နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပွဲကြိုသုံးသပ်ချက် | တော့တင်ဟမ်ဟော့စပါး – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် (ပရီးမီးယားလိဂ်)

တော့တင်ဟမ်ဟော့စပါး – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ပရီးမီးယားလိဂ် ပွဲစဉ် (၃) အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ ၀ုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ်တို့ စပါး အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး ဒီပွဲနဲ့ ပတ်သက်တဲ့ ပွဲကြို အချက်အလက်တချို့နဲ့ သုံးသပ်ချက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးကတော့ ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲစလုံး နောက်ကနေ လိုက်ကစားပြီး ၄ မှတ် အထိ ရယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ အဝေးကွင်းပွဲစဉ်မှာ နာကျင် အချိန်ပို နောက်ကျဂိုး သွင်းပြီး သရေ ၁ မှတ် ရအောင် ယူနိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် အန်တိုနီယို ကွန်တီရဲ့ အသင်းက ဘယ်လောက်အထိ စိတ်ဓာတ် ခိုင်မာတယ်။ ဘယ်လောက် အထိ ရုန်းအားကောင်းတယ် ဆိုတာ ပြသနေသလိုပါပဲ။ လူစားဝင် ကစားသမားတွေ ကလည်း ခြေစွမ်းပြနေလို့ စပါးဟာ တော်တော်လေးတော့ ကြောက်စရာ ကောင်းသလို ပြိုင်ဘက်တိုင်း သတိထားရမယ့် အသင်း အဖြစ် သတ်မှတ်ခံထားရတာ မထူးဆန်းပါဘူး။ ဆွန်ဟောင်မင် ဂိုးမရသေးပေမယ့် ဟယ်ရီကိန်း ကတော့ ဂိုးစရသွားလို့ အားတက်နေမှာ သေချာပါတယ်။ ကစားသမားသစ်တွေ ကလည်း အံဝင်လာတာ တွေ့ရပြီး နောက်ခံလူ ရိုမဲယို ပါဝင်နိုင်ဖို့ မသေမချာတာနဲ့ ကွန်တီ ပွဲပယ်ခံထားရလို့ အနီးကပ် မကြီးကြပ်နိုင်တာကြောင့်တော့ အနည်းငယ် စိတ်ပူစရာ ရှိပါတယ်။

ပရီးမီးယား လိဂ်
AFC ဘုန်းမောက်
အာဆင်နယ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

၀ုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ် ကတော့ ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားပါတယ်။ အိမ်ကွင်းမှာ တန်းတက် ဖူလ်ဟမ်ကို ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့သလို အဝေးကွင်း မှာလည်း လိဒ်ကို ရှုံးနိမ့်ထားပါတယ်။ ကစားသမားကောင်း တချို့ ပိုင်ဆိုင်ထားပေမယ့် အသင်းရဲ့ ခြေစွမ်းက အားရစရာ အခြေအနေမှာ ရှိမနေပါဘူး။ တိုက်စစ်ပိုင်းက ဂွန်ဆာလို ဂီဒက်စ် ရောက်လာပေမယ့် ပရီးမီးယားလိဂ်နဲ့ အံဝင်ပြီး ခြေစွမ်းပြနိုင်ဖို့တော့ ရုန်းကန်ရဦးမှာပါ။ ပိုဒန့်စ်၊ နီဗက်စ်၊ နီတိုတို့ ခြေစွမ်း မပြနိုင်ရင် ၀ုဗ်က အဆိပ် မရှိသလိုပါပဲ။ အခု ပွဲမှာ အဓိက ကစားသမားတွေ လူစုံတက်စုံ ပါဝင်နိုင်မှာ ဖြစ်လို့ စပါးကို ဘယ်လောက် အထိ တုန့်ပြန်သွားမလဲ ဆိုတာတော့ စောင့်ကြည့်ရပါမယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

၀ုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ် ကတော့ ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားပါတယ်။
ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲ ကနေ ၁ မှတ်သာ ရထားတဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

တော့တင်ဟမ်ဟော့စပါး – လိုရစ်၊ ဒိုင်ယာ၊ ဆန်းချက်ဇ်၊ ဘန်ဒေးဗီးစ်၊ ပါရီဆစ်၊ ဟွိုက်ဘယက်ဂျ်၊ အီမာဆင်၊ ဘန်တန်ကာ၊ ဆွန်၊ ကူလူဆက်ဗ်စကီး၊ ကိန်း

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – ဆား၊ ကိုလင်းန်စ်၊ ကေးလ်မန်း၊ ဂျွန်နီ၊ အစ်နျူရီ၊ ဒန်ဒွန်ကာ၊ နီးဗက်စ်၊ ဂီဒက်စ်၊ ပိုဒန့်စ်၊ နီတို၊ ဟွမ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပြိုင်ပွဲစုံ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံခဲ့ရာ မှာတော့ တော့တင်ဟမ်ဟော့စပါးက ၂ ပွဲ နိုင်ပြီး ၀ုဗ်က ၁ ပွဲ နိုင်ကာ ၂ ပွဲ သရေကျထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက စပါးကွင်းမှာ ၀ုဗ် အနိုင်ရခဲ့တဲ့ အပြင် စပါး အိမ်ကွင်း နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲ အထိ အနိုင်ရခဲ့တာ ကတော့ ဝုဗ်ရဲ့ ထူးခြားတဲ့ စွမ်းဆောင်မှု ဖြစ်ပါတယ်။ စပါး အိမ်ကွင်းမှာ ကစားတိုင်း ခြေစွမ်းပြတတ်တဲ့ အစဉ်အလာကောင်း တစ်ခုကို ဝုဗ်တို့ ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားလာဦးမှာ သေချာပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာ တော့တင်ဟမ်ဟော့စပါး အနိုင် အတွက် ၁.၄၀ ဆ၊ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် အနိုင် ဆိုရင် ၆.၈၀ ဆ၊ သရေ အတွက် ကတော့ ၄.၈၀ ဆ ဆိုပြီး ကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းအရရော၊ လူစာရင်း အရပါ ဘယ်အသင်း သာနေတယ် ဆိုတာ ရှင်းပြစရာ မလိုပါဘူး။ ကြေးဖွင့်လှစ်မှု ကတော့ တော်တော်လေး ကွာဟနေပြီး စပါး သေချာပေါက် အနိုင်ရမယ်ဆိုတဲ့ ဖွင့်လှစ်မှု မျိုးလို့ ပြောလို့ ရပါတယ်။ သတိထားရမှာက ၀ုလ်ဗ်ရဲ့ တုန့်ပြန်နိုင်စွမ်းပါ။ အာရှကြေး ဖွင့်လှစ်ထားမှု အရ ဆိုရင် ဒီပွဲကို စပါးခဲရာခဲဆစ် ကန်ရမယ်လို့ တွက်ဆထားပုံ ရပါတယ်။ ဂိုးပေါင်း အရတော့ နှစ်သင်းစလုံး ဂိုးသွင်းနိုင်တဲ့ အနေအထား ဖြစ်လို့ ဂိုးပေါ် ကြိုက်ပါတယ်။ စပါးက နှစ်ပွဲစလုံး ဂိုးပေးထားရသလို ၀ုဗ် ကလည်း အဝေးကွင်းမှာ ၂ ဂိုး ပေးထားရပါတယ်။ ဒီရာသီ လူအင်အားနဲ့ ခြေစွမ်းအရ စပါးက အပြတ်အသတ် သာလွန်နေပြီး ခါတိုင်း နှစ်တွေလို ၀ုဗ် ရလဒ်ကောင်းဖို့က မလွယ်လောက်ပါဘူး။ စပါးကိုပဲ ရွေးချယ်ရမှာ ဖြစ်ပြီး နှစ်ကျပ်ကွက် အနေနဲ့ ဆိုရင် ဂိုးပေါ် ၂.၅၀ ကို အဓိက ကစားသင့်ပါတယ်။

ခန့်မှန်းရလဒ်

တော့တင်ဟမ်ဟော့စပါး ၃-၁ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်