နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် နံနက်ခင်း သတင်းများ (၂၇/၇/၂၀၂၂)

SBOTOP ပရိသတ်တွေ အတွက် ဇူလိုင် ၂၇ ရက်နေ့ နံနက်ခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

တေးလီမန့်စ်ကို ပြောင်းလဲ ကြိုးပမ်းလာဖွယ် ရှိနေတဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ဖရန်ကီ ဒီယောင်ကို ခေါ်ယူရေး မျှော်လင့်ချက် နည်းလာတဲ့ အတွက် လက်စတာစီးတီးက ယူရီ တေးလီမန့်စ်ကို ပြောင်းလဲ ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အသက် ၂၅ နှစ် အရွယ် လက်စတာ ကွင်းလယ်လူ အပေါ် ဂန်းနားတွေရဲ့ စိတ်ဝင်စားမှု လျော့ကျလာချိန်မှာ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ ယူနိုက်တက်က တေးလီမန့်စ်ကို ခေါ်ယူရေး အာရုံစိုက်လာဖို့ ရှိနေတယ် ဆိုပြီး သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်တို့ ဖရန်ကီ ဒီယောင်ကို ပေါင် ၇၂ သန်းနဲ့ ခေါ်ယူဖို့ ဘာစီလိုနာနဲ့ သဘောတူညီမှု ရရှိထားခဲ့ပေမယ့် အကြောင်းရင်း မျိုးစုံကြောင့် အခုထိ အပြောင်းအရွှေ့ အထမမြောက်သေးတဲ့ အတွက် တေးလီမန့်စ်ကို ပြောင်းလဲ ပစ်မှတ်ထားလာနိုင်ကြောင်း ဖော်ပြနေကြတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ နွေရာသီ အပြောင်းအရွှေ့ အစောပိုင်းမှာ ကတည်းက ဘယ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူကို စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ခဲ့ပေမယ့် လက်ရှိ အချိန်ထိ တရားဝင် ကမ်းလှမ်းထားခြင်း မရှိသေးပါဘူး။ အကြောင်းရင်း ကတော့ တေးလီမန့်စ်ဟာ မြောက်လန်ဒန် ကလပ်နဲ့ ရုပ်ပိုင်းဆိုင်ရာ အရ အံဝင်နိုင်ချေ ရှိမရှိကို နည်းစနစ် ဒါရိုက်တာ အက်ဒူးနဲ့ နည်းပြ မီခယ် အာတေးတား တို့က သံသယ ရှိနေတာကြောင့် ဖြစ်တယ်လို့ talkSPORT က ဖော်ပြထားပါတယ်။

ဒါ့အပြင် အားတေးတား အနေနဲ့ တေးလီမန့်စ်ကို ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုထားခြင်း မရှိသေးတာကြောင့် ယူနိုက်တက်တို့ သေချာ အာရုံစိုက်ရင် အပြောင်းအရွှေ့ ဖြစ်သွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ အပြောင်းအရွှေ့မှာ‌ ပေါ့ဘာ၊ မာတစ် တို့ကို လက်လွှတ်ထားရပြီး အဲရစ်ခ်ဆင် တစ်ဦးတည်းသာ ပြန်လည် ခေါ်ယူထားနိုင်တာကြောင့် နောက်ထပ် ကွင်းလယ်လူ တစ်ဦး မဖြစ်မနေ အားဖြည့်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

 

ဘေယန်မြူးနစ်ရဲ့ ပစ်မှတ် ချဲလ်ဆီးက ဖြတ်လုမယ်လို့ သတင်းတွေ ထွက်လာပြန်

ဘေယန်မြူးနစ်နဲ့ သတင်းတွေ ထွက်နေတဲ့ စပါး တိုက်စစ်မှူး ဟယ်ရီကိန်း ကိုတော့ ပရီးမီးယားလိဂ် လန်ဒန် မြို့ခံ ပြိုင်ဘက် ချဲလ်ဆီး ကလည်း စိတ်ဝင်စားနေကြောင်း သတင်းဖော်ပြမှုတွေ ရှိလာခဲ့ပြန်ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီ ကတည်းက ဟယ်ရီကိန်းကို စိတ်ဝင်စားနေခဲ့တဲ့ ချဲလ်ဆီး

ဘေယန်မြူးနစ်နဲ့ သတင်းတွေ ထွက်နေတဲ့ စပါး တိုက်စစ်မှူး ဟယ်ရီကိန်း ကိုတော့ ပရီးမီးယားလိဂ် လန်ဒန် မြို့ခံ ပြိုင်ဘက် ချဲလ်ဆီး ကလည်း စိတ်ဝင်စားနေကြောင်း သတင်းဖော်ပြမှုတွေ ရှိလာခဲ့ပြန်ပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ နွေရာသီ ကတည်းက ကိန်းကို စိတ်ဝင်စားနေခဲ့တာ ဖြစ်ပြီး တူချယ်ရဲ့ အသင်းဟာ လက်တလော အထောင်တိုက်စစ်မှူး လိုအပ်နေလို့ ဖြစ်နိုင်ချေ ရှိတဲ့ သတင်းလို့တော့ ပြောလို့ ရပါတယ်။

ရိုမယ်လူ လာကာကူ နေရာမှာ ရာဟင်းမ် စတာလင်ကို ခေါ်ယူ အားဖြည့်ထားပေမယ့် စတာလင်ဟာ တောင်ပံ အားသန် တိုက်စစ် ကစားသမား ဖြစ်သလို တီမိုဗာနာ၊ ကိုင်ဟာဗက်ဇ်၊ ဘက်ရှူဝါရီ တို့ကလည်း ပုံမှန် သွင်းဂိုး ရရှိရေး အာမခံချက် မရှိတာကြောင့် တူချယ်ရဲ့ အသင်းက အထောင်တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဟာ လက်တလော နည်းပြ ကွန်တီ လက်အောက်မှာ ပျော်ရွှင်နေပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်သာ ကျန်ရှိသလို ကလပ် ဘက်ကလည်း သက်တမ်းတိုးဖို့ ကမ်းလှမ်းထားခြင်းတော့ မရှိသေးဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း ကလည်း “ကိန်းကို ခေါ်ယူရေးဟာ အိမ်မက် တစ်ခု ဖြစ်တယ်” လို့ ဘေယန်မြူးနစ် အမှုဆောင် အရာရှိချုပ် အိုလီဗာခန်းက ဝန်ခံ ပြောဆိုခဲ့တာကြောင့် အင်္ဂလန် အသင်း ခေါင်းဆောင်ဟာ ဂျာမန် ထိပ်သီး ကလပ်နဲ့လည်း သတင်းတွေ ထွက်ထားသူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကိန်းရဲ့ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်လို့တော့ ကွန်တီ က သူ့အနေနဲ့ ဘာမှမကြားထားကြောင်း၊ ကိန်းဟာ သူတို့ အသင်းရဲ့ စီမံကိန်း အတွက် အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး အားလုံးဟာ ကောလာဟလ သက်သက်သာ ဖြစ်ကြောင်း ပြောဆိုထားခဲ့ပါတယ်။ ဒါ့အပြင် သူ့ အနေနဲ့ တခြား ကလပ်က ကစားသမား အကြောင်းကို ပြောတာ မကြိုက်ဘူးလို့လည်း ကွန်တီက မာမာထန်ထန် တုန့်ပြန်ထားခဲ့ပါသေးတယ်။

ဘန်ဒက် လီဂါ
ဖရန့်ဖတ်
ဘိုင်ယန်မြူးနစ်
1X2 ဖရန့်ဖတ် @ 5.20
ဘိုင်ယန်မြူးနစ် အာရှ အကျောပေး -1.50 @ 2.14
ဂိုး‌အောက် 3.25 @ 2.11
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။
 

ဖိုဒန်ကို စာချုပ်သစ်ချုပ်ပြီး လစာတိုးပေးတော့မယ့် မန်စီးတီး

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖေးလ် ဖိုဒန်ကို ကာလရှည် စာချုပ်သစ် တစ်ရပ် ချုပ်ဆိုနိုင်တော့မယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟာ မန်စီးတီးမှာ ပျော်ရွှင်နေတဲ့ ကစားသမား ဖြစ်သလို စာချုပ်သက်တမ်း ၂ နှစ်ကျော် ကျန်ရှိနေသေးသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖိုဒန်ကို စာချုပ်သစ် ချုပ်ဆိုရေးနဲ့ လုပ်ခ လစာ တိုးမြှင့်ပေးရေး အတွက် အေးဂျင့် ဖြစ်သူက မန်စီးတီး တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ညှိနှိုင်းထားခဲ့ပြီး အခု နောက်ဆုံး မှာတော့ သဘောတူညီမှု ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် မန်စီးတီးဟာ ဖိုဒန်ကို အနည်းဆုံး ၂၀၂၇ ခုနှစ် အထိ စာချုပ်သစ် ချုပ်သွားဖို့ ရှိသလို တစ်ပတ် လုပ်ခ ပေါင် ၂၀၀၀၀၀ ကျော် အထိ တိုးမြှင့် ပေးသွားဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။ ဖိုဒန်ဟာ လက်တလော မန်စီးတီးမှာ တစ်ပတ် လုပ်ခ ပေါင် ၃၀၀၀၀ နီးပါးသာ ရရှိနေသူလည်း ဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ လောက်က စပြီး ပုံမှန် ပွဲထွက်ခွင့်ရခဲ့တဲ့ ဖိုဒန်ဟာ မန်စီးတီး အတွက် ၁၆၉ ပွဲ ကစားပြီး ၄၅ ဂိုး သွင်းယူပေးထားပါတယ်။ ဖိုဒန်ဟာ တောင်ပံ နှစ်ဖက်စလုံးမှာ သာမက တိုက်စစ်နဲ့ ကွင်းလယ်မှာပါ ကစားနိုင်လို့ လက်ရှိမှာ ဂွာဒီယိုလာ အားထားရတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် ကလပ် ဘက်က စာချုပ်သစ် ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ဖိုဒန် အနေနဲ့ မကြာခင် မန်စီးတီးရဲ့ လုပ်ခလစာ အမြင့်ဆုံး ကစားသမား စာရင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်