နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆော်ဒီ ကလပ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ရော်နယ်ဒို၊ မက်အယ်လစ္စတာကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်နဲ့ စပါး (ပရီးမီးယားလိဂ် အပြောင်းအရွှေ့ သတင်းများ)

ဒီဇင်ဘာလ ၂၂ ရက် မနက်ပိုင်းမှာ ရရှိထားတဲ့ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် ဖော်ပြပေးရမယ် ဆိုရင်တော့…

 

ရက်ပိုင်း အတွင်း ဆော်ဒီ ကလပ်ကို ပြောင်းရွှေ့မယ့် ရော်နယ်ဒို

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲခဲ့တဲ့ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဆော်ဒီ ကလပ် အယ်လ်နာဆာ အသင်းကို သေချာပေါက် ပြောင်းရွှေ့လိမ့်မယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ရော်နယ်ဒိုဟာ နှစ်သစ် မတိုင်ခင်မှာပဲ ဒီအပြောင်းအရွှေ့ကို အပြီးသတ် လုပ်ဆောင်သွားမယ်လို့ သိရပြီး တစ်နှစ်ကို ယူရိုသန်း ၂၀၀ အထိ ရရှိသွားမှာပါ။

အသင်းဟောင်း ရီးရဲလ်မက်ဒရစ်မှာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ရော်နယ်ဒိုဟာ ဒူဘိုင်းကို ဆက်လက် ထွက်ခွာခဲ့ပြီး လက်ရှိအချိန်ထိ ရှိနေတာပါ။ ဒူဘိုင်းကမှ တဆင့် ဆော်ဒီကို သွားရောက်မယ်လို့ သိရပြီး ၂ နှစ်ခွဲ စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ လုပ်ခလစာ အနေနဲ့ ကတော့ စုစုပေါင်း ယူရိုသန်း ၅၀၀ အထိ ရရှိလိမ့်မယ် လို့လည်း စပိန် သတင်းစာ Marca က ဆိုပါတယ်။

အသက် ၃၇ နှစ် အရွယ် ပေါ်တူဂီ တိုက်စစ်မှူးဟာ ဆော်ဒီရဲ့ ဘောလုံးလောကကို မြှင့်တင်ပေးနိုင်မယ်လို့ အယ်လ်နာဆာက ယုံကြည်နေပါတယ်။ ဒါ့အပြင် ၂၀၃၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပဖို့ အတွက် အိမ်ရှင် အဖြစ် လျှောက်ထားပြီး အဆိုပါ ပြိုင်ပွဲ မတိုင်ခင် ဆော်ဒီ ဘောလုံး အဆင့်အတန်းက ရော်နယ်ဒိုကြောင့် မြင့်မားလာဖို့ကို ရည်ရွယ်ထားပါတယ်။

 

မက်ဆီကို သေချာပေါက် စာချုပ်သက်တမ်းတိုးမယ့် ပီအက်စ်ဂျီ

ပြင်သစ် လီဂူးဝမ်း ကလပ် ပီအက်စ်ဂျီနဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အာဂျင်တီးနား တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖွယ် ရှိတယ်လို့ သိရပါတယ်။ နောက်ထပ် တစ်နှစ် စာချုပ်သစ်ချုပ်ဖို့ အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားတယ်လို့လည်း သိရပေမယ့် လက်ရှိမှာတော့ တစုံတရာ တိုးတက်မှုကို ပြသခြင်း မရှိသေးပေမယ့် ဖြစ်ပေါ်လာမယ်လို့ ဆိုပါတယ်။

မက်ဆီကို မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ ကလည်း ခေါ်ယူဖို့ ကမ်းလှမ်းထားပြီး ကနဦးမှာ ပြောင်းရွှေ့လိမ့်မယ်လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် မက်ဆီ ဘက်က ပြောင်းရွှေ့မယ့် အကြောင်းကို လုံး၀ ပြောဆိုထားတာမျိုး မရှိဘဲ သူ့ရဲ့ အနေအထားကို စောင့်ကြည့်ရမှာ ဖြစ်သလို ပီအက်စ်ဂျီ ကတော့ သူတို့နဲ့ စာချုပ်သစ်ချုပ်မယ်လို့ ယုံကြည်ထားပါတယ်။

