တော့တင်ဟမ်ဟော့စပါး – ဘန်လေ
အခုတစ်ပတ် တနင်္ဂနွေနေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၃၇) ရဲ့ စိတ်ဝင်စားစရာ ပွဲကောင်းတွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး တော့တင်ဟမ်ဟော့စပါးနဲ့ ဘန်လေ ပွဲကတော့ ညနေ ၅ နာရီခွဲမှာ စတင် ကစားမှာ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးတို့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အားစိုက်နေရသလို ဘန်လေ ကတော့ တန်းမဆင်းရရေး ဖောင်ဖျက် ကစားနေတဲ့ အသင်း ဖြစ်လို့ ကျိန်းသေပေါက် အကြိတ်အနယ် ရှိတဲ့ ပွဲစဉ် ဖြစ်လာဦးမှာပါ။
ပြီးခဲ့တဲ့ ပွဲမှာ လန်ဒန်မြို့ခံ ပြိုင်ဘက် အာဆင်နယ်ကို ၃ ဂိုးပြတ် အနိုင်ရခဲ့တဲ့ စပါးတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာနဲ့ ၁ မှတ် အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ လက်ကျန် ပွဲစဉ် အနေအထား အရ ဆိုရင် စပါးတို့ အာဆင်နယ်ထက် ပွဲပိုချောင်နေတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အခွင့်ပိုသာနေတာလည်း ဖြစ်ပါတယ်။ ကိုင်တွယ်ခဲ့တဲ့ အသင်းတိုင်းနဲ့ ချန်ပီယံဆု ရခဲ့တဲ့ ကွန်တီ အနေနဲ့ စပါးကို အတတ်နိုင်ဆုံး ချန်ပီယံလိဂ် ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးချင်နေတဲ့ သဘောရှိပြီး ပြီးခဲ့တဲ့ လန်ဒန်ဒါဘီ နိုင်ပွဲကြောင့်လည်း တစ်သင်းလုံး စိတ်ဓာတ်ပိုင်း ဆိုင်ရာ မြင့်တက်နေမှာ သေချာပါတယ်။ တစ်ဖက်မှာ အာဆင်နယ်တို့ ခြေတက်နေတဲ့ နယူးကာဆယ်နဲ့ တွေ့ဆုံနေတာက စပါး အတွက် အခွင့်အရေး တစ်ခု ဖြစ်ပြီး ကွန်တီရဲ့ အသင်းက အမိအရ အသုံးချနိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ တစ်ချက် ရှိတာက အန်တိုနီယို ကွန်တီရဲ့ ဗျူဟာက အသင်းကြီးတွေနဲ့ ဆိုရင် အလုပ် ဖြစ်ပေမယ့် အသင်းငယ်တွေနဲ့ ဆိုရင်တော့ မထင်မှတ်ပဲ ရုန်းကန်ရတတ်တာ ဖြစ်ပါတယ်။ စပါးရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင် ၁၈ ပွဲ ကစားရာမှာ ၁၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၅ ပွဲ ရှုံးထားပြီး လစ်ဗာပူးလ်၊ မန်စီးတီးနဲ့ အာဆင်နယ် တို့ပြီးရင် အိမ်ကွင်း ရလဒ် အကောင်းဆုံး အသင်းလည်း ဖြစ်ပါတယ်။ အခုပွဲ ကိုတော့ ရက်ဂီလောင်း၊ စကစ်ပ်၊ ဒိုဟာတီ၊ တန်ဂန်ဂါ၊ ရိုမဲယို တို့ လွဲချော်ဖို့ ရှိနေပြီး ကွန်တီ အနေနဲ့ အာဆင်နယ်နဲ့ ပွဲက လူစာရင်းကိုပဲ အသုံးပြုဖို့ များနေပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – လိုရစ်၊ ဒိုင်ယာ၊ ဆန်းချက်ဇ်၊ ဒေးဗီးစ်၊ ဟွိုက်ဘယက်ဂျ်၊ ဘန်တန်ကာ၊ ဆက်ဆနွန်၊ ရွိုင်ရယ်၊ ကူလူဆက်ဗ်စကီး၊ ဆွန်ဟောင်မင်၊ ဟယ်ရီကိန်း
