ဆောက်သမ်တန် – မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၄) အဖြစ် ဆောက်သမ်တန်ကို စိန့်မေရီကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ လစ်ဗာပူးလ်ကို အနိုင်ယူပြီး ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်နိုင်ခဲ့တဲ့ မန်ချက်တို့ ပုံစံကောင်း ပြန်ရနေတဲ့ စိန့်ရဲ့ အိမ်ကွင်းမှာ ထပ်ပြီး ပျံတက်ပြနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမယ့် ပွဲလည်း ဖြစ်ပါတယ်။
အိမ်ရှင် ဆောက်သမ်တန်တို့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးကို ဂိုးပြတ် အရေးနိမ့်ခဲ့ပေမယ့် နောက်ပွဲတွေမှာ တောက်လျောက် ရလဒ်တွေ ကောင်းနေခဲ့ပါတယ်။ ပွဲစဉ် (၂) မှာ ခြေစွာနေတဲ့ လိဒ်စ်ကို ၂ ဂိုးပြတ် ရှုံးနေရာ ကနေ နောက်ကနေ လိုက်ကစားပြီး သရေ တစ်မှတ် ခွဲယူနိုင်ခဲ့သလို နောက်ပွဲ မှာလည်း လက်စတာစီးတီးကို အနိုင်ကန်ပြီး ၃ မှတ် အပြည့်ယူနိုင်ခဲ့ပါတယ်။ ဆောက်သမ်တန်ဟာ နှစ်စဉ် နှစ်တိုင်း အဆင့် ၁၅၊ ၁၆၊ ၁၇ လောက်မှာပဲ တဝဲလည်လည် ရှိနေတတ်တဲ့ အသင်း ဖြစ်ပေမယ့် တစ်ရာသီကို တစ်ကြိမ်လောက်တော့ မထင်မှတ်တာတွေ လုပ်ပြတတ်တဲ့ အသင်း ဆိုရင်လည်း မမှားပါဘူး။ လိဒ်စ်နဲ့ ပွဲမှာ ကစားသွားတဲ့ ပုံစံ ကို ကြည့်ရင် စိန့် တို့ဟာ တိုက်ပွဲဝင်စိတ် အပြည့်နဲ့ နောက်ဆုံး အချိန်ထိ ပြိုင်ဘက်ကို ရင်ဆိုင်နေတတ်တဲ့ အသင်းလို့လည်း ပြောလို့ ရပါတယ်။ ဒီအချက်က အဓိက ဖြစ်ပြီး အခုပွဲမှာလည်း သူတို့ထက် အဘက်ဘက်က သာနေတဲ့ ယူနိုက်တက်ကို စိတ်ဓာတ် နဲ့ပဲ ကစားသွားမယ့် သဘော ရှိပါတယ်။ ပါရောက်ဒ်နဲ့ လစ်ဗရာမန်တို မကစားနိုင်သေးတာ ကတော့ အားနည်းချက် ဖြစ်လာနိုင်ပေမယ့် ဟတ်ဆန်ဟတ်တဲလ် အနေနဲ့ ပြီးခဲ့တဲ့ ပွဲတွေမှာ သုံးခဲ့တဲ့ ပုံစံကောင်း ရပြီးသား အစုအဖွဲ့နဲ့ပဲ ယူနိုက်တက်ကို ရင်ဆိုင်လာပါလိမ့်မယ်။ ဒီပွဲမှာ အဓိက စောင့်ကြည့်ရမယ့်သူက နောက်ဆုံး ၂ ပွဲမှာ ၄ ဂိုးအထိ သွင်းထားတဲ့ တိုက်စစ်က ချေး အက်ဒမ် ဖြစ်ပြီး ဝက်ဒ်ပရောက်စ်ရဲ့ ကွင်းလယ်က တိကျတဲ့ ဖြတ်တင်ဘောတွေ၊ အဲလ်ယွန်နူဆီ၊ အာရီဘိုနဲ့ အမ်းစတောင်း တို့ရဲ့ လျင်မြန်တဲ့ တောင်ပံတွေ ကိုတော့ ယူနိုက်တက် ခံစစ်က သတိကြီးကြီးထားဖို့ လိုအပ်ပါလိမ့်မယ်။




ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲဆက် ‘ဘ’ ကုန်း နှစ်သင်းကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ပေမယ့် ပွဲစဉ် (၃) မှာတော့ အစဉ်အလာ ပြိုင်ဘက် လစ်ဗာပူးလ်ကို အိုးထရက်ဖို့ဒ်မှာ အနိုင်ယူပြီး ရလဒ်ဆိုးတွေ အောက်ကနေ အကောင်းဆုံး ရုန်းထနိုင်ခဲ့ပါတယ်။ ဂေါင်းကြီးနဲ့ ဂုတ်ကြီးကို ထည့်မကစားတဲ့ ပွဲမှာ ပုံစံကောင်း တစ်ခုနဲ့ လစ်ဗာပူးလ်ကို ရင်ဆိုင်နိုင်ခဲ့ပြီး အဖိုးတန် ၃ မှတ်ကို အရယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနိုင်ပွဲက ယူနိုက်တက်ရဲ့ ဖရိုဖရဲ ဖြစ်နေတဲ့ စုဖွဲ့မှုနဲ့ ကျဆင်းနေတဲ့ စိတ်ဓာတ်ကို ပြန်လည် မြှင့်တင်ပေးခဲ့ပြီး အခုပွဲမှာ ဆက်ထိန်းထားနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရပါမယ်။ အားနည်းနေတဲ့ ကွင်းလယ် ခံစစ်နေရာ အတွက် ချန်ပီယံလိဂ် ၅ ကြိမ်ရ Tank ကြီး ကတ်စ်မဲရိုးနဲ့ အားဖြည့်နိုင်ခဲ့တာက အဲရစ်ခ် တန်ဟက်ဂ် အတွက် အားတက်စရာ ဖြစ်ပေမယ့် အခုပွဲမှာ တန်းပြီး ထုတ်သုံးနိုင်ချေတော့ နည်းပါတယ်။ ယူနိုက်တက်ကို လစ်ဗာပူးလ်နဲ့ ပွဲက လူစာရင်း အတိုင်း မြင်တွေ့ရဖို့ များပြီး တန်ဟက်ဂ် အနေနဲ့ အီလန်ဂါ နေရာမှာ ရက်ရှ်ဖို့ဒ်၊ အထောင် တိုက်စစ် နေရာ မှာတော့ အန်တိုနီ မာစီရယ်ကို ပွဲထွက်ခိုင်းမယ့် သဘော ရှိပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဆောက်သမ်တန် – ဘာဇူနူ၊ ဝေါ်ကာ-ပီတာစ်၊ ဘယ်လာ ကော့ချပ်၊ ဆယ်လီဆူ၊ ဒီဂျန်ပို၊ လာဗီရာ၊ ဝက်ဒ်ပရောက်စ်၊ အဲလ်ယွန်နူဆီ၊ အမ်းစတောင်း၊ အာရီဘို၊ အဒမ်စ်
မန်ချက်စတာယူနိုက်တက် – ဒက်ဟဲယား၊ ဗာရန်း၊ မာတီနက်ဇ်၊ ဒါလော့တ်၊ မလာဆီယာ၊ အဲရစ်ခ်ဆင်၊ မက်တော်မီနေး၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ဆန်ချို၊ မာစီရယ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ယူနိုက်တက်တို့ ဆောက်သမ်တန်နဲ့ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ အဝေးကွင်း နောက်ဆုံး ၁၄ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိသလို ၂၀၁၆ ခုနှစ် နောက်ပိုင်း ကတည်းက အိမ်ကွင်းရော၊ အဝေးကွင်း မှာပါ မရှုံးသေးတာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲမှာ သရေပွဲ ၇ ပွဲ အထိ ရှိခဲ့တာ ကတော့ သတိထားစရာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး မှာလည်း ၁-၁ ရလဒ်တွေ ထွက်ပေါ်ထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP 1X2 မှာ ဆောက်သမ်တန် အနိုင် အတွက် ၄.၂၀ ဆ၊ မန်ချက်စတာယူနိုက်တက် အနိုင် ဆိုရင် ၁.၇၆ ဆ၊ သရေ အတွက် ကတော့ ၃.၈၀ ဆ ဆိုပြီး ကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ တစ်ခွန်းပဲ ပြောပါရစေ။ ယူနိုက်တက် သေချာပေါက် အနိုင်ရပါလိမ့်မယ်။ နှစ်သင်းစလုံးက ဂိုးသွင်းနိုင်တဲ့ ခြေစွမ်းတွေ ရှိနေကြတော့ အပြန်အလှန် ဂိုးတွေ သွင်းနိုင်ချေ ရှိပေမယ့် မသေချာတဲ့ ထိုးကွက်နဲ့ မစွန့်စားကြဖို့ တိုက်တွန်းချင်ပါတယ်။ ၁.၇၆ ဆ ပဲ ယူပါ။
ခန့်မှန်းရလဒ်
ဆောက်သမ်တန် ၁-၂ မန်ချက်စတာယူနိုက်တက်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.