယ်လို့ သိရပြီး ကျောနံပါတ် ၁၁ ဂျာစီကို ဝတ်ဆင်မယ်လို့ သိရပါတယ်။ နည်းပြ ဂရေဟမ် ပေါ်တာ အတွက်တော့ ယာအို ဖီးလစ် ရောက်ရှိလာခဲ့မှုက တိုက်စစ်ပိုင်း ပြသနာတွေကို ဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.