ဘရန့်ဖို့ဒ် – ဝက်စ်ဟမ်း
အခုတစ်ပတ် တနင်္ဂနွေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် (၃၂) ရဲ့ ပွဲကောင်းတွေထဲက ဘရန့်ဖို့ဒ်နဲ့ ဝက်စ်ဟမ်း တို့ရဲ့ လန်ဒန်ဒါဘီ တွေ့ဆုံမှု ကလည်း စိတ်ဝင်စားစရာပါပဲ။ ခရစ္စတီယန် အဲရစ်ခ်ဆင်ရဲ့ တစ်ကျော့ပြန် ခြေစွမ်းပြမှုတွေနဲ့ အတူ ရလဒ်ပိုင်း တောက်လျောက် ပြန်တက်နေတဲ့ ဘရန့်ဖို့ဒ် ပျားတို့ ချန်ပီယံလိဂ် ဝင်ခွင့် တိုက်ပွဲဝင်နေတဲ့ ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ခက်ခဲစေနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ လဆန်းပိုင်းလောက်က စပြီး တောက်လျောက် ရလဒ်တွေ ပြန်ကောင်းနေခဲ့တဲ့ ဘရန့်ဖို့ဒ်တို့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၃ ပွဲ အထိ ပြန်လည် ရှာဖွေထားနိုင်ခဲ့ပါတယ်။ နယူးကာဆယ်နဲ့ လက်စတာစီးတီး တို့ကို ရှုံးနိမ့်ခဲ့ပေမယ့် တန်းဆင်းဇုန်ထဲက ဘန်လေ၊ နော့ဝှစ်ချ်စီးတီး တို့ ဆီက အမှားအယွင်း မရှိ အမှတ်ပြည့်ယူထားပါတယ်။ နောက်ဆုံး ပွဲမှာ ဆိုရင်လည်း ချဲလ်ဆီးကို စတန်းဖို့ဒ် ဘရစ်ချ်မှာ ၁-၄ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူထားခဲ့ပါတယ်။ တန်းဆင်းဇုန်နဲ့ ၆ မှတ် အကွာ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပြီး ဖိအားကင်းနေတယ်လို့ ဆိုနိုင်ပေမယ့် လက်ကျန် ၇ ပွဲမှာ ဝက်စ်ဟမ်း၊ စပါး၊ ယူနိုက်တက်၊ ဆောက်သမ်တန်၊ အဲဗာတန်၊ လိဒ်စ် တို့လို အသင်းတွေနဲ့ ကစားဖို့ ကျန်နေသေးလို့ အပြည့်အဝတော့ စိတ်ချလို့ မရသေးပါဘူး။ လက်ရှိ ခြေစွမ်းပိုင်း အရဆိုရင် အဓိက ကစားသမားတွေ ဒဏ်ရာက ပြန်လည် သက်သာလာခြင်းနဲ့ အတူ ကမ္ဘာ့အဆင့် ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ခ်ဆင် ကလည်း ခြေစွမ်းပြနေသလို ချဲလ်ဆီးကို ဂိုးပြတ် နိုင်ထားတာကြောင့်လည်း အခုပွဲမှာ ဘရန့်ဖို့ဒ် ပျားတွေကို အမြင့်ဆုံး စိတ်ဓာတ်နဲ့ မြင်တွေ့ရနိုင်ပါတယ်။ လက်တလော သောမက်စ် ဖရန့်ခ်ရဲ့ အသင်းက ဂျင်းန်ဗီယာ၊ ဂျော်ရွှာ ဒါဆေးလ်ဗား တို့က လွဲရင် ကျန် အဓိက ကစားသမားတွေ အားလုံး ပွဲထွက် ကစားနိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း – ရာယာ၊ အေယား၊ ဂျန်ဆန်၊ ပင်နော့ခ်၊ ဟင်နရီ၊ နောဂတ်၊ ဂျနဲလ်တ်၊ ရိုအာဆလက်ဗ်၊ အဲရစ်ခ်ဆင်၊ တိုနေး၊ အမ်ဘူအမ်မို

ဝက်စ်ဟမ်း ကတော့ ယူရိုပါလိဂ်မှာ ကွာတားဖိုင်နယ် ရောက်နေလို့ အားစိုက်နေရသလို လာမယ့် ရာသီ ဥရောပဝင်ခွင့် တစ်နေရာ သေချာစေရေး အတွက်လည်း ပရီးမီးယားလိဂ် ကို အတတ်နိုင်ဆုံး အာရုံစိုက်နေတာ တွေ့ရပါတယ်။ လက်တလော အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပေမယ့် အဆင့် ၄ နေရာက စပါးနဲ့ ၃ မှတ်သာ ကွာဟနေတာကြောင့် ဘာမဆို မျှော်လင့်ခွင့် ရှိနေပါသေးတယ်။ ခြေစွမ်းပိုင်း အရ ဆိုရင်တော့ ဒေးမွိုက်စ်ရဲ့ အသင်းက ပြီးခဲ့တဲ့ မတ်လ လဆန်းပိုင်းလောက်မှာ ပြိုင်ပွဲစုံ ၃ ပွဲဆက် ရှုံးပွဲတွေ့ခဲ့ပေမယ့် နောက်ဆုံး ၅ ပွဲမှာတော့ စပါး