ဘင်ဖီကာ ပရိသတ်တွေ ရှေ့မှာ အောင်ပွဲခံပြီး ချယ်လ်ဆီး ငြင်းခဲ့တဲ့ အန်ဇို ဖာနန်ဒက်ဇ်၊ ယူနိုက်တက် သမိုင်းမှာ နိုင်ပွဲ ၂၀ အမြန်ဆုံး ရတဲ့ တန်ဟက်ဂ် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၁ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘင်ဖီကာ ပရိသတ်တွေ ရှေ့မှာ အောင်ပွဲခံပြီး ချယ်လ်ဆီး ငြင်းခဲ့တဲ့ အန်ဇို ဖာနန်ဒက်ဇ်
အာဂျင်တီးနား အသင်းနဲ့ ကမ္ဘာ့ဖလား ရယူနိုင်ခဲ့တဲ့ အန်ဇို ဖာနန်ဒက်ဇ်ဟာ ဘင်ဖီကာမှာပဲ ဆက်ရှိဖွယ် ရှိနိုင်ကြောင်း ပရိသတ်တွေ ရှေ့မှာ အောင်ပွဲခံပြီး ပြသသွားခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီးဟာ ကွင်းလယ်ပိုင်း အတွက် အန်ဇို ဖာနန်ဒက်စ်ကို ဦးစားပေး ခေါ်ယူဖို့ လုပ်ဆောင်နေတာပါ။
ချယ်လ်ဆီးဟာ ဘင်ဖီကာ သတ်မှတ်ထားတဲ့ ဈေးထက် ပိုနည်းတဲ့ ပမာဏနဲ့ ကမ်းလှမ်းခဲ့တာကို ပေါ်တူဂီ ကလပ် ဘက်က ဒေါသထွက်နေခဲ့တာ ဖြစ်ပါတယ်။ ဘင်ဖီကာဟာ အန်ဇို ဖာနန်ဒက်ဇ် အတွက် စာချုပ် ဖျက်သိမ်းကြေး ပေါင် ၁၀၆ သန်းထက် လျော့နည်းတဲ့ ကမ်းလှမ်းမှုတွေကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောထားပေမယ့် ကစားသမားက ချယ်လ်ဆီးကို ပြောင်းချင်နေတယ်လို့ သိခဲ့ရတာပါ။
ဒါပေမယ့် အန်ဇို ဖာနန်ဒက်ဇ်ဟာ ဘင်ဖီကာက ဗာဆင်မ်ကို အနိုင်ရခဲ့တဲ့ ပွဲမှာ ပါဝင်ခဲ့ပြီး အသင်း အတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အန်ဇို ဖာနန်ဒက်ဇ်ဟာ ဂိုးသွင်းအပြီးမှာ ပရိသတ်တွေရှေ့မှာ အောင်ပွဲခံပြီး အသင်းရဲ့ တံဆိပ်ကို ပုတ်ကာ ဒီမှာ ဆက်ရှိမယ့်ပုံကို ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြ ရှမစ် ကလည်း သူ့ကစားသမားဟာ ဒီမှာပဲ ဆက်ရှိမယ်လို့ မျှော်လင့်ကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါသေးတယ်။
ရော်နယ်ဒိုနဲ့ စာချုပ်မှာ ဆော်ဒီရဲ့ ကမ္ဘာ့ဖလားနဲ့ ပတ်သက်တာ မပါဝင်ဘူးလို့ အယ်လ်နာဆာ ငြင်းဆို
အယ်လ်နာ အသင်းက သူတို့နဲ့ ခရစ္စတီယာနို ရော်နယ်ဒို ချုပ်ဆိုထားတဲ့ စာချုပ်မှာ ဆော်ဒီနိုင်ငံ အတွက် ၂၀၃၀ ကမ္ဘာ့ဖလား အိမ်ရှင် ဖြစ်ခွင့်ရဖို့ လုပ်ဆောင်ပေးရမယ် ဆိုတဲ့ ကတိကဝတ် မပါဝင်ဘူးလို့ ပြောကြားလိုက်ပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်နာဆာနဲ့ စာချုပ် အတွက် ယူရို သန်း ၂၀၀၊ ကမ္ဘာ့ဖလား အိမ်ရှင် ဖြစ်အောင် လုပ်ပေးဖို့ သံတမန် တာဝန် အတွက် ယူရို သန်း ၂၀၀ စုစုပေါင်း ယူရိုသန်း ၄၀၀ ရရှိမှာလို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
