နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မီလန် အတွက် ရာနှုန်းပြည့် အာရုံစိုက်ထားတဲ့ လီယောင်၊ ယူနိုက်တက်က သူ့ကို ခေါ်ဖို့ ငွေမရှိခဲ့ဘူးလို့ ဆိုလိုက်တဲ့ အနော်တိုဗစ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ဒီဇင်ဘာလ ၂၆ ရက်နေ့ ညပိုင်းမှာ ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

နွေရာသီမှာ ချယ်လ်ဆီး ကနေ ထွက်ခွာဖို့ ရှိနေတဲ့ ဂျော်ဂျင်ဟို

ဂျော်ဂျင်ဟိုဟာ စာချုပ်ကုန်ဆုံးမယ့် အခုလာမယ့် နွေရာသီမှာ ချယ်လ်ဆီး ကနေ ထွက်ခွာဖို့ မျှော်လင့်နေပြီး စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အခု နောက်ဆုံး ဖော်ပြတဲ့ သတင်းတွေ အရတော့ ဂျော်ဂျင်ဟိုက ချဲလ်ဆီးမှာ ဆက်ရှိနေဖွယ် ရှိနေပါတယ်။

ဂျော်ဂျင်ဟိုဟာ ၂၀၁၈ ခုနှစ် က နာပိုလီ ကနေ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ချယ်လ်ဆီးနဲ့ ၄ ရာသီကျော်ကြာ ဖြတ်သန်း အပြီးမှာ နေရာ အသစ်ကို သွားဖို့ ရှိနေတာပါ။ သက်တမ်းတိုးဖို့ မရှိတာကြောင့် သူဟာ လန်ဒန် ကလပ် ကနေ ထွက်သွားမယ်လို့ The Athletic က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဂျော်ဂျင်ဟိုဟာ ဒီရာသီမှာ ချယ်လ်ဆီး အတွက် ၁၉ ပွဲ ပါဝင် ကစားထားပြီး ၃ ဂိုး သွင်းယူထားတာပါ။ သူဟာ ချယ်လ်ဆီးနဲ့ ယူရိုပါလိဂ်၊ ချန်ပီယံလိဂ် အပါအဝင် ဆုဖလား ၄ လုံး ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

ချယ်လ်ဆီး ကလည်း အီတလီ ကစားသမား ထွက်ခွာမှု အတူ ကွင်းလယ် ကစားသမားသစ်တွေကို ရှာဖွေနေတာပါ။ ချယ်လ်ဆီးတို့ ဒေါ့မန် ကွင်းလယ်လူ ဘယ်လင်ဂမ်နဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန် ရိုက်စ် တို့ကို ပစ်မှတ်ထားနေတယ်လို့လည်း သိရပါတယ်။ 

ချယ်လ်ဆီးဟာ ကမ္ဘာ့ဖလားပြီးနောက် ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဒီဇင်ဘာ ၂၇ ရက်မှာ ဘုန်းမောက်နဲ့ စတမ်းဖို့ဘရစ်ခ်ျမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 

မီလန်မှာပဲ ဆက်ကန်မယ် ဆိုတဲ့ ပရီးမီးယားလိဂ် ထိပ်သီး တွေရဲ့ ပစ်မှတ် 

မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီး တို့ရဲ့ ပစ်မှတ် ဖြစ်တဲ့ ရာဖေးလ် လီယောင်က ပရီးမီးယားလိဂ်မှာ ကစားဖို့က ရည်မှန်းချက် ရှိပေမယ့် အေစီမီလန်မှာပဲ ဆက်ရှိမယ်လို့ ပြောဆိုလိုက်ပါတယ်။
ပေါ်တူဂီ အသင်းနဲ့ အတူ ကမ္ဘာ့ဖလား မှာလည်း ခြေစွမ်းပြနိုင်ခဲ့တဲ့ လီယောင်

မန်ချက်စတာယူနိုက်တက်နဲ့ ချယ်လ်ဆီး တို့ရဲ့ ပစ်မှတ် ဖြစ်တဲ့ ရာဖေးလ် လီယောင်က ပရီးမီးယားလိဂ်မှာ ကစားဖို့က ရည်မှန်းချက် ရှိပေမယ့် အေစီမီလန်မှာပဲ ဆက်ရှိမယ်လို့ ပြောဆိုလိုက်ပါတယ်။

၂၀၁၉ ကတည်းက အေစီမီလန် အတွက် ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ရာဖေးလ် လီယောင်ဟာ ချယ်လ်ဆီး၊ ယူနိုက်တက်တို့ က ခေါ်ယူဖို့ ပစ်မှတ်ထားခြင်း ခံနေရတာပါ။ အဆိုပါ ကလပ်တွေဟာ လာမယ့် ဇန်နဝါရီ ဒါမှမဟုတ် ရာသီအကုန်မှာ ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိနေတာ ဖြစ်ပါတယ်။

နောက်ရာသီမှာ အေစီမီလန်နဲ့ စာချုပ်ကုန်ဆုံးမှာ ဖြစ်လို့ ရာဖေးလ် လီယောင်ဟာ စာချုပ်ကုန်တဲ့ အထိ အေစိမီလန်မှာပဲ ဆက်ရှိဖို့ သေချာနေခဲ့တာပါ။ ပရီးမီးယားလိဂ်မှာ ကစားချင်လားလို့ မေးခံခဲ့ရာမှာ ရာဖေးလ် လီယောင်က “ ကစားချင်ပါတယ် အနာဂတ်မှာပေါ့” ” အခု ကျွန်တော် မီလန်အတွက် ၁၀၀ ရာခိုင်နှုန်း အပြည့် အာရုံစိုက်နေပါတယ်။ ကျွန်တော်ဟာ ထိပ်တန်း အသင်း တသင်းမှာ ရှိနေပြီး စာချုပ်လည်း ရှိနေပါတယ်။ ပြီးတော့ မီလန်မြို့ကိုလည်း သဘောကျပါတယ်” လို့ ဆိုခဲ့ပါတယ်။

ရာဖေးလ် လီယောင်က သူဟာ အာဆင်နယ် အသင်းရဲ့ ကစားပုံတွေကို ကြိုက်နှစ်သက်တယ်လို့ ပြောခဲ့ပါတယ်။ “ ဒီနှစ်ထဲမှာ ပွဲတွေ အများကြီး ကြည့်ခဲ့ရပါတယ်။ အာဆင်နယ်ကို ကြိုက်ပြီး သူတို့ရဲ့ ကစားပုံက အလွန်ကောင်းတယ်လို့ ထင်ကြောင်း ပြောခဲ့ပါတယ်။ယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ ပိုက်ဆံ အလုံအလောကါ မရှိခဲ့ဘူးလို့ အာနော်တိုဗစ် ဖွင့်ဟ

 

“မော်ရင်ဟိုက ကျနော့်ကို ခေါ်ချင်ပေမယ့် ယူနိုက်တက်မှာ ငွေမရှိခဲ့ဘူး” – အနော်တိုဗစ်

မော်ရင်ဟိုက သူ့ကို ခေါ်ယူချင်ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းက ငွေကြေး အလုံအလောက် မရှိဘူးလို့ မာကို အာနော်တိုဗစ်က ပြန်လည် ဖွင့်ဟလိုက်ပါတယ်။

ပရီးမီးယား လိဂ်
ဝူဗာဟမ်တမ်
မန်ချက်စတာ ယူနိုက်တက်
1X2 မန်ချက်စတာ ယူနိုက်တက် @ 1.94
မန်ချက်စတာ ယူနိုက်တက် အာရှ ဟန်းဒီးကပ် -0.50 @ 1.94
ဂိုးပေါ် 2.50 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အာနော်တိုဗစ်ဟာ ဝက်စ်ဟမ်း အသင်းမှာ ကစားနေတဲ့ အချိန်အတွင်း ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ယူနိုက်တက်က ခေါ်ယူဖို့ စောင့်ကြည့်ခြင်းကို ခံခဲ့ရတာပါ။ အာနော်တိုဗစ်နဲ့ မော်ရင်ဟိုဟာ အင်တာမီလန် အသင်းမှာ အတူတူ အလုပ်လုပ်ခဲ့ဖူးပါတယ်။

အဲ့ဒါကြောင့် ပေါ်တူဂီလူမျိုး နည်းပြက ယူနိုက်တက်မှာ ထပ်ပြီး လက်တွဲ အလုပ်လုပ်ဖို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် ယူနိုက်တက်က သူ့ကိုမခေါ်ယူနိုင်ခဲ့လို့ ကစားသမားဟာ တရုတ်ကို ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်က ပေါ့ဘာကို ခေါ်ယူခဲ့တာကြောင့် သူ့ရဲ့ အပြောင်းအရွှေ့ အဆင်မပြေခဲ့တာ လို့လည်း ဩစတြီးယား ကစားသမားက ပြောခဲ့တာပါ။

အာနော်တိုဗစ်က “ မော်ရင်ဟိုက ဝက်စ်ဟမ်းမှာ ကျွန်တော် ရှိနေချိန် လိုချင်ခဲ့ပါတယ်။ ဘယ်လောက်ကုန်ကျမလဲ‌ ဆိုပြီးတော့ မေးခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ပေါ့ဘာကို ခေါ်ယူခဲ့တကြောင့် ကျွန်တော့်ကို ခေါ်ဖို့ ပိုက်ဆံ အလုံအလောက် မရှိဘူး” လို့ ပြောဆိုခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်