တစ်သင်းတည်းကို ရှုံးထားပြီး ၃ ပွဲနိုင်၊ ၁ ပွဲသရေကျထားပါတယ်။ လိုင်ယွန်နဲ့ပွဲ မှာလည်း ဝက်စ်ဟမ်းတို့ ပွဲချိန် တော်တော်များများကို တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် ဦးဆောင်ဂိုးလည်း သွင်းနိုင်ခဲ့သလို သရေရအောင်လည်း ကစားနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းရဲ့ အဓိက အားသာချက်က ထိပ်တန်း အဆင့် ကစားသမားတွေ ပိုင်ဆိုင်ထားခြင်း မရှိသလို အရန် အင်အားလည်း မတောင့်တင်းပေမယ့် အသင်းလိုက် စုဖွဲ့မှု ကောင်းကောင်းနဲ့ ပွဲတိုင်းကို အပြည့်အဝ အားစိုက် ကစားတတ်တာ ဖြစ်ပါတယ်။ တစ်ခုရှိတာက ဝက်စ်ဟမ်းတို့ အခုပွဲ ပြီးရင် လိုင်ယွန်နဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ကစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒေးဗစ်မွိုက်စ်ရဲ့ အသင်းက အဓိက ကစားသမားတွေ အားလုံး ပွဲထုတ်လာနိုင်ဖို့ ရှိမရှိ ဆိုတာ မသေချာသေးသလို အပြည့်အဝ အားစိုက်ထုတ်ပါ့မလား ဆိုတာ စဉ်းစားစရာ ရှိပါတယ်။ အခုလာမယ့် ပွဲကိုတော့ လန်ဇီနီနဲ့ အော့ဂ်ဘွန်နာတို့ နှစ်ဦး ကတော့ ဒဏ်ရာပြသနာကြောင့် ကျိန်းသေပေါက် လွဲချော်ဦးမယ်လို့ သိရပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း – ဖေဘီယန်စကီး၊ ဇူးမား၊ ဒေါ်ဆင်၊ ခရက်စ်ဝဲလ်၊ ဂျွန်ဆင်၊ ရိုက်စ်၊ ဆိုရှက်ခ်၊ ဘန်ရားမား၊ ဗလာဆစ်၊ ဘိုဝင်၊ အန်တိုနီယို




ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
အခုနှစ်မှ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့တဲ့ ဘရန့်ဖို့ဒ်တို့ ဝက်စ်ဟမ်းနဲ့ တစ်ကြိမ်သာ ထိပ်တိုက် တွေ့ဆုံထားခဲ့ပြီး အနိုင်ရအောင် ကစားထားခဲ့ပါတယ်။ ဝက်စ်ဟမ်း ရဲ့ လန်ဒန်ကွင်းမှာ အနိုင်ရထားခဲ့တာ ဖြစ်ပြီး ပွဲချိန်ပြည့် အကြိတ်အနယ် ကစားပြီးမှာ ဘရန့်ဖို့ဒ်တို့ ဝစ်ဆာရဲ့ နာကျင်အချိန်ပို သွင်းဂိုးကြောင့် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOPရဲ့ 1X2 မှာ ဘရန့်ဖို့ဒ် အတွက် ၂.၅၆ ဆ၊ ဝက်စ်ဟမ်း အတွက် ၂.၇၁ ဆ၊ သရေ အတွက် ၃.၂၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ ချဲလ်ဆီးကို ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ဘရန့်ဖို့ဒ်ရဲ့ ခြေစွမ်းက တော်တော်လေး အားရစရာ ကောင်းသလို တစ်ယောက်လျော့နဲ့ လိုင်ယွန်ကို သရေကစားခဲ့တဲ့ ဝက်စ်ဟမ်း ရဲ့ အားထုတ်မှု ကလည်း သံသယ ဖြစ်စရာ မရှိပါဘူး။ အနိုင်အရှုံး ခန့်မှန်းရခက်တဲ့ ပွဲဖြစ်ပါတယ်။ ဝက်စ်ဟမ်းတို့ ဒီပွဲပြီးရင် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် တက်ရေး လိုင်ယွန်နဲ့ အဆုံးအဖြတ်ပွဲ ကစားရမှာ ဖြစ်လို့ ဖိအားကင်းကင်းနဲ့ ကစားနိုင်မယ့် ဘရန့်ဖို့ဒ် ဘက်မှာပဲ အရဲစွန့် ရပ်တည်ထားချင်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖို့ ရှိပြီး ဘရန့်ဖိုဒ် အနိုင်နဲ့ သရေ တစ်ခုခုပါပဲ။
ခန့်မှန်းရလဒ် (၂-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.