အယ်လ်နာဆာ ကတော့ ဒါနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ “ ရော်နယ်ဒိုနဲ့ အယ်လ်နာ ဆာစာချုပ်မှာ ကမ္ဘာ့ဖလားနဲ့ ပတ်သက်တဲ့ ကတိကဝတ်တွေ မပါဝင်ပါဘူး။ သူရဲ့ အဓိက အာရုံစိုက်မှုက အယ်လ်နာဆာ ဖြစ်ပြီး အသင်းဖော်တွေနဲ့ လက်တွဲကာ အောင်မြင်မှုတွေ ရအောင် ကူညီပေးဖို့ပါ” လို့ အယ်လ်နာဆာရဲ့ ထုတ်
ပြန်ချက်မှာ ဖော်ပြထားတာပါ။
ရော်နယ်ဒိုဟာ ပွဲပယ် ပြစ်ဒဏ်ကြောင့် အယ်လ်နာဆာ အတွက် ပွဲမထွက်နိုင်သေးပေမယ့် အယ်လ်တာအီကို အနိုင်ရခဲ့တဲ့ ပွဲကိုတော့ လာရောက် ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ လာမယ့် အယ်လ်ရှာဘတ်နဲ့ ပွဲစဉ်မှာလည်း ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပီအက်စ်ဂျီနဲ့ ကစားမယ့် ခြေစမ်းပွဲ မှာတော့ ဆော်ဒီ ကလပ်နဲ့ ပွဲဦးထွက် အဖြစ် ပါဝင်ကစားနိုင်မယ်လို့ သိရပါတယ်။
ယူနိုက်တက် သမိုင်းမှာ နိုင်ပွဲ ၂၀ အမြန်ဆုံး ရတဲ့ နည်းပြ ဖြစ်လာတဲ့ အဲရစ်ခ် တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ဟာ မနေ့က ချာလ်တန်ကို အနိုင်ရရှိခဲ့တဲ့ ခရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ် အပြီး မှာတော့ ယူနိုက်တက် နည်းပြ ဘ၀ နိုင်ပွဲ ၂၀ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီရာသီမှာ တန်ဟက်ဂ်က ယူနိုက်တက်ကို ၂၇ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ပွဲ ၂၀ အထိ အနိုင်ရအောင် စွမ်းဆောင်ထားခဲ့တာပါ။
ပြီးခဲ့တဲ့ ရာသီက ၄၉ ပွဲ ကစားအပြီး နိုင်ပွဲ ၂၀ တည်းသာ ရှိခဲ့တဲ့ ယူနိုက်တက်ဟာ တန်ဟက်ဂ် လက်အောက် မှာတော့ ထူးထူးခြားခြားကို တိုးတက်လာခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အခု ဆိုရင်တော့ နယ်သာလန် လူမျိုး နည်းပြ တန်ဟက်ဂ်က ယူနိုက်တက် သမိုင်းမှာ နိုင်ပွဲ ၂၀ကိုအမြန်ဆုံးရတဲ့ နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပြိုင်ပွဲစုံ ၈ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့တာ ဖြစ်ပြီး နောက်ဆုံး ၁၈ ပွဲ မှာလည်း ရှုံးပွဲ တစ်ပွဲတည်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ နိုင်ပွဲ ဆက်တိုက် ရရှိနေမှုတွေကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် အပြင် ပရီးမီးယားလိဂ် ဖလားကိုပါ စိန်ခေါ်နိုင်စွမ်းပါ ရှိလာခဲ့ပြီး ခရာဘောင် ဖလား မှာလည်း ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.