နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပွဲကြိုသုံးသပ်ချက် | လစ်ဗာပူးလ် – နယူးကာဆယ် (ပရီးမီးယားလိဂ်)

လစ်ဗာပူးလ် – နယူးကာဆယ်

ပရီးမီးယားလိဂ် ပွဲစဉ် (၅) ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် လစ်ဗာပူးလ်တို့ အန်ဖီးလ်မှာ နယူးကာဆယ်ကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်တို့ ပြီးခဲ့တဲ့ ပွဲမှာ ဘုန်းမောက်ကို ၉ ဂိုးပြတ် သွင်းပြီး ပုံစံကောင်း ပြန်ရထားသလို နယူးကာဆယ် ကလည်း ပိုင်ရှင်သစ် လက်ထက်မှာ တဖြည်းဖြည်း တောင့်တင်းလာပြီး ထိပ်သီး ပြိုင်ဘက်တွေကို ခြေရည်တူ ယှဉ်ပြိုင်နိုင်စွမ်း ရှိလာတဲ့ အသင်း ဖြစ်နေလို့ ပြိုင်ဆိုင် ပြင်းထန်တဲ့ ပွဲစဉ် တစ်ပွဲ အဖြစ် မြင်တွေ့ရဦးမှာ သေချာပါတယ်။

လစ်ဗာပူးလ်တို့ ဒဏ်ရာရ ကစားသမား များပြားနေမှုနဲ့ အတူ ပရီးမီးယားလိဂ် ရာသီအဖွင့် ပွဲစဉ်တွေမှာ ရလဒ်တွေ ဆိုးရွားခဲ့သမျှ ပြီးခဲ့တဲ့ ပွဲမှာတော့ တန်းတက် ဘုန်းမောက်ကို စံချိန်တင် ၉ ဂိုးပြတ် သွင်းပြီး အနိုင်ယူထားခဲ့ပါတယ်။ ဆာဒီယို မာနေး ထွက်ခွာသွားမှုနဲ့ ကွင်းလယ်လူ အများအပြား ဒဏ်ရာရနေမှုက အသင်း အတွက် အတိုင်းအတာ တစ်ခု အထိ သက်ရောက်မှု ရှိနေတယ် ဆိုပေမယ့် လစ်ဗာပူးလ်ဟာ ဘယ်လို အသင်းမျိုးလည်း ဆိုတာ သက်သေပြထားနိုင်တယ် လို့ပဲ ဆိုရပါမယ်။ ဒါပေမယ့် ဂျာဂျင် ကလော့ပ်ရဲ့ အသင်းက ရမှတ် ၅ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက အာဆင်နယ်နဲ့ ၇ မှတ်၊ မန်စီးတီး၊ စပါး၊ ဘရိုက်တန် တို့နဲ့ ၅ မှတ် အထိ ပြတ်နေပါတယ်။ ဒါ့အပြင် လာမယ့် စက်တင်ဘာလ ထဲမှာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တွေလည်း စပြီး ကန်ရဖို့ ရှိတာကြောင့် တတ်နိုင်သမျှ ရမှတ် ရှာဖွေထားဖို့ လိုအပ်ပါတယ်။ ဘုန်းမောက်ကို ၉ ဂိုးပြတ် အနိုင်လိုက်တာက စိတ်ဓာတ် ခွန်အားကို ပြန်လည် မြှင့်တင်လိုက်သလို ဖြစ်ခဲ့တာကြောင့် အခုလာမယ့် ပွဲမှာလည်း လစ်ဗာပူးလ်ကို ပုံစံကောင်း တစ်ခုနဲ့ ဆက်လက် မြင်တွေ့ရဖို့တော့ ရှိနေပါတယ်။ သတင်းတွေ အရ ဆိုရင် တိုက်စစ်မှူး ဒါဝင်နူညက်ဇ် အနီကတ် ပစ်ဒဏ်ကြောင့် ထပ်မံ လွဲချော်ဖို့ ရှိပြီး သီယာဂို၊ ကေတာ၊ မက်တစ်ပ်၊ ကိုနာတေး၊ ဂျိုတာ၊ ကာတစ်ဂျုံးစ်၊ ကယ်လာဟာ၊ ချမ်ဘာလိန် တို့ကတော့ ဒဏ်ရာကြောင့် ကစားနိုင်ဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

နယူးကာဆယ် ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲ ကစားပြီးချိန် အထိ ရှုံးပွဲ လုံးဝ မရှိသေးပဲ ၁ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ရမှတ် ၆ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။
ပြီးခဲ့တဲ့ ပွဲစဉ်မှာ ဝုဗ်နဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ နယူးကာဆယ်

