နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပွဲကြိုသုံးသပ်ချက် | ဘုန်းမောက် – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် (ပရီးမီးယားလိဂ်)

ဘုန်းမောက် – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

အခုတစ်ပတ် ကြာဿပတေး မနက် ၁ နာရီ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၅)ရဲ့ ပွဲကောင်းတွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်က ဘုန်းမောက်ကို ဗိုက်တယ်လတီ ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ရလဒ်တွေ တောက်လျောက် ဆိုးရွားနေတဲ့ နှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်ပေမယ့် ရမှတ် လိုအပ်ချက်တွေ အားစိုက်လာဖို့ ရှိနေတာကြောင့် ကျိန်းသေပေါက် အကြိတ်အနယ် ရှိတဲ့ ပွဲစဉ် ဖြစ်လာဦးမှာတော့ သေချာပါတယ်။

လာလီဂါ
ဆယ်တာဗီဂို
ကာဒပ်ဇ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဘုန်းမောက်တို့ ပွဲစဉ် (၁) မှာ အက်စတွန်ဗီလာကို ၂ ဂိုးပြတ် အနိုင်ရခဲ့လို့ ပရီးမီးယားလိဂ် အဖွင့် လှခဲ့ပေမယ့် နောက်ပွဲတွေ မှာတော့ တောက်လျောက် ကားကြိတ်နေပါတယ်။ ဗီလာနဲ့ ပွဲ ခြေစွမ်းကြောင့် လျှော့တွက်လို့ မရတဲ့ အသင်း ဖြစ်လာလေမလား ဆိုပြီး အထင်ကြီးခဲ့ပေမယ့် ပွဲစဉ် (၂) မှာ ပပ်ရဲ့ အသင်းကို ၄-၀၊ အဲ့နောက် ပပ်ရဲ့ တပည့် အာတေးတားရဲ့ ဂန်းနားတွေကို ၃-၀ ထပ်မံ ရှုံးနိမ့်ခဲ့ပါတယ်။ နောက်ဆုံး ပွဲမှာတော့ ယူနိုက်တက်ကို ရှုံးလို့ တင်းနေတဲ့ ကြိုးကြာနီတွေရဲ့ ပေါက်ကွဲခြင်း ခံခဲ့ရပြီး ၉-၀ ရလဒ်နဲ့ စံချိန်တင် အရှုံးပေးခဲ့ရပါတယ်။ ဒါကြောင့် အသင်း တာဝန် ရှိသူတွေက စကော့တ် ပါကားကို နည်းပြ အဖြစ်ကနေ ထုတ်ပယ်ခဲ့ပြီး ပါကား နေရာ မှာတော့ လက်တလော ဂယ်ရီ အိုနီးလ် တာဝန်ယူ ကိုင်တွယ်သွားမယ်လို့လည်း သိရပါတယ်။ ဘုန်းမောက်ရဲ့ ခြေစွမ်းပိုင်း ကတော့ အထွေအထူး ပြောစရာတော့ မရှိပါဘူး။ ချယ်ရီ တို့ဟာ ဂိုးပြတ် ရှုံးနေချိန် မှာတောင် စိတ်ဓာတ်ပိုင်း မကျသွားပေမယ့် ကစားကွက် ကတော့ တဖြည်းဖြည်း ပျက်ဆီးသွားတတ်လို့ ပြိုင်ဘက်တိုင်းရဲ့ ဂိုးပြတ်သွင်းတာ ခံနေရတာ ဖြစ်ပါတယ်။ အခုပွဲ ကိုတော့ ရွိုင်ယန် ဖက်ဒရစ်ခ်၊ စတန်နစ်လက်စ်၊ ရော့သ်ဝဲလ်၊ ဒေးဗစ် ဘရွတ်ခ်၊ ပီယာဆန် တို့ အားလုံး ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဘုန်းမောက်တို့ အခြေအနေ ဆိုးရွားနေသလို ဝုဗ် ကလည်း မိုးထဲ ရေထဲ ရောက်နေပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲ ကစားပြီးဆုံးချိန်အထိ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားတဲ့ ဝုဗ်တို့ ရမှတ် ၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၉ နေရာ အထိ ရောက်ရှိနေပါတယ်။ ကိုဒီနဲ့ ဆာအိစ်တို့ မရှိတော့တဲ့နောက် ဝုဗ်ရဲ့ ခံစစ်က တော်တော်လေး အားနည်းသွားပြီး နောက်ဆုံး ၅ ပွဲမှာ ဖူလ်ဟမ်နဲ့ တစ်ပွဲပဲ ဂိုးမပေးခဲ့ရတာ တွေ့ရပါတယ်။ တိုက်စစ် ကလည်း တစ်ပွဲ ပျမ်းမျှ ၀.၅ ဂိုးနှုန်းသာ ရရှိထားလို့ ဘရူနို လာ့ဂျ်ရဲ့ အသင်းက ခံစစ်ရော၊ တိုက်စစ်ပါ တော်တော်လေးကို အားနည်းနေတယ်လို့ ဆိုနိုင်ပါတယ်။ သေချာ အားစိုက် ကစားရင် အမှတ်ပြည့် ရနိုင်တဲ့ ပွဲဖြစ်တာကြောင့် ဘရူနို လာ့ချ် အနေနဲ့ အတောင့်တင်းဆုံး လူစာရင်း ကိုပဲ ထုတ်သုံးလာဖို့ ရှိပြီး ဝီလီ ဘိုလီ၊ ချီကွင်ဟို တို့ကတော့ အခုပွဲကို ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲ ကစားပြီးဆုံးချိန်အထိ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားတဲ့ ဝုဗ်တို့ ရမှတ် ၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၉ နေရာ အထိ ရောက်ရှိနေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာကို ရောက်ရှိနေတဲ့ ဝုဗ်