မက်ဆီဟာ အာဂျင်တီးနားနဲ့ အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက်မှာ လက်ရွေးစင် အသင်း ကနေ အနားယူမယ်လို့ ပြောဆိုထားမှုကို ပြန်လည် ရုတ်သိမ်းပြီး ဆက်ကစားမယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် ဥရောပ ထိပ်တန်းလိဂ် တစ်ခုမှာ သူ ဆက်လက် ကျင်လည်ဖို့ ကိုလည်း ဆုံးဖြတ်ဖွယ် ရှိနေပြီး အသက် ၃၅ နှစ် အရွယ် အာဂျင်တိုင်းသားကို ပရိသတ်တွေ ချန်ပီယံလိဂ်မှာ ဆက်လက် မြင်တွေ့ရဖွယ် ရှိနေပါတယ်။

 

မက် အယ်လစ္စတာကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်၊ စပါးနဲ့ အေတီကို

လက်ရှိမှာတော့ ဒီကစားသမား အတွက် ပရီးမီးယားလိဂ် လန်ဒန် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ စပါး၊ လာလီဂါ ကလပ် အက်သလက်တီကိုမက်ဒရစ်တို့က အပြိုင်အဆိုင် ဖြစ်နေပါတယ်။
အာဂျင်တီးနားနဲ့ အတူ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ မက် အယ်လစ္စတာ

အာဂျင်တီးနားနဲ့ အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ဘရိုက်တန် ကွင်းလယ်လူ မက် အယ်လစ္စတာကို ဥရောပ ထိပ်တန်း အသင်းကြီးတွေက စိတ်ဝင်စားနေပြီ ဖြစ်ပါတယ်။ ဘရိုက်တန် အတွက်လည်း ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ အယ်လစ္စတာဟာ ကမ္ဘာ့ဖလားမှာ သွင်းဂိုး ၁ ဂိုး ရယူနိုင်ခဲ့ပြီး အထိုက်အလျောက် အားဖြင့်လည်း ပွဲကစားခွင့် ရရှိခဲ့ကာ သူ့ရဲ့ တန်ဖိုးက ပိုမိုမြင့်တက်လာပြီ ဖြစ်ပါတယ်။

ဘရိုက်တန် ကတော့ သူတို့ရဲ့ အဓိကကစားသမားကို လက်မလွှတ်ချင်ပေမယ့် အသင်းကြီးတွေ ဘက်က စိတ်ဝင်စားမှုနဲ့ ပြောင်းရွှေ့ကြေး မြင့်မြင့်မားမား ရရှိမယ့် အချက်တွေကြောင့် ရောင်းချနိုင်ချေတော့ ရှိနေပါတယ်။ လက်ရှိ မှာတော့ ဒီကစားသမား အတွက် ပရီးမီးယားလိဂ် လန်ဒန် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ စပါး၊ လာလီဂါ ကလပ် အက်သလက်တီကိုမက်ဒရစ်တို့က အပြိုင်အဆိုင် ဖြစ်နေပါတယ်။

အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ အယ်လစ္စတာဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အာဂျင်တီးနား အသင်းသားတွေ ထဲမှာ ဆိုရင်လည်း မာတီနက်ဇ်နဲ့ မက်ဆီတို့ ပြီးရင် မိနစ် အများဆုံး ကစားခဲ့ရတဲ့သူ ဖြစ်ခဲ့ပါတယ်။ ဒီလို အနေအထားတွေကြောင့် သူ့ကို စိတ်ဝင်စားတဲ့ အသင်းတွေ များပြားလာပြီး ကစားသမားရဲ့ တန်ဖိုးဟာ အနည်းဆုံး ပေါင်သန်း ၄၀ ရှိမယ်လို့ ခန့်မှန်းရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်