နယူးကာဆယ် ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲ ကစားပြီးချိန် အထိ ရှုံးပွဲ လုံးဝ မရှိသေးပဲ ၁ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ရမှတ် ၆ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။ အဖွင့်ပွဲမှာ နော့တင်ဟမ်ဖောရက်စ်ကို ၂ ဂိုးပြတ် အနိုင်ရပြီးနောက် ဘရိုက်တန်၊ မန်စီးတီး၊ ဝုဗ် တို့နဲ့ ၃ ပွဲဆက် သရေကျခဲ့ပေမယ့် နယူးကာဆယ်ရဲ့ ခြေစွမ်းက တော်တော်လေး အားရစရာ ကောင်းတဲ့ အနေအထားမှာ ရှိပါတယ်။ ပြီးခဲ့တဲ့ ရာသီက လူစာရင်း အတိုင်း အပြောင်းအလဲ သိပ်မရှိပဲ ကစားနေပေမယ့် စိန့်မက်ဆီမင်၊ ဂီမာရေးစ်၊ ဝေးလ်လော့ခ်တို့ ခြေစွမ်းပြနေတာကြောင့် ငှက်ကြားတွေ ရလဒ်ကောင်းနေတာ ဖြစ်ပါတယ်။ ပြသနာက ဒီကစားသမားတွေ အပြင် ရှဲလ်ဗီ၊ ကော်လမ်ဝီလ်ဆင်၊ ခရက်ဖ်တို့ ဒဏ်ရာကြောင့် အခုပွဲကို လွဲချော်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အက်ဒီဟောင်း အနေနဲ့ အရန် ကစားသမား အများစု ကိုပဲ အသုံးပြုရဖို့ ရှိပြီး ခြေပြန်တက်နေတဲ့ လစ်ဗာပူးလ်ကို အရင်ပွဲတွေလိုမျိုး ပုံစံကောင်း တစ်ခုနဲ့ ရင်ဆိုင်နိုင်ပါ့မလား ဆိုတာ သံသယ ဖြစ်စရာတော့ ရှိနေပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

လစ်ဗာပူးလ် – အလီဆွန်၊ အာနိုးလ်၊ ဗန်ဒိုက်ခ်၊ ဂိုးမက်ဇ်၊ ရော်ဘတ်ဆန်၊ အဲလီယော့တ်၊ ဖာဘင်ဟို၊ ဟန်ဒါဆန်၊ ဆာလာ၊ ဖေမီနို၊ ဒီးရာ့ဇ်
နယူးကာဆယ် – ထရစ်ပီယာ၊ ရှား၊ ဘော့တ်မန်း၊ ဘန်း၊ ဝေးလ်လော့ခ်၊ လောင်းစတက်ဖ်၊ ဂျိုးလင်တန်၊ အဲလ်မီရွန်၊ ဖရေဆာ၊ ဝုဒ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၂၂ ကြိမ်မှာ လစ်ဗာပူးလ်က ၁၂ ကြိမ် အနိုင်ရပြီး နယူးကာဆယ်က ၄ ကြိမ်သာ ပြန်လည် အနိုင်ရခဲ့ပါတယ်။ ၆ ကြိမ် ကတော့ သရေကျထားပြီး မနှစ်က တွေ့ဆုံမှု ၂ ကြိမ်စလုံး မှာတော့ လစ်ဗာပူးလ်က နယူးကာဆယ်ကို ၃-၁၊ ၀-၁ ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာ လစ်ဗာပူးလ် အနိုင် အတွက် ၁.၂၈ ဆ၊ နယူးကာဆယ်ယူနိုက်တက် အနိုင် ဆိုရင် ၈.၇၅ ဆ၊ သရေ အတွက် ကတော့ ၅.၈၀ ဆ ဆိုပြီး ကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ လစ်ဗာပူးလ် ကျိန်းသေပေါက် အနိုင်ဆိုပြီး ကြေးဖွင့်ထားသလိုပါပဲ။ နှစ်သင်းလုံး ဒဏ်ရာရကစားသမား များနေကြပေမယ့် အစဉ်အလာအရတော့ အန်ဖီးလ်မှာ ကြိုးကြာနီတွေကို ငှက်ကြားတွေ အသာမရခဲ့ပါဘူး။ လစ်ဗာပူးလ် အနိုင်သေချာပြီး ဂိုးလည်း ပေါ်နိုင်ပါတယ်။

 

ခန့်မှန်းရလဒ်

လစ်ဗာပူးလ် ၃-၁ နယူးကာဆယ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်