ဘုန်းမောက် – ထရာဗားစ်၊ ဆန်နက်ဆီ၊ ကယ်လီ၊ မီဖမ်း၊ ဘေလင်း၊ လာမာ၊ စမစ်၊ ဇီမူရာ၊ တာဗာနီယာ၊ မော၊ ဆိုလန်ကီ
ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – ဆား၊ ကောလင်းန်၊ ကေးလ်မန်း၊ အစ်နျူရီ၊ ဂျွန်နီ၊ နီဗက်စ်၊ မော်တင်ဟို၊ နူနက်စ်၊ ဂီဒက်စ်၊ ပိုဒန့်စ်၊ ဂျင်မီနက်ဇ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပြိုင်ပွဲစုံ နောက်ဆုံး တွေ့ဆုံမှု ၆ ကြိမ်မှာ ဘုန်းမောက်က ၂ ကြိမ်နိုင်၊ ဝုဗ်က ၃ ကြိမ် နိုင်ပြီး ၁ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၄ ကြိမ် မှာတော့ ဝုဗ်တို့ ဘုန်းမောက်ကို လုံးဝ ရှုံးနိမ့်ထားခြင်း မရှိပဲ ၃ နိုင်၊ ၁ ပွဲ သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာ ဘုန်းမောက် အနိုင် အတွက် ၃.၄၀ ဆ၊ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် အနိုင် ဆိုရင် ၂.၁၄ ဆ၊ သရေ အတွက် ကတော့ ၃.၂၅ ဆ ဆိုပြီး ကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ ဘုန်းမောက် ကလည်း တောက်လျောက် ဂိုးပြတ်တွေချည်း ရှုံးထားသလို ဝုဗ်ကလည် ရာသီသစ်မှာ နိုင်ပွဲ လုံးဝ မရသေးလို့ ရလဒ် ဆိုးတွေ အောက်က ရုန်းထွက်ဖို့ ကြိုးစားကြမှာပါ။ ဒါပေမယ့် ခြေစွမ်းပိုင်းအရ အားရစရာ မရှိကြလို့ အရမ်းကြီး‌တော့ မျှော်လင့်ထားလို့ မရပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ တွေ့ဆုံမှုနဲ့ လူအင်အားအရ အနည်းငယ် ပိုသာနေတဲ့ ဝုဗ် ဘက်က အရဲစွန့် ရပ်တည်ထားချင်ပါတယ်။ ဒါပေမယ့် နှစ်သင်းပေါင်း သွင်းဂိုး ကတော့ အနည်းဘက်ကိုပဲ ဦးတည်နိုင်ပါတယ်။

 

ခန့်မှန်းရလဒ်

ဘုန်းမောက် ၀-၁ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်