ရွန်နီရဲ့ စံချိန် တစ်ခုကို လိုက်မှီသွားတဲ့ ရက်ရှ်ဖို့ဒ်၊ ပွဲထွက်ခွင့် အတွက် တိုက်ပွဲဝင်သွားမယ့် မက်ဂွိုင်းယား စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၁ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရွန်နီရဲ့ ယူနိုက်တက် စံချိန်ကို လိုက်မှီခဲ့တဲ့ ရက်ရှ်ဖိုဒ့်
မားကပ်စ် ရက်ရှ်ဖိုဒ့်ဟာ ချာလ်တန် အသင်းကို အနိုင်ရခဲ့တဲ့ ခရာဘောင်ဖလား ပွဲစဉ်မှာ ဂိုးသွင်းပြီးနောက် အသင်းရဲ့ ဂန္တဝင် ဝိန်းရွန်နီရဲ့ စံချိန် တစ်ခုကို လိုက်မှီခဲ့ပြီ ဖြစ်ပါတယ်။ ဒါကတော့ ယူနိုက်တက်ရဲ့ အိမ်ကွင်း ၈ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ စံချိန် ဖြစ်ပါတယ်။ ဝိန်းရွန်နီဟာ ဒီစံချိန်ကို ၂၀၁၀ က တင်ခဲ့တာ ဖြစ်ပြီး ရက်ရှ်ဖိုဒ့်ဟာ သူ့နောက်ပိုင်း ဒီလိုမျိုး လုပ်နိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

ရက်ရှ်ဖိုဒ့်ဟာ ယူနိုက်တက် အတွက် နောက်ဆုံး ကစားခဲ့တဲ့ ၆ ပွဲမှာ ၇ ဂိုး အထိ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ရက်ရှ်ဖိုဒ့်ဟာ ဒီရာသီမှာ အသင်း အတွက် ဂိုး ပါဝင်ပတ်သက်မှု ၂၁ ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန် တိုက်စစ်မှူးဟာ ၁၅ ဂိုး သွင်းယူထားပြီး ၆ ဂိုး ဖန်တီးထားခဲ့တာပါ။
ယူနိုက်တက်ဟာ ဒီပွဲမှာ ချာလ်တန်ကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ရက်ရှ်ဖိုဒ့်က ၂ ဂိုးနဲ့ အန်တိုနီက ၁ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်တို့ ပြိုင်ပွဲစုံ ၈ ပွဲဆက် အနိုင်ရခဲ့တာ ဖြစ်ပြီး စနေနေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် မန်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မန်ချက်စတာ ဒါဘီပွဲ ကတော့ ယူနိုက်တက်ရဲ့ လက်ရှိ ပုံစံကောင်း ရရှိနေမှုကို စမ်းသပ်မယ့် ပွဲဖြစ်ပြီး ပထမအကျော့တုန်းက ဂိုးပြတ် အရေးနိမ့်ခဲ့ရမှု အတွက် လက်စားချေရမှာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်မှာ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ပြောလိုက်တဲ့ မက်ဂွိုင်းယား
ချာလ်တန် အသင်းကို အနိုင်ရခဲ့တဲ့ ခရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပွဲထွက်ခွင့်ရပြီးနောက် မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယားက ယူနိုက်တက် အသင်းမှာ ပွဲထွက်ခွင့် နေရာ အတွက် တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုလိုက်ပါတယ်။
ဒီရာသီ ယူနိုက်တက်မှာ ပွဲထွက်ခွင့်ရဖို့ ခက်ခဲနေတဲ့ မက်ဂွိုင်းယားဟာ ဒီပွဲ မှာတော့ လီဆန်ဒရို မာတီနက်ဇ်နဲ့ အတူ ပွဲထွက်ခွင့်ရခဲ့တာပါ။ မက်ဂွိုင်းယားဟာ ကမ္ဘာ့ဖလား အပြီး ပြန်ကစားတဲ့ ယူနိုက်တက်ရဲ့ ပထမဆုံးပွဲ ၄ ပွဲမှာ အရန်လူစာရင်း မှာသာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ ပွဲနဲ့ အခု ချာလ်တန် ပွဲတွေ မှာသာ မက်ဂွိုင်းယားက ပွဲချိန်ပြည့် ပြန်လည် ပါဝင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။




မက်ဂွိုင်းယားက “ ပြီးခဲ့တဲ့အပတ်က ဘုန်းမောက်နဲ့ပွဲမှာလည်း ကောင်းမွန်စွာကစားနိုင်ခဲ့သလို ဒီပွဲမှာလည်း ခံစားချက်ကောင်းမွန်ပါတယ်။ ကမ္ဘာ့ဖလားကနေ ပြန်လာတဲ့ အချိန်မှာ ကံမကောင်းခဲ့ပါဘူး။ ဖျားနာခဲ့တယ်၊ ဒါပေမယ့် ကျွန်တော် ပြန်လာနိုင်ခဲ့ပါတယ်။ အခု ကောင်းမွန်နေပါပြီ၊ ကျွန်တော်တို့ အသင်းမှာ ကောင်းမွန်တဲ့ ဗဟိုခံစစ်မှူးတွေ အများကြီး ရှိပါတယ်။ နေရာ တစ်နေရာ အတွက် ပြိုင်ဆိုင်မှုတွေ အများကြီး ရှိပါတယ်။ ကျွန်တော် ကတော့ ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပရီးမီးယားလိဂ် ကလပ် တစ်ခုပဲ ဖြစ်တဲ့ အက်စတွန်ဗီလာကို ပြောင်းရွှေ့မယ် ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
ခရာဘောင်ဖလား ဆီမီးဖိုင်နယ် တက်ရောက်ခဲ့တဲ့ ယူနိုက်တက်နဲ့ နယူးကာဆယ်
မနေ့ညက ခရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွေကို ကစားခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်တို့ နိုင်ပွဲ ရခဲ့ကြပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ ယူနိုက်တက် ကတော့ အိမ်ကွင်းမှာ ချာလ်တန်ကို ၃-၀ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာပါ။ အန်တိုနီရဲ့ လှပတဲ့ ကန်သွင်းချက်နဲ့ ပထမပိုင်းမှာ ၁-၀ နဲ့ ယူနိုက်တက်တို့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြီးခါနီးမှာ လူစားဝင်လာတဲ့ ရက်ရှ်ဖို့ဒ်က ၂ ဂိုး ဆက်တိုက် သွင်းယူပေးခဲ့တာပါ။
ယူးကာဆယ် ကလည်း လက်စတာကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ဒန်ဘန်းနဲ့ ဂျိုလင်တန် တို့က ဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။ နယူးကာဆယ် အတွက်တော့ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးမှ ဒီပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာ ခြေစွမ်းပြနေခဲ့ပြီးနောက်မှာ အက်ဒီဟိုဝီရဲ့ အသင်းက ဆုဖလား တစ်လုံးကို မျှော်လင့်နိုင်တဲ့ အနေအထား ဖြစ်လာပါတယ်။
အခြားသော ကွာတားဖိုင်နယ် ပွဲစဉ်တွေ အဖြစ် ဒီနေ့မှာ နော့တင်ဟမ်ဖောရက်စ်နဲ့ ၀ုလ်ဗ်၊ ဆောက်သမ်တန်နဲ့ မန်ချက်စတာစီးတီးတို့ ကစားရမှာ ဖြစ်ပါတယ်။ ဆုဖလားကို ရယူနိုင်ဖို့ အတွက် မန်စီးတီးက ရေပန်းအစားဆုံး ဖြစ်နေပြီး ယူနိုက်တက်က ဒုတိယနေရာမှာ ရှိနေကာ နယူးကာဆယ် ကတော့ တတိယနေရာမှာ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.