နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ် ၅ ခုရဲ့ အကောင်းဆုံး ဆောင်းရာသီ အလွတ် အပြောင်းအရွှေ့ ၃ ခု

ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်ပွားချိန်က စပြီး ဘောလုံးလောက အတွင်းမှာ ကလပ် အသင်းတွေဟာ အလွတ် ခေါ်ယူမှု ဘက်ကို ပိုပြီး အာရုံစိုက်လာခဲ့ကြပါတယ်။ ဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေးပိုင်း ထိခိုက် နစ်နာမှုတွေ ရှိလာခဲ့ပြီး ငွေကို အရင်လို ရေလို မသုံးနိုင်ချိန်မှာ ပရီးမီယားလိဂ်လို သူကြွယ် ကလပ်တွေက အစ အလွတ်နဲ့ ရရှိမယ့် ကစားသမားတွေကို ရှာဖွေခဲ့ကြပါတယ်။

ကိုဗစ် စတင် ဖြစ်ပွားချိန်က စပြီး အလွတ်ကြေးနဲ့ အပြောင်းအရွှေ့တွေ အများကြီး ဖြစ်ပေါ်လာခဲ့ပြီး အဲဒီထဲကမှ အကောင်းဆုံး ဖြစ်ခဲ့တဲ့ ဆောင်းရာသီ အလွတ် အပြောင်းအရွှေ့ ၃ ခုကို ဖော်ပြပေးချင်ပါတယ်။ အခုဆိုရင်လည်း ဆောင်းရာသီ စျေးကွက် ဖွင့်လှစ်ဖို့ နိးကပ်လာပြီ ဖြစ်လို့ ဘယ်လို အပြောင်းအရွှေ့တွေက အကောင်းဆုံး ဖြစ်လာမလဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

 

၁။ သီယာဂို ဆေးလ်ဗား (ပီအက်စ်ဂျီမှ ချယ်လ်ဆီး)

အသက် ၃၆ နှစ် အရွယ်ကို ရောက်တဲ့ အချိန်မှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ကုန်ဆုံးခဲ့ပြီလို့ ယူဆပြီး ပီအက်စ်ဂျီ အသင်းက ဆေးလ်ဗားကို လက်လွှတ်ခဲ့ပါတယ်။ ဘရာဇီးလ် နောက်ခံလူကို ချယ်လ်ဆီး နည်းပြ လမ်းပတ်က ခေါ်ယူခဲ့ပြီး အသင်းရဲ့ ခံစစ်ပိုင်းမှာ အဓိက ကစားသမား အဖြစ် ယုံယုံကြည်ကြည် ကစားစေခဲ့ပါတယ်။ သူ့ရဲ့အတွေ့အကြုံတွေနဲ့ ဦးဆောင်နိုင်မှုက ပရီးမီးယားလိဂ်မှာ တန်ဖိုး ကြီးမားခဲ့ပြီး လမ်းပတ် ထုတ်ပယ်ခံရပြီး ပီအက်စ်ဂျီ နည်းပြဟောင်း တူချယ်လ် ရောက်လာချိန် မှာတော့ ဆေးလ်ဗားရဲ့ အစွမ်းအစက ပိုမိုပေါ်လွင်ခဲ့ပါတယ်။ တူချယ်လ် လက်အောက်မှာ ချယ်လ်ဆီးဟာ ဂိုးသွင်းရခက်တဲ့ အသင်း အဖြစ် ရပ်တည်ခဲ့ပြီး ဆေးလ်ဗား ကလည်း အဓိက ကစားသမား အဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အသင်းနဲ့ အတူ ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်တဲ့ အထိ အောင်မြင်ခဲ့ပြီး သီယာဂို ဆေးလ်ဗား တစ်ယောက် ပီအက်စ်ဂျီမှာ မရရှိခဲ့တဲ့ အောင်မြင်မှုကို ရယူနိုင်ခဲ့ပါတယ်။ ဒီကစားသမား အတွက် ချယ်လ်ဆီးက ပြောင်းရွှေ့ကြေး မပေးချေခဲ့ဘဲ ရရှိခဲ့တာ ဖြစ်လို့ ပိုလို့တောင် အဖိုးတန်ခဲ့ပြီး သူ့ရဲ့ ဦးဆောင်မှုနဲ့ အတူ ရူဒီဂါ၊ ရိစ် ဂျိမ်းစ် တို့လို ကစားသမားတွေရဲ့ ခြေစွမ်းလည်း တိုးတက်လာခဲ့ပြီး ချယ်လ်ဆီးရဲ့ အဓိက ထောက်တိုင်တွေ ဖြစ်လာခဲ့ပါတယ်။

 

၂။ လူးဝစ္စ ဆွာရက်ဇ် (ဘာစီလိုနာမှ အက်သလက်တီကိုမက်ဒရစ်)

အသက် ၃၄ နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဥရုဂွေး တိုက်စစ်မှူးဟာ ဘာစီလိုနာကို နည်းပြသစ် အဖြစ် ရော်နယ်ကိုးမန်း ရောက်ရှိလာချိန် မှာတော့ အသင်းရဲ့ စီမံကိန်းထဲ မပါဘူး ဆိုပြီးတောင် အပြောခံခဲ့ရသူပါ။ အသင်းရဲ့ တာဝန်ရှိသူတွေ ကလည်း ဆွာရက်ဇ်က အသက်အရွယ် ကြီးမြင့်လာပြီ ဖြစ်သလို အင်ပြည့်အားပြည့် မကစားနိုင်တော့ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ အသင်း ကနေ ထွက်ခွာခွင့် ပေးခဲ့ပါတယ်။ ကစားသမား ကိုယ်တိုင်က ဆက်ကစားချင်ပေမယ့် အသင်းက အလိုမရှိချိန် မှာတေ့ာ ဆွာရက်ဇ် တစ်ယောက် နူးကမ့်ကို စွန့်ခွာပြီး အက်သလက်တီကိုမက်ဒရစ် အသင်းထံ ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒီအပြောင်းအရွှေ့မှာ ဘာဆာက ယူရို ၂သန်း ရရှိတယ်လို့ သတင်းတွေ ထွက်လာပေမယ့် အတည်ပြုနိုင်ခြင်း မရှိဘဲ အလွတ်ခေါ်ယူမှု လို့သာ အားလုံးက သဘောပေါက်ခဲ့ကြပါတယ်။ ဆွာရက်ဇ်ဟာ အက်သလက်တီကို အတွက် ပထမဆုံး ရာသီမှာပဲ လိဂ်သွင်းဂိုး ၁၉ ဂိုး သွင်းယူပေးပြီး အသင်းကို စပိန် လာလီဂါ အမှတ်ပေးဖလား ရယူပေးနိုင်ခဲ့ပါတယ်။ အသင်းဟောင်း ဘာစီလိုနာ ကတော့ ဆွာရက်ဇ် မရှိချိန်မှာ မက်ဆီ တစ်ဦးတည်းကို အားကိုးနေခဲ့ရပြီး ကိုပါဒယ်ရေးဖလားသာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဆွာရက်ဇ် ကတော့ သူ့ကို ထုတ်ပစ်ခဲ့တာ မှားယွင်းကြောင်းကို ခြေစွမ်းနဲ့ သက်သေပြခဲ့ပြီး အက်သလက်တီကိုနဲ့ ဖလား ရယူနိုင်ခဲ့ချိန်မှာ ကွင်း အတွင်း ချုံးပွဲချ ငိုကြွေးတဲ့ အထိ စိတ်ခံစားချက် ပြင်းထန်ခဲ့ပါတယ်။

 

၃။ အက်ဒင်ဆင် ကာဗာနီ (ပီအက်စ်ဂျီမှ မန်ချက်စတာယူနိုက်တက်)

ကာဗာနီဟာ နယ်မြေသစ် ဖြစ်တဲ့ ပရီးမီးယားလိဂ် မှာတော့ လူငယ်တစ်ဦး အလား ခြေစွမ်းပြခဲ့ပြီး သူ့ရဲ့ ဘောလုံးပညာနဲ့ သမ္ဘာကို ပြသနိုင်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက််တက်မှာ ပြိုင်ပွဲစုံ အရပ်ရပ် ၁၇ ဂိုး အထိ သွင်းယူနိုင်ခဲ့တဲ့ ကာဗာနီ

ဆွာရက်ဇ် နည်းတူ ဥရုဂွေး တိုက်စစ်မှူးလည်း ဖြစ်၊ အသက်အရွယ် ကလည်း အတူတူပဲ ဖြစ်တဲ့ ကာဗာနီ ကတော့ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက်မှာ ယူနိုက်တက်ဆီ အလွတ်နဲ့ ရောက်ခဲ့ပါတယ်။ တစ်နှစ် စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး နာမည်ကြီး ကျောနံပါတ် ၇ ကို ဝတ်ဆင် ကစားခွင့် ရရှိခဲ့ပါတယ်။ ကာဗာနီဟာ နယ်မြေသစ် ဖြစ်တဲ့ ပရီးမီးယားလိဂ် မှာတော့ လူငယ်တစ်ဦး အလား ခြေစွမ်းပြခဲ့ပြီး သူ့ရဲ့ ဘောလုံးပညာနဲ့ သမ္ဘာကို ပြသနိုင်ခဲ့ပါတယ်။ ယူနိုက်တက်မှာ ပျောက်ကွယ်နေတာ ကြာပြီ ဖြစ်တဲ့ နံပါတ် ၉ တိုက်စစ်မှူး စစ်စစ်ကို ပြန်လည် မြင်တွေ့ခဲ့ရပြီး ကာဗာနီက လိဂ်ဂိုး ၁၀ ဂိုး အပါအဝင် ပြိုင်ပွဲ အရပ်ရပ် သွင်းဂိုး ၁၇ ဂိုး အထိ ရရှိခဲ့ပါတယ်။ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အဆင့်မှာ ရိုးမားကို နှစ်ကျော့ပေါင်း ၄ ဂိုး အထိ သွင်းယူခဲ့ပြီး ဖူလ်ဟမ်နဲ့ ပွဲမှာ ဆိုရင် ကွင်းလယ် တဝက်လောက် ကနေ ဂိုးသမား ကိုပါ ကျော်သွင်းပြီး လှပတဲ့ သွင်းဂိုး တစ်ဂိုးကို ရယူပြခဲ့ပါတယ်။ လူငယ်ကစားသမားတွေ အတွက် စံထားလောက်တဲ့ တိုက်စစ်မှူး ဖြစ်ခဲ့သလို သူ့ရဲ့ စိတ်ဓာတ် ပြင်းပြမှုက ယူနိုက်တက် အတွက်ပါ အများကြီး အကျိုးရှိခဲ့ပြီး နောက်ထပ် စာချုပ် သက်တမ်း ၁ နှစ် တိုးမြှင့်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ယူနိုက်တက်တို့ အရေးနိမ့်ခဲ့လို့ ဆုဖလား လက်မဲ့ရာသီနဲ့ ကြုံခဲ့ရပြီး ကာဗာနီ ကတော့ ဗိုလ်လုပွဲမှာ အသင်း အတွက် ၁ ဂိုး သွင်းယူပေးခဲ့ပါသေးတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်