ဘန်လေ ကတော့ တောက်လျောက် ရလဒ်တွေ ကောင်းခဲ့သမျှ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စတွန်ဗီလာကို ဂိုးပြတ် ရှုံးပြီး အဆင့် ၁၇ နေရာကို ပြန်ဆင်းခဲ့ရပါတယ်။ လက်ရှိ အဆင့် ရပ်တည်မှုအရ ဘန်လေတို့ အဆင့် ၁၆ နေရာက အဲဗာတန်နဲ့ ၂ မှတ်သာ ကွာဟနေသလို အဆင့် ၁၈ နေရာက လိဒ်စ်နဲ့တော့ ရမှတ်တူ နေပါတယ်။ ဘန်လေတို့ လက်ကျန် ပွဲစဉ် ၃ ပွဲမှာ တော့တင်ဟမ်ဟော့စပါး၊ အက်စတွန်ဗီလာ၊ နယူးကာဆယ် တို့နဲ့ ကစားဖို့ ကျန်နေပြီး တန်းမဆင်းရဖို့ ဆိုရင်တော့ တတ်နိုင်သမျှ ရမှတ် ရှာဖွေနိုင်ဖို့ လိုအပ်နေပါသေးတယ်။ ဗီလာကို ဂိုးပြတ် ရှုံးထားပေမယ့် ဝက်စ်ဟမ်းကို သရေ၊ ဆောက်သမ်တန်၊ ဝုဗ်နဲ့ ဝက်ဖို့ဒ် တို့ကို အနိုင်ယူခဲ့တဲ့ ဘန်လေရဲ့ ခြေစွမ်းက အားရစရာ အခြေအနေမှာ ရှိပြီး အခုပွဲမှာလည်း စပါး ဆီက ရရင်ရသလို အမှတ်ခွဲယူဖို့ ကြိုးစားလာဦးမှာ သေချာပါတယ်။ လက်တလော အသင်းမှာ တိုက်စစ်က ဂျေး ရိုဒရီဂွက်ဇ် အပြင် ဗီဒရာပါ ဒဏ်ရာရသွားခဲ့လို့ ဝက်ဂ်ဟော့စ်နဲ့ ကောနတ်ကို တွဲဖက် ပွဲထုတ်လာဖွယ် ရှိပြီး ဘန်မီး၊ တာကောစကီး တို့ မပါတဲ့ ဗဟိုခံစစ် မှာတော့ ကီဗင် လောင်းနဲ့ ကောလင်းန် တို့ပဲ ပါဝင်လာဖို့ များနေပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း – ပုပ်၊ လောင်း၊ ကောလင်းန်၊ ရောဘတ်၊ တေလာ၊ ကော့ခ်၊ ဘရောင်းဟေးလ်၊ မက်နေးလ်၊ ပိုင်တားစ်၊ ကောနတ်၊ ဝက်ဂ်ဟော့စ်




ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၆ ကြိမ်မှာ စပါးတို့ ၁၀ ကြိမ် အနိုင်ရပြီး ဘန်လေ ကတော့ ၂ ကြိမ်သာ ပြန်လည် အနိုင်ရကာ ၄ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံမှု မှာတော့ စပါးတို့ ဘန်လေကို ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ ပွဲစဉ် မှာတော့ ဘန်လေက စပါးကို တက်ဖ်မောမှာ ဘန်မီးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOPရဲ့ 1X2 မှာ တော့တင်ဟမ်ဟော့စပါး အတွက် ၁.၃၃ ဆ၊ ဘန်လေ အတွက် ၉.၇၅ ဆ၊ သရေ အတွက် ၄.၇၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ဘန်လေရဲ့ တန်းဆင်းဇုန် ရုန်းအားကို သတိထားဖို့ လိုအပ်ပေမယ့် စပါး ကလည်း ချန်ပီယံလိဂ် ဝင်ခွင့် အတွက် မဖြစ်မနေ အားစိုက်ရမှာ ဖြစ်ပါတယ်။ စပါး တကယ်တမ်း ရုန်းရင် လူမစုံတဲ့ ဘန်လေတို့ ဘယ်လိုမှ တောင့်ခံနိုင်ဖို့ မရှိတာကြောင့် ဒီပွဲ မှာတော့ စပါးနဲ့ ဂိုးအနည်းကို သဘောကျပါတယ်။ စပါးတို့ ၂-၀ လောက်နဲ့ပဲ အနိုင်ရသွားဖို့ များတဲ့ ပွဲဖြစ်ပါတယ်။
ခန့်မှန်းရလဒ် (၂-